ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Electric Vehicle (EV) ကားအစိတ်အပိုင်းများထုတ်လုပ်သူအဖြစ် အာဆီယံဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ ထင်ရှားလာ

ဗီယက်နမ် နိုင်ငံသည် Electric Vehicle (EV) ကားအစိတ်အပိုင်းများထုတ်လုပ်ရာတွင် အာဆီယံ ဒေသတွင်း ထင်ရှားသောထုတ်လုပ်သူတစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ မော်တော်ကား ထုတ်လုပ်မှု အကြီးဆုံးကုမ္ပဏီဖြစ်သည့် Vingroup အပါအဝင်၊ ဗီယက်နမ်မှ EV ကားအစိတ်အပိုင်း ထုတ်လုပ်သူများသည် EV Battery၊ Motor Parts၊ Charging Systems စသည့်အဓိကပစ္စည်းများကို ထုတ်လုပ်၍ ထိုင်း၊ မလေးရှားနှင့် စင်္ကာပူ တို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ ဗီယက်နမ် နိုင်ငံသည် ထုတ်လုပ်မှုနှင့်တင်ပို့မှုကို တစ်စိတ်တစ်ပိုင်းစီလုပ်ဆောင်ခြင်းမရှိဘဲ၊ supply chain တစ်ခ ုတည်းဖြင့် စနစ်တကျစီမံခြင်း ကြောင့် ထုတ်ကုန်တင်ပို့ချိန်ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ သည့်အပြင် ထုတ်လုပ်မှုကြာမြင့်ချိန်များကိုလည်း သိသိသာသာ မြှင့်တင်လာနိုင်ခြင်းကြောင့် ASEAN နှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်များ က လက်ခံအသုံးပြုကြခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

မုန့်ထုတ်လုပ်ရေး တင်ပို့စနစ် မုန့်ထုတ်လုပ်မှုများအား ခေတ်မီထုပ်ပိုးမှုပုံစံများဖြင့် အာဆီယံဒေသအတွင်းသို့ တင်ပို့နေသည့် ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံ မှ ထုတ်လုပ်သော မုန့်များအား နည်းပညာအသစ်များအသုံးပြုကာ ခေတ်မီ သော ထုပ်ပိုးမှုပုံစံများဖြင့် ထုတ်လုပ်ကာ အာဆီယံဒေသတစ်ဝှမ်းရှိ အရောင်းဆိုင်များနှင့် တင်ပို့မှုများ တိုးတက်လာနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ ထို့အပြင်၊ E-commerce platform များဖြင့် မုန့် များကို လွယ်ကူစွာ ဝယ်ယူနိုင်ခြင်းတို့ကြောင့် ရောင်းအားမြှင့်တင်မှုကောင်းစွာရရှိနေပြီး၊ ကမ္ဘောဒီးယား၏ ခေတ်မှီ ထုတ်ကုန်စနစ်သည် ဒေသတွင်း ကုန်သွယ်ရေးမြှင့်တင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်လာနေပြီ ဖြစ်ပါတယ်။ အဆိုပါနည်းပညာအသစ်များနှင့် အွန်လိုင်းစျေးကွက်ကြောင့် ကမ္ဘောဒီး ယား ထုတ်ကုန်များသည် အာဆီယံဈေးကွက်ထဲ၌ ယှဉ်ပြိုင်နိုင်မှုအရှိဆုံးဖြစ်လာပြီး နိုင်ငံတကာ သုံးစွဲသူ များဆီတွင်လည်း နာမည်ကြီးလာနေပြီ ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

အာဆီယံဈေးကွက်အတွင်းသို့ ဘီယာစက်မှုလုပ်ငန်းဖြင့် ချဲ့ထွင်ဝင်ရောက်နေသည့် ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်နိုင်ငံသည် ဘီယာစက်မှုလုပ်ငန်းသည် အာဆီယံဈေးကွက်တွင် တိုးတက်မှုမြင့်မားစွာ ချဲ့ထွင် နေကြောင်း သိရှိရပါတယ်။ Sabeco၊ Hanoi Beer ကဲ့သို့သော ဗီယက်နမ်အခြေစိုက် ဘီယာ ကုမ္ပဏီများသည် ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူ စသည့် အာဆီယံနိုင်ငံများသို့ ထုတ်ကုန် သယ်ယူပို့ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်နေသောကြောင့် အဆိုပါ အမှတ်တံဆိပ်အသစ်များကလည်း ဈေးကွက်များတွင် စတင် သုံးစွဲမှုများဆောင်ရွက်နေပြီ ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ပင်လယ်ရေကြောင်းဆိုင်ရာပူးပေါင်းမှုများ ဆောင်ရွက်နေသည့် ဖိလစ်ပိုင် နှင့် တရုတ်

ဖိလစ်ပိုင်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့သည် တောင်တရုတ်ပင်လယ်အတွင်း တည်ရှိသော ပင်လယ် ရေအရင်းအမြစ်များကို တာရှည်ခံစွာ ထိန်းသိမ်းနိုင်ရန်နှင့် ငါးဖမ်းလုပ်ငန်းများအား တိုးတက် ဖွံ့ဖြိုး စေရန်အတွက် ရည်ရွယ်၍ “Sustainable Fisheries Development Project” ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါစီမံကိန်းသည် ပင်လယ်ငါးမျိုးစုံ ရေရှည်တည်တံ့နိုင်ရေးနှင့် ပင်လယ်မှ ထွက်ရှိ လာသော ဓာတ်ငွေ့အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲသည့် နည်းပညာအသစ်များလည်း ထည့် သွင်းထားကြောင်း သိရှိရပါတယ်။ ယင်းညှိနှိုင်းဆောင်ရွက်မှုသည် သဘာဝပတ်ဝန်းကျင်အတွက်လည်း အကျိုး ရှိစေမည်ဟု မျှော်လင့်ထားသကဲ့သို့ ငါးဖမ်းလုပ်ငန်း၏ စီးပွားရေး တည်တံ့မှုနှင့် ဒေသခံငါးဖမ်း သူ များ ၏ အကျိုးစီးပွားများ ပိုမိုကောင်းမွန်လာရန် လည်း ဤစီမံကိန်းက ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

မြန်မာနိုင်ငံသည် ရေနံအစားထိုးထုတ်ကုန်များ တင်ပို့နိုင်ရန် ပြင်ဆင်မှုစတင်

မြန်မာနိုင်ငံသည် သဘာဝနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဦးစားပေးကာ ရေနံအစားထိုးဖြစ်သော Biodiesel နှင့် Bioethanol ထုတ်လုပ်မှုစနစ်များကို အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ မြန်မာ နိုင်ငံအတွင်းရှိ စက်ရုံများ၊ နည်းပညာနှင့် အရင်းအမြစ်များကို တိုးချဲ့ပြီး အာဆီယံ နှင့် တောင်အာရှ အနောက်ပိုင်းနိုင်ငံများသို့ ထုတ်ကုန်များ တင်ပို့ရန် အဆင်သင့်ပြင်ဆင်မှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဆိုပါပြင်ဆင်မှုများသည် မြန်မာနိုင်ငံအတွက် သဘာဝစွမ်းအင် (Green Energy) ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး၏ အခြေခံတည်ဆောက်မှုဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးအရ သဘာဝဓာတ် ငွေ့ထုတ်လွှတ်မှု လျော့နည်းစေရန်နှင့် ရေရှည်စွမ်းအင်လုံခြုံမှု တည်ဆောက်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။ အဆိုပါကဏ္ဍ တိုးတက်မှုကြောင့် နိုင်ငံ၏စီးပွားရေးအခြေအနေ ကောင်းမွန်လာကာ အလုပ်အကိုင် အခွင့်အလမ်းများ ပြည့်စုံလာမည်ဟု မျှော်လင့်နေကြောင်း သတင်းရရှိပါတယ်။ DOCA(ဧရာဝတီ)

စင်္ကာပူနိုင်ငံသည် FinTech ဝန်ဆောင်မှုများအတွက် ဒေသခံဈေးကွက်မြှင့်တင်

စင်္ကာပူနိုင်ငံသည် နည်းပညာအခြေပြု ငွေပေးငွေယူဝန်ဆောင်မှုများဖြစ်သည့် GrabPay, Wise, Nium ကုမ္ပဏီများသည် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယားဒေသများတွင် ဘဏ်မဲ့ပြည်သူများအတွက် လွယ်ကူသည့် ငွေလွှဲခြင်းနှင့် လုပ်ခလစာချေမှုစနစ်များကို ဝန်ဆောင်မှုများပေးနေပါတယ်။ အဆိုပါ ဝန် ဆောင်မှုများကြောင့် ဒေသခံပြည်သူများသည် စမတ်ဖုန်းတစ်လက်ဖြင့် အချိန်တိုအတွင်း ငွေလွှဲခြင်း၊ ငွေ ပေးချေမှုများ ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ ထို့ကြောင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပိုမိုတိုး တက်ကာ ငွေပေးငွေယူမှုပိုင်းတွင် အင်တာနက်နှင့် နည်းပညာအသုံးပြုမှု တိုးတက်မှုရရှိနေ ပြီ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

သဘာဝအရင်းအမြစ်ထုတ်ကုန်များ ဖြန့်ချိမှုဖြင့် အရှေ့အာရှဈေးကွက်သစ်များ ရှာဖွေနေသည့် မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံ သည် သဘာဝအရင်းအမြစ်ထုတ်ကုန်များဖြန့်ချိမှုအား အာဆီယံနှင့် အရှေ့တောင် အာရှဈေးကွက်အသစ်များသို့ တိုးချဲ့နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Palm Oil, Timber, Herbal-based supplements စသည့် ထုတ်ကုန်များကို ဒေသတွင်းနိုင်ငံများနှင့် တခြားအရှေ့အာရှနိုင်ငံများသို့ တင်ပို့မှု များပြားလာနေသကဲ့သို့ အထူးသဖြင့် မလေးရှားကုမ္ပဏီအများစုသည် တရုတ်၊ ဗီယက်နမ် နှင့် မြန်မာ နိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ စီးပွားရေးလုပ်ငန်းအဖွဲ့ချုပ်များ တိုးချဲ့လျက်ရှိနေပြီ ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

မြန်မာထုတ်ကုန်အမှတ်တံဆိပ်များ အာဆီယံဈေးကွက်ထဲ ဝင်ရောက်မှုတိုးတက်

မြန်မာနိုင်ငံမှ ထုတ်လုပ်သူများသည် Coffee၊ Tea၊ လက်မှုပညာ (Handicrafts) တို့ကဲ့သို့သော တန်ဖိုးမြင့်အမှတ်တံဆိပ်များဖြင့် အာဆီယံနှင့် Asia-Pacific ဧရိယာရှိဈေးကွက်များသို့ အောင်မြင်စွာ ဝင်ရောက်နေနိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါထုတ်ကုန်များသည် CLMV နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများအပြင် မလေးရှား၊ သြစတြေးလျနှင့် စင်္ကာပူစသည့် ဖွံ့ဖြိုးပြီးဈေးကွက် များတွင်လည်း တိုးတက်လာသောရောင်းအားဖြင့် ထင်ရှားလာနေပြီ ဖြစ်ပါတယ်။ ထုတ်ကုန်အများစုမှာ သဘာဝနည်းဖြင့် ထုတ်လုပ်ခြင်း၊ ဓာတုကင်းရှင်းမှု၊ လုပ်သားခိုင်မာမှု (fair trade) စသည်တို့ကို အခြေခံထားသည့်အတွက် Eco-conscious ဈေးဝယ်သူများ၊ အနာဂတ်ကို စဉ်းစားသော ဈေးကွက်များတွင် စိတ်ဝင်စားမှုများစွာရရှိနေပါတယ်။ မြန်မာအမှတ်တံဆိပ်များထဲတွင် "Shwe Coffee"၊ "Myanmar Tea Culture" နှင့် "Handmade Mandalay" တို့ကဲ့သို့သော ရိုးရာနှင့် ခေတ်မီပုံစံများပေါင်းစပ်ထားသည့် ထုတ်ကုန်များသည် နိုင်ငံတကာပြပွဲများတွင်ပါဝင်ကာ တင်ပို့အခွင့် အလမ်းများကို တိုးမြှင့်လာနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ DOCA(ဧရာဝတီ)

ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်ရေး ဆက်ဆံရေး အနာဂတ်ကောင်းမွန်

ကမ္ဘောဒီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များ၊ အထည်အလိပ်နှင့် စက်မှု ကုန်ပစ္စည်းများအပါအဝင် အဓိကထုတ်ကုန်အမျိုးအစားများတွင် ကုန်သွယ်ရေးပူးပေါင်းမှု အဆင့်မြင့် လာ သည်ကို တွေ့ရှိရပါတယ်။ အထူးသဖြင့် Belt and Road Initiative (BRI) အောက်တွင် တာဝန်ယူ ဆောင်ရွက်နေသော အဆောက်အအုံ စီမံကိန်းများ၊ ကုန်တင်လမ်းကြောင်းများ တိုးချဲ့မှုနှင့် နည်းပညာအကူအညီများက ကုန်သွယ်မှုစီးဆင်းမှုကို ပိုမိုထိထိရောက်ရောက်ဖြစ်စေနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း၌ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားမှ ငရုတ်သီး၊ မက်မွန်သီး၊ ဆန် စသည့် လယ်ယာ ထွက်ကုန်များကို တင်သွင်းမှုမြှင့်တင်လာခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်မှလည်း တရုတ်သို့ အထည်အလိပ်နှင့် စက်မှုကုန်များ တင်ပို့မှုများ တိုးလာခြင်းကို တွေ့နိုင်ပါတယ်။ လက်ရှိတွင် China-Cambodia Free Trade Agreement (CCFTA) နှင့် Regional Comprehensive Economic Partnership (RCEP) တို့အောက်တွင် အခွန်သက်သာခွင့်များရရှိနေသဖြင့် လုပ်ငန်းရှင်များအတွက် တိုးတက်မှုအခွင့်အလမ်းများ ဖွင့်လှစ်နေနိုင်ပြီ ဖြစ်ပါတယ်။ အနာဂတ်တွင် တရုတ်နှင့် ကမ္ဘောဒီးယားအကြား ကုန်သွယ်ရေးဆက်ဆံရေးသည် ပိုမိုခိုင်မာ လာပြီး ဒေသတွင်း စီးပွားရေးပူးပေါင်းမှုများအတွက် မျှော်မှန်းချက်ကောင်းများရှိနေပြီ ဖြစ်ကြောင်း နိုင်ငံ တကာသတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

အင်ဒိုနီးရှားနိုင်ငံ၏ စက်မှုကုန်ပစ္စည်းများ ဈေးကွက်သို့ဝင်ရောက်မှု မြှင့်တက်

အင်ဒိုနီးရှားနိုင်ငံသည် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ သံမဏိနှင့် အီလက်ထရွနစ်ပစ္စည်းများ တင်ပို့မှုအတွက် အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် အမြင့်ဆုံးယှဉ်ပြိုင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေများအား ပြုပြင်မွမ်းမံလိုက်ကြောင်း သိရှိရပါတယ်။ ထိုပြုပြင်ပြောင်းလဲမှုများကြောင့် တင်သွင်းသူ များအတွက် အခွန်လျော့ပေးမှုများ၊ နည်းပညာတင်သွင်းခွင့်ကင်းလွတ်ချက်များနှင့် စက်မှုဇုန်အတွင်း စီးပွားရေးလုပ်ငန်းများစတင်ရန် ပိုမိုအဆင်ပြေသည့် အခြေအနေများ ပေးအပ်နိုင်ကြောင်းလည်း သိရှိရပါ တယ်။ ထုတ်လုပ်ရေးစွမ်းရည်ပိုမိုတိုးတက်လာပြီး မြန်ဆန်သောထုတ်လုပ်မှုစနစ်များ၊ စက်ကိရိယာများ တိုးတက်မှုနှင့် နည်းပညာအသစ်များကို စီမံခန့်ခွဲခြင်းကြောင့် တောင်အာရှဒေသအတွင်း ထိပ်တန်းစက်မှု ထုတ်လုပ်သူတစ်နိုင်ငံအဖြစ် အင်ဒိုနီးရှားသည် ခိုင်မာစွာရပ်တည်လာနိုင်ခဲ့နေပြီ ဖြစ်ပါကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ