ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Logistic Center များတိုးချဲ့၍ ဒေသတွင်းကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နေတဲ့ စင်္ကာပူနိုင်ငံ

၂၀၂၅ ခုနှစ် အတွင်း၌ Singapore Airport Terminal Services (SATS Ltd.) နှင့် PSA International (Port of Singapore Authority) တို့သည် အရှေ့တောင်အာရှဒေသတွင်းအတွက် အကြီးဆုံး သော Regional Logistics Superhub တည်ဆောက်နေကြကြောင်း သိရှိရပါတယ်။ ကုန်ပစ္စည်းများ စုစည်းပြီး ထပ်မံဖြန့်ချိရာနေရာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်သွယ်မှုအတွက် အဓိကဗဟို အဆောက် အအုံ တစ်ခုဖြစ်သော အဆိုပါ Superhub သည်လေကြောင်း နှင့် ရေကြောင်း နှစ်မျိုးစလုံးကို ချိတ်ဆက်ပေးနိုင်ယုံသာမက B2B (business-to-business) နဲ့ B2C (business-to-consumer) စီးပွားရေးတွင် ထုတ်ကုန် ထောက်ပံ့မှု အလျင်မြန်ဆုံးဖြစ်အောင် စနစ်တကျစီမံထား ကြောင်း လည်း သိရှိရပါတယ်။ အဆိုပါ Superhub တွင် AI နဲ့ IoT စနစ်များ ထည့်သွင်းထားပြီး ကုန်ပစ္စည်းများ အပေါ် တိကျမှုရှိသော စီမံခန့်ခွဲမှု ပြုလုပ်နိုင်ခြင်း နှင့် အချိန်ကုန်သက်သာခြင်းတို့ကြောင့် e-commerce platform များ (e.g. Shopee, Lazada, Amazon) နှင့် B2B ကုမ္ပဏီများအတွက် ထုတ်ကုန် ထောက်ပံ့မှုများ ပိုမိုမြန်ဆန်စွာဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

မြန်မာ-အာဆီယံကုန်သွယ်ရေးတွင် စိုက်ပျိုးထုတ်ကုန်များအတွက် အခွင့်အလမ်းများ ပေါ်ပေါက်

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အခွန်နှုန်းများကို လျှော့ချပြီး တစ်ဈေးဈေးဈေးကွက် တည် ဆောက်ရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့သော AFTA (ASEAN Free Trade Area) စနစ်အောက်တွင် မြန်မာနိုင်ငံသည် မုန်ညင်း၊ မန်ကျီးသီး၊ မြေပဲ၊ ချဉ်ပေါင် နှင့် ပဲမျိုးစုံတို့ကို အခြား သော အာဆီယံ နိုင်ငံ များသို့ တင်ပို့ရာတွင် အခွန်လျှော့ပေါ့ခွင့် နှင့် အခွန်ကင်းလွတ်ခွင့်များ ရှိကြကြောင်းသိရှိရပါတယ်။ ထိုအခွင့် အရေးကို အသုံးချသော ရှမ်းနှင့် မန္တလေးဒေသအခြေခံ စိုက်ပျိုးသမားများအနေဖြင့် တောင်အာရှ ဈေးကွက် သို့ ဒေသထွက်စိုက်ပျိုးကုန်များအား အခွန်သက်သာစွာဖြင့် တင်ပို့နိုင်နေပြီဖြစ်ကြောင်း အာဆီယံ သတင်း များအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များဖော်ဆောင်လိုက်တဲ့ ဗီယက်နမ်နိုင်ငံ

၂၀၂၅ ခုနှစ်အတွင်း၌ ဗီယက်နမ်အစိုးရသည် မြောက်ပိုင်းအဓိကစီးပွားရေးဒေသ (Northern Key Economic Region) ထဲတွင် စက်မှုဇုန်အသစ်(၄)ခု ကို မကြာသေးမီက တရားဝင်ဖွင့်လှစ်လိုက် ကြောင်းသိရှိရပါတယ်။ ဤစက်မှုဇုန်များတွင် နိုင်ငံတကာကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် အားဖြည့် ထားသည့် ဥပဒေ အဆင့်မြင့် အခြေခံအဆောက်အအုံများ၊ အခွန်လျှော့ချမှုအခွင့်အရေးများနှင့် လုပ်ငန်း စဉ်မြန်ဆန်အောင် လုပ်ပေးသည့် "One-Stop Investment Licensing Center" (တစ်နေရာတည်းမှ လိုင်စင်ထုတ်ပေးရေး စနစ်) တို့ပါဝင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ဆီအုန်းထုတ်လုပ်မှုအတွက် ကွန်ယက်အသစ်တစ်ခုအားပူးပေါင်းထူထောင်လိုက်ကြသည့် မလေးရှား နှင့် အင်ဒိုနီးရှား

မလေးရှား နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံသည် ကမ္ဘာအကြီးဆုံး ဆီအုန်း ထုတ်လုပ်သူများ ဖြစ်ပြီး ဆီအုန်းထုတ်လုပ်မှုသည် မကြာသေးမီက သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများ ကြောင့် ပြစ်တင်မှုများခံခဲ့ရပါတယ်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့သည် ပထမဆုံးအကြိမ်အဖြစ် “Sustainable Palm Oil Alliance” ဟုခေါ်သော ပူးပေါင်း ကွန်ယက် အသစ်ကို တည်ထောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ယင်းပူးပေါင်းမှုသည် ဆီအုန်း ထုတ်လုပ်မှုတွင် တာဝန်ယူမှု၊ သဘာဝထိန်းသိမ်းမှုနှင့် လူမှုရေးအကျိုးခံစားမှုကို ဦးစားပေးရန် ရည်ရွယ် သည်ဟု အာဆီယံ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

အာဆီယံဒေသတွင် ငါးဖမ်းလုပ်ငန်းများ၏ စွမ်းဆောင်မှုအရည်အသွေးများအားမြှင့်တင်မှုမှတဆင့် တင်ပို့အလားအလာကောင်းများ ရရှိအောင် ဆောင်ရွက်နေသည့် အာဆီယံ

ကုလသမဂ္ဂအောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း လူသားတို့အတွက် အစာအဟာရ လုံလောက်မှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ငတ်မွတ်မှုတားဆီးရေး များဆောင်ရွက်နေသည့် Food and Agriculture Organization of the United Nations (FAO) နှင့် အာဆီယံနိုင်ငံများအတွင်း ငါးဖမ်းလုပ်ငန်းကို တိုးတက်အောင်မြင်စွာလုပ်ဆောင်မှုများ ဆောင်ရွက်နေသည့် ASEAN Fisheries Improvement Program တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်အတွင်း ငါးဖမ်းလုပ်ငန်းများအတွက် စံသတ်မှတ်ချက်အသစ်များထည့်သွင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါ စံသတ်မှတ်ချက်အသစ် ပြောင်းလဲမှုများကြောင့် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားနိုင်ငံများ၏ ငါးထုတ်ကုန်များကို ဥရောပနှင့် ဗြိတိန် ဈေးကွက်တွင် တင်ပို့ခွင့်တို့ အဆင်ပြေစေခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

လယ်ယာထွက်ကုန်များအား ဥရောပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားအလုပ်အမှုဆောင်ဝန်ကြီးဌာနသည် ၂၀၂၅ မေလတွင် အီတလီ၊ ဂျာမနီနှင့် ပိုလန် နိုင်ငံများ နှင့် လယ်ထွန်းထုတ်ကုန်တင်ပို့မှုအတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစနစ်မှာ သဘာဝစိုက်ပျိုးနည်းများနှင့် အဆင့်မြင့် စီမံခန့်ခွဲမှု များကြောင့် ကမ္ဘောဒီးယားဒေသထွက်ထုတ်ကုန်များမှာ "Organic Label" ဖြင့် ဥရောပ ဈေးကွက် သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ဒစ်ဂျစ်တယ်ကုန်သွယ်ရေးစနစ်အသစ်ဖြင့် E-commerce စီးပွားရေးတိုးတက်မှုရရှိလာတဲ့ စင်္ကာပူ

စင်္ကာပူအစိုးရသည် ၂၀၂၅ ခုနှစ်အတွင်း E-commerce ကုမ္ပဏီများအတွက် အဆင့်မြင့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးစနစ်အသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါစနစ်သည် ဒေတာ လွှဲပြောင်းမှု မြန်ဆန်မှုရှိစေရန်အတွက် နှင့် ငွေပေးချေမှုကိစ္စရပ်များ တိကျမှုများရရှိစေရန်အတွက် blockchain နည်းပညာအသုံးပြုထားကြောင်းသိရှိရပါတယ်။ Amazon နှင့် Shopee တို့မှာလည်း အဆိုပါ စနစ်အသစ်ကို စမ်းသပ်အသုံးပြုခြင်းဖြင့် စီးပွားရေးတိုးတက်မှုများရရှိနေကြောင်း သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ပြည်တွင်းရှိ SME လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအခွင့်အလမ်းများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ အစိုးရသည် EXIM ဘဏ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (BOI) တို့၏ ပူးပေါင်း ကူညီမှုဖြင့် SME လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းများ တိုးချဲ့ရန် “Thai SME Go Global” အစီအစဉ်အသစ်ကို ၂၀၂၄ ခုနှစ်အစောပိုင်းတွင် စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် တွင် အောင် မြင်မှု အခြေအနေတစ်ခုရောက်အောင် ဆောင်ရွက်နိုင်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ထိုင်းနိုင်ငံ အတွင်း ရှိ SME လုပ်ငန်းများ အနေဖြင့် တောင်အာရှနှင့် အနောက်တိုင်းဈေးကွက်များအတွင်းသို့ ပိုမိုဝင် ရောက်နိုင် ခြင်းနှင့် နည်းပညာအသစ်များသုံးစွဲနိုင်ခြင်းတို့ သည် အဆိုပါ အစီအစဉ်၏ အောင်မြင်မှု တစ်ရပ် ဖြစ် ကြောင်း အာဆီယံသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

အာဆီယံ–တရုတ် ကုန်သွယ်ရေးကွန်ယက်များ ပိုမိုတိုးတက်လာ

"အရှေ့တောင်အာရှနှင့် အာရှပစိဖိတ်ဒေသအတွက် ကမ္ဘာအကြီးဆုံး အခွန်လျော့ချ ကုန်သွယ်ရေး သဘောတူညီချက်" ဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) သဘော တူညီချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုများကြောင့် အာဆီယံနှင့် တရုတ်နိုင်ငံ တို့အကြား ကုန်သွယ်ရေးကွန်ယက်အသစ်များ တိုးချဲ့နိုင်ခဲ့ပြီး သဘာဝဓာတ်အား၊ လျှပ်စစ်စနစ်နှင့် AI နည်းပညာ အသုံးပြုမှုများအပေါ် ပူးပေါင်းဆောင်ရွက်မှု များပြားလာခဲ့ကြောင်း သိရှိရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၈% တိုးတက်လာခဲ့သည့်အတွက် ယခုကဲ့သို့ ကုန်သွယ်ရေးကွန်ယက်များ တိုးတက်လာခဲ့ခြင်းသည် အာဆီယံနိုင်င့များ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် များစွာအထောက်အကူပြုကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ဆန်နှင့် စပါး ထုတ်ကုန်တင်ပို့မှုအတွက် အရှေ့တောင်အာရှတွင် ဈေးကွက်အသစ်များ ဖွင့်လှစ်ဆောင်ရွက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်နှင့်စပါးထုတ်ကုန်များအတွက် အရှေ့တောင်အာရှ၌ ဈေးကွက်အသစ်များကို ဖွင့်လှစ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာ တို့သို့ ပိုမိုအာရုံစိုက် အလေးထားကာ ဈေးကွက်သစ်များချဲ့ထွင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ ဈေးကွက်အသစ်ချဲ့ထွင်မှုများကြောင့် ထိုနယ်ပယ်များတွင် အများပြည်သူအတွက် ပိုမိုလုံခြုံသော စားနပ်ရိက္ခာသိုလှောင်မှုစနစ်များနှင့် ပံ့ပိုးမှုများတိုးတက်လာပြီး အင်ဒိုနီးရှား ၏ စပါးနှင့် ဆန်တင်ပို့မှု ကဏ္ဍများကို များစွာတိုးတက်မှုများ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ