ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တူရကီနှင့် အိုမန်တို့သည် ဒေါ်လာ ၅ ဘီလီယံ ကုန်သွယ်မှု ပမာဏရှိလာစေရန် ပစ်မှတ်ထား ဆောင်ရွက်လျက်ရှိ

 တူရကီနိုင်ငံသည် အိုမန်နှင့် ၎င်း၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ၂၈.၁၁.၂၀၂၄ ရက်နေ့(ကြာသပတေးနေ့) က ပြောကြားခဲ့သည်။ Ankara ၌ Omani Sultan Haithan Bin Tariq AI Said အလည်အပတ်ရောက်ရှိစဉ် ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် Erdogan က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တူရကီသမ္မတ မှ အိုမန်နိုင်ငံနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်မှစတင်၍ အိုမန်နိုင်ငံမှ ဓါတ်ငွေ့ရည်များ ထောက်ပံ့မှုစတင်ခြင်းဖြင့် နှစ်နိုင်ငံစွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု ခေတ်သစ်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တူရကီနှင့် စာချုပ်ချုပ်ထားသော ကုမ္ပဏီများသည် ယခုအချိန်အထိ အိုမန်တွင် ၇ ဘီလီယံတန်ဖိုးရှိ ပရောဂျက်များပြီးစီးနေပြီဟု Erdogan က ဆက်လက်ပြောကြားခဲ့သည်။ တူရကီသို့ အလည်အပတ်ရောက်ရှိနေသော ပထမဆုံး Omani နိုင်ငံအကြီးအကဲ Haitham က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် နှစ်နိုင်ငံလက်တွဲလုပ်ဆောင်သင့်ကြောင်း၊ အိုမန်နိုင်ငံနှင့်ပတ်သက်သော နိုင်ငံတကာ ကိစ္စရပ်များအတွက် တူရကီ၏ရပ်တည်မှုနှင့် ရပ်တည်ချက်ကို အိုမန်မှ ထောက်ခံကြောင်းပြောကြား ခဲ့သည်။ Haitham ၏ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု စိုက်ပျိုးရေး၊ ကျန်းမာရေး၊ အလုပ်သမား၊ ယဉ်ကျေးမှု၊ သံခင်းတပန်ခင်း၊ ဗဟိုဘဏ်များနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အဓိကကဏ္ဍများပါဝင်သော သဘောတူညီချက် (၁၀)ချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

                            

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးအမေရိကန်သို့သွားရောက်လည်ပတ်မည်

             ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan သည်ထိုင်းနိုင်ငံက အမေရိကန်ကိုကုန်သွယ်ရေးပိုငွေပြမှုနှင့်ပတ်သတ်၍ စိုးရိမ်မှုများကိုဖြေရှင်းရန် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီလတွင်သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်းသိရပါသည်။၂၅.၁၁.၂၀၂၄ ရက် နေ့က Amazon၊ Apple၊ Boeing၊ Citi၊ Google၊ Mastercard၊ Seagate အစရှိသည့်လူသိများသည့်လုပ်ငန်းများပါဝင်သည့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှ အဖွဲ့ဝင် ၅၀ မှကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် Mr Pichai က အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့ရန် ဆက်လက်စိတ်ဝင်စားနေကြောင်းပြောကြားခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူများအား ထိုင်းနိုင်ငံ၏အမေရိကန်နိုင်ငံအပေါ် ကုန်သွယ်ရေးပိုငွေပြမှုသည် အမေရိကန်ကုမ္ပဏီများက ထိုင်းနိုင်ငံတွင်ရင်းနှီးမြှုပ်နှံပြီး အမေရိကန်သို့ကုန်ပစ္စည်းများတင်ပို့ခြင်းကြောင့်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံအပေါ်သွင်းကုန်အခွန်တိုးမြှင့်ခြင်းမပြုရန် ရွေးကောက်ခံ အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်အားအကြောင်းကြားပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးသည် ဖေဖော်ဝါရီလတွင်အမေရိကန်သို့သွားရောက်ပြီး အမေရိကန်နိုင်ငံတော်အတွင်း ရေးမှူးသစ်နှင့် ဖြစ်နိုင်ပါက အမေရိကန်သမ္မတနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းသိရပါသည်။ ဆွေးနွေးမှုများသည် ထိုင်းနိုင်ငံ၏ အမေရိကန်နှင့်အားကောင်းသောသံတမန် ဆက်ဆံရေးနှင့် အမေရိကန်ကုမ္မဏီများ ထိုင်းနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် အားကောင်းသော အလားအလာအပေါ်အဓိကထားမည်ဟုသိရပါသည်။ ထို့ပြင်ထိုင်းနိုင်ငံသည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအား အခြားနိုင်ငံများနှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများမြန်ဆန်စေရန် တိုက်တွန်းခဲ့ကြောင်းသိရပါသည်။ Mr Pichai က ထိုင်းနိုင်ငံသည် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်းနှင့် ဆွေးနွေးမှုများကိုအပြီးသတ်နိုင်ရန်ရည်ရွယ်ထားကြောင်း အမေရိကန်ကိုအကြောင်းကြားခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ဝန်ကြီးက ထိုင်းနိုင်ငံအပေါ်မူပိုင်ခွင့်ကာကွယ်ရေးနှင့်ပတ်သတ်၍ အမေရိကန်၏စောင့်ကြည့်စာရင်းတွင် ပါဝင်နေမှုအပေါ်ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် Generalised system of preferences(GSP) အထူးအခွင့်အရေးကိုလည်း နိုင်ငံအတွက် ပြန်လည်သက်တမ်းတိုးပေးရန် အမေရိကန်ကိုတောင်းဆိုခဲ့ကြောင်းသိရပါသည်။ ထို GSP အထူး အခွင့်အရေးသည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် အကောက်ခွန် အခွင့်အရေးရရှိစေပြီး ၂၀၂၀ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Bangkok Post

 DOCA(ရန်ကုန်)       

ခရီးသွားကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ရန်ယူအေအီးနိုင်ငံအားအင်ဒိုနီးရှား ဖိတ်ခေါ်

             အင်ဒိုနီးရှားနိုင်ငံခရီးသွားလာရေးဝန်ကြီးဖြစ်သူ Widiyanti Putri Wardhana ကနိုင်ငံ၏ခရီသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ယူအေအီးတွင်ရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်ခဲ့ကြောင်းသိရပါသည်။ယူအေအီးနိုင်ငံစီးပွားရေးဝန်ကြီးဖြစ်သူAbdulla Bin Touq Al Marri နှင့်အဘူဒါဘီမြို့တွင်တွေ့ဆုံစဉ် Wardhana က အင်ဒိုနီးရှားနိုင်ငံသို့ ယူအေအီးခရီးသွား များ လာရောက်လည်ပတ်ရန် ကြီးမားသည့်အလားအလာကိုမြင်တွေ့ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ခရီးသွားကဏ္ဍ၌ ယူအေအီး၏ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာပီး ၂၀၂၂ ကထက် ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်းပြောကြားခဲ့ပါသည်။ ထိပ်တန်းရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှာ စားသောက်ဆိုင်များ၊ ခရီးသွားဝန်ဆောင်လုပ်ငန်းများနှင့် ကြယ်ပွင့်အဆင့်ရှိဟိုတယ်များတွင် ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်တွင်လည်း အင်ဒိုနီးရှားတွင် ယူအေအီး၏ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁.၈ သန်းတန်ဖိုး ရှိကြောင်းသိရပါသည်။ ထိုအလည်အပတ်ခရီးစဉ်အတွင်း Wardhana ကအင်ဒိုနီးရှားရှိ ခရီးသွားနေရာအချို့ကိုကြေညာခဲ့ကြောင်းသိရပါသည်။ Wardhana က အနာဂတ်တွင် နှစ်နိုင်ငံအကြားခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းမည်ဟု ယုံကြည်ကြောင်း၊ ခရီးသွားကဏ္ဍသည် နိုင်ငံစီးပွားရေးတွင် ထိပ်ဆုံးကဏ္ဍ၌ပါဝင်နေကြောင်း၊ ၂၀၂၃ အမျိုးသားရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်တွင်လည်း အဓိကနေရာကပါဝင်ခဲ့ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှား၏ ထိပ်တန်းဦးစားပေး လည်ပတ်ရာငါးနေရာနှင့် ခရီးသွားအထူးစီးပွားရေးဇုန် ၁၀ ခုတွင်ရင်းနှီးမြှုပ်နှံရန် တုံ့ဆိုင်းမနေသင့်ကြောင်းပြောကြားခဲ့သိဟုသိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)        

ထိုင်းနိုင်ငံတွင်တရုတ်လုပ်ငန်းများဘတ် ၉၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံနိုင်

              အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရမ့်၏ တရုတ်ပို့ကုန်များအပေါ်မြင့်မားသော အကောက်ခွန်များချမှတ်နိုင်ချေရှိမှုအပေါ် ပူပန်မှုများမြင့်တက်လာကြသောကြောင့် တရုတ် လုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ဘတ် ၉၀ ဘီလီယံ တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုသစ်များပြုလုပ်နိုင်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ကပြောကြားခဲ့ပါသည်။ ၎င်းတို့သည် လျှပ်စစ်မော်တော်ယာဉ်များအတွက် ဘတ်ထရီထုတ်လုပ်ခြင်း၊ အချက်အလက်စင်တာများအတွက် ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေသော ထုတ်ပိုးပစ္စည်းများထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြောင်းသိရပါသည်။ BOI ၏ အတွင်း ရေးမှူးချုပ်ဖြစ်သူ Narit Therdsteerasukdi က ယခုသည်နည်းပညာ မြင့်လုပ်ငန်းများတွင် ကုမ္ပဏီများထံမှ ကြီးမားသောရင်းနှီးမြှုပ်နှံမှုများကို ဆွဲစောင်နိုင်ရေးအတွက် အရေးကြီးသောအချိန်ဖြစ်ကြောင်းနှင့် ဘက်ထရီများနှင့် နည်းပညာမြင့် အီလတ်ထရောနစ်အစိတ်အပိုင်းများသည် များစွာသောလုပ်ငန်းနယ်ပယ်များတွင် လိုအပ်သောကြောင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများသည် ထိုင်းစက်မှုလုပ်ငန်းကိုတိုးတက်ရေးကို ဦးဆောင်စေနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Mr Narit သည် ထိုအကြောင်းကို ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ Pichai Chunhavajira နှင့် BOI တာဝန်ရှိသူများက တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကိုနိုဝင်ဘာ၁၉ မှ ၂၂ ရက်နေ့ အထိ သွားရောက်ခဲ့သည့်ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုအချိန်က အနည်းဆုံး ကုမ္ပဏီ ၆ ခုသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးဘတ် ၉၀ ဘီလီယံခန့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်းသိရပါသည်။ ထိုထဲမှ ၂ ခုသည် လျှပ်စစ်မော်တော်ယာဉ်များအတွက် ဘက်ထရီဆဲလ်ထုတ်လုပ်ခြင်း၊ စွမ်းအင်သိုလှောင်မှုနှင့်  သန့်စင်သောစွမ်းအင်စက်မှုလုပ်ငန်းတွင် စိတ်ဝင်စားကြကြောင်းသိရပါသည်။ ကုမ္ပဏီ ၃ ခုသည် အချက်အလက်စင်တာနှင့် ဆက်သွယ်ရေးအတွက်လိုအပ်သော ကွန်ပြူတာချပ်စ်နှင့် အခြား လိုအပ်သောပစ္စည်းများကို ထုတ်လုပ်ခြင်းနှင့် ဒီဇိုင်းဆွဲခြင်းတို့တွင် အဓိကရည်ရွယ်ထားကြောင်း သိရပါသည်။ ၎င်းတို့သည် ၎င်းတို့၏ထုတ်ကုန်များတင်ပို့ရာတွင် ထိုင်းနိုင်ငံကိုအခြေစိုက်နေရာ အဖြစ်အသုံးပြုလိုသည်ဟုသိရပါသည်။ ထိုကုမ္ပဏီသုံးခု၏ရင်းနှီးမြှုပ်နှံမှုသည် အင်ဂျင်နီယာများအား အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံ၏ AI နည်းပညာဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ကူညီပေးနိုင်ကြောင်း Mr Narit ကပြောကြားခဲ့ပါသည်။ အခြားကုမ္ပဏီတစ်ခုသည် အစားအစာထုတ်ကုန်များအတွက် သဘာဝပတ်ဝန်းကျင်သဟဇာတဖြစ်စေသော ထုတ်ပိုးပစ္စည်းထုတ်လုပ်ရန်Bagasse များကိုကုန်ကြမ်းအဖြစ်အသုံးပြုမည့် ဇီဝထုတ်ပိုးပစ္စည်းစက်ရုံကို တည်ထောင်ရန်ရည်ရွယ်ထားကြောင်းသိရပါသည်။ ထိုစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအားတန်ဖိုးမြင့်ထုတ်ကုန်ဖြစ်လာစေမည်ဟု သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

အိန္ဒိယသည် သီရိလင်္ကာအပါအဝင် နိုင်ငံအများအပြားမှ အစားအစာတင်သွင်းမှုကိုပယ်ချခဲ့

      အိန္ဒိယနိုင်ငံသည် တရုတ်၊ ဂျပန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီတို့ နိုင်ငံများမှ ပန်းသီး၊ အခွံမာသီး၊ အရက်ယာမကာနှင့် ဆူရှီကဲ့သို့သော ကုန်ပစ္စည်းများ တင်သွင်းမှုကို ပယ်ချခဲ့ပြီး စံချိန်မမှီသော စားသောက်ကုန်တင်သွင်းမှုများကို တင်းကျပ်စွာ အရေးယူခဲ့သည်။ ထိုထုတ်ကုန်များမှာ India Food Safety and Standard Authority of India (FSSAI) မှ သတ်မှတ်ထားသော အရည်အသွေးနှင့် ဘေးကင်းရေးစံနှုန်းများနှင့် မကိုက်ညီကြောင်း သိရသည်။ FSSAI သည် အိန္ဒိယ၏ ထိပ်တန်းအစားအစာထိန်းညှိသူဖြစ်ပြီး ၎င်း၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အားအသောက် တင်သွင်းမှုငြင်းပယ်ခြင်းသတိ (FIRA) ပေါ်တယ်မှ အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်အစားအသောက် ဘေးကင်းရေးနှင့် စံချိန်စံညွှန်းများ (သွင်းကုန်) စည်မျဉ်းဥပ‌ဒေ ၁၁(၇) အရ FSSAI သည် အစားအသောက်သတိပေးချက် အကြောင်းကြားချက်များ ကို ထုတ်ပြန်ရန်အခွင့်အာဏာရှိသည်။ ဥပမာအားဖြင့် သီရိလင်္ကာမှ ကွမ်းသီးစေ့များတွင် မှိုနှင့် အခြားချို့ယွင်းချက်များ မျက်မြင်တွေ့ရှိခဲ့ရသောကြောင့် ပယ်ချခဲ့သည်။ Rooibos ပါဝင်ပစ္စည်းအား အိန္ဒိယတွင် လက်မခံသောကြောင့် ဂျပန်မှ တင်သွင်းသော ကျန်းမာရေးဖြည့်စွက်စာဟု တံဆိပ်တပ်ထားသော လက်ဖက်ခြောက်အိတ်များသည်လည်း အစစ်ဆေးခံရလျက်ရှိသည်။ တူရကီမှ လတ်ဆက်သော အနီရောင်ပန်းသီးများသည် ၎င်းတို့၏ သက်တမ်းတိုးတောင်းမှုကြောင့် ဇူလိုင်လတွင် တင်သွင်းမှုကျဆင်းသွားပြီး တရုတ်နိုင်ငံမှ Budweiser ၏အရက်မဟုတ်သော ဘီယာ (Green apple) သည် လက်မခံနိုင်လောက်စရာ PH Level တွင် ရှိနေသောကြောင့် မေလတွင် ငြင်းပယ်ခံခဲ့ရသည်။ တရုတ်ဆူရှိနိုရီ (ပင်လယ်ရေမှော်)သည် လေးလံသော သတ္တုများနှင့် အာဆင်းနစ်များ ပါဝင်သောပါဝင်သောကြောင့် ပိတ်ဆို့ခဲ့သည်။ အိန္ဒိယသို့ တင်သွင်းသော ကုန်ပစ္စည်းများသည် စာရွက်စာတမ်းစစ်ဆေးခြင်း၊ မျက်မြင်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲခန်းစစ်ဆေးခြင်းတို့ အပါအဝင် အတည်ပြုစစ်ဆေးမှု သုံးဆင့်ကို ဖြတ်သန်းရမည်ဖြစ်ကြောင်းသိရသည်။ ဘေးကင်းမှု အန္တရာယ်များ (ဥပမာ- ပိုးသတ်ဆေးများ၊ လေးလံသော သတ္တုများ)၊ အရည်အသွေးပြည့်ဝမှုများ (ဥပမာ- အစိုဓါတ်၊ အဆီပါဝင်မှု)၊ မသင့်လျော်သော တံဆိပ်ကပ်ခြင်း သို့မဟုတ် စာရွက်စာတမ်း မပြည့်စုံမှုစသည့် အကြောင်းအရင်းများကြောင့် ထုတ်ကုန်များကို မကြာခဏငြင်းပယ်ခဲ့ရခြင်းဖြစ်သည်။ FSSAI ၏ ဆောင်ရွက်ချက်များသည် အများသူငှာကျန်မာရေးကို ကာကွယ်ပေးရန် ၎င်း၏ ကတိကဝတ်ကို ထင်ဟပ်နေပြီး အရည်အသွေးမြင့်စားသောက်ကုန်များသာ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာစေ ရန် အာမခံလျက်ရှိကြောင်း သိရသည်။

Source : addaderna

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်ဘူဂေးရီးယားတို့ကုန်သွယ်မှုပမာဏမြှင့်တင်မည်

            ဘူဂေးရီးယားသမ္မတ Rumen Radev ၏ ဗီယက်နမ်နိုင်ငံအလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် လမ်းကြောင်းများ ရှာဖွေသွားမည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Nguyen Hong Dien က ၁၉၅၀ ခုနှစ်တွင် ဘူဂေးရီးယားသည် ကမ္ဘာပေါ်တွင်ဗီယက်နမ်နိုင်ငံကို အသိအမှတ်ပြုသည့် ပထမဆုံးဆယ်နိုင်ငံထဲတွင်ပါဝင်ပြီး သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါဗီယက်နမ်နိုင်ငံသည် နှစ်စဉ်အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကျော်ဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံလေးဆယ်ထဲတွင်ပါဝင်နေကြောင်းသိရပါသည်။ ထိုစီးပွားရေးအင်အားသည် ဗီယက်နမ်နိုင်ငံအား အကြီးမားဆုံးနိုင်ငံတကာကုန်သွယ်သည့် ထိပ်ဆုံးနိုင်ငံ ၂၀ နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်သည့်ထိပ်ဆုံး ၁၅ နိုင်ငံတွင် ပါဝင်စေခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ များစွာသော လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များတွင် ပါဝင်မှုကြောင့် ဘူဂေး ရီးယားလုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံမှတစ်ဆင့် အာဆီယံဈေးကွက်နှင့် အခြား နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်ကြောင်းသိရပါသည်။ လတ်တလောတွင်လည်း ဗီယက်နမ်လုပ်ငန်းများသည် ဥရောပနှင့်အမေရိကနိုင်ငံများပါဝင်သည့် ပြည်ပတွင် သတင်း အချက်အလက်နည်းပညာ၊ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ နို့ထွက်ပစ္စည်းနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပြုပြင်ထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုစတင်လျှက်ရှိကြောင်း သိရပါသည်။ Dien က ဘူဂေးရီးယားအစိုးရအနေဖြင့် အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘူဂေးရီးယားအစိုးရအနေဖြင့် ဗီယက်နမ်လုပ်ငန်းများ ဘူဂေးရီးယားဈေးကွက်သို့ဝင်ရောက် ရာတွင် ပံ့ပိုးပေးရန် မျှော်လင့်ကြောင်းနှင့် အကယ်၍ဘူဂေးရီးယားလုပ်ငန်းများ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံရန်စဉ်းစားပါက ၎င်းတို့အနေဖြင့် ဆန်းသစ်တီထွင်မှု၊ သိပ္ပံနည်းပညာ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့်  အစိမ်းရောင်အသွင်ကူးပြောင်းရေးတို့တွင် အဓိကထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များ အရ ယခုနှစ်ပထမ ဆယ်လတာကာလတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၉.၂ သန်းရှိပြီး ၂၀၂၃ တူညီသည့်ကာလထက် ၃၀.၃ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်းသိရပါသည်။ ချည်မျှင်၊ ကော်ဖီစေ့၊ ရာဘာ၊ ဆန်၊ သီဟိုဠ်စေ့၊ အဝတ်အထည်၊ လက်ကိုင်အိတ်များ၊ သားရေနှင့် အားကစားစီးဖိနပ်များ၊ ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ရုံးသုံပရိဘောဂ၊ အိမ်သုံးပလတ်စတစ်ထုတ်ကုန်များနှင့် ဆေးရွက် ကြီးကုန်ကြမ်းတို့အစရှိသည့် အဓိကပို့ကုန်များ၏ မောင်းနှင်အားကြောင့် ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၀၅.၃ သန်း ရရှိခဲ့ကြောင်းသိရပါသည်။ ထိုအဟုန် ကိုဆက်လက်ထိမ်းသိန်းရန် ဝန်ကြီးဌာနသည် ဗီယက်နမ် လုပ်ငန်းများအား ဘူဂေးရီးယား ဈေးကွက်တက်ကြွစွာရှာဖွေရန်၊ မိတ်ဖက်များရှာဖွေရန်နှင့် ၎င်းတို့၏ထုတ်ကုန်များကို ကြေညာခြင်းမြှင့်တင်ရန် တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)        

BCPG သည် ဗီယက်နမ် လေရဟတ်ခြံ ၂ ခုတွင် ရှယ်ယာ ဘတ် ၄.၅ ဘီလီယံ

                စွမ်းအင်လုပ်ငန်းစု Bangchok Corporation Plc ၏ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် ဓါတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် BCPG Plc သည် ဗီယက်နမ်နိုင်ငံရှိ လေအား လျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်ခြံနှစ်ခုတွင် ဘတ်ငွေ ၄.၅ ဘီလီယံ တန်ဖိုးရှယ်ယာများကို ဝယ်ယူခြင်းဖြင့် အရှေ့တောင်အာရှတွင် ၎င်း၏လုပ်ငန်းကို တိုးချဲ့လျက်ရှိသည်။ ဗီယက်နမ် အလယ်ပိုင်း Gai Lai ခရိုင်တွင်ရှိသော လေအားလျှပ်စစ်စီမံကိန်းနှစ်ခုစလုံးသည် လာအိုနိုင်ငံရှိ လေအားလျှပ်စစ်စက်ရုံတစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီးနောက် ကုမ္ပဏီမှဝယ်ယူထားသော ဒုတိယမြောက်ပိုင်ဆိုင်မှုကိုကိုယ်စားပြုသည်။ ကုမ္မဏီသည် မကြာသေးမီက အစုရှယ်ယာဝယ်ယူမှု သဘောတူညီချက်တစ်ရပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး ပေါင်းစပ်လျှပ်စစ်ဓါတ် အား ၉၉ မဂ္ဂါဝပ်ဖြင့် လေအားလျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် စက်ရုံနှစ်ရုံတွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့သည်။ အစုရှယ်ယာဝယ်ယူမှု အရောင်းအဝယ်သည် ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွင်း အပြီးသတ်ရန်မျှော်လင့်ထားကြောင်းသိရသည်။ အဆိုပါ လေအားလျှပ်စစ်စက်ရုံနှစ်ရုံမှာ Che Bien Tay Nguyen လေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်း (၄၉.၅ မဂ္ဂါဝပ်) နှင့် Phat Trieh Mien Nui လေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံစီမံကန်း (၄၉.၅ မဂ္ဂါဝပ်)တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် BCPG သည် မုတ်သုံလေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံအတွက် ထုတ်လုပ်မှုနှင့် လည်ပတ်ခွင့် လိုင်စင်များရရှိခဲ့သည်။ လာအိုနှင့် BCPG အစိုးရတို့ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ Seong နှင့် Attapeu ပြည်နယ်များတွင် ၆၄၀၀ ဟတ်တာကျယ်ဝန်းသည့် ဧရိယာတွင် မုတ်သုံရာသီကို ဖော်ဆောင်လျက်ရှိသည်။ လာအိုအစိုးရမှ လေရဟတ်ခြံလည်ပတ်မှုအတွက် ၂၅ နှစ်လိုက်လျှော့မှုပေးခဲ့ကြောင်း Asia Wind Energy Association ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမည်မုတ်သုံလေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်မှုမှာ ယခုအခါ ၈၉% ပြီးစီးနေပြီဟု BC PG မှ ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံအားလာမည့်နှစ်အစောပိုင်းတွင် စမ်းသပ်မှုစတင်ရန် စီစဉ်ထားပြီး ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ လာအိုနှင့် ဗီယက်နမ်ရှိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများသည် ကုမ္ပဏီ၏ Greener Diversified Portfolio ပရောဂျက်၏ အစိတ်အပိုင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာလမှစ၍ ၂၀၃၀ ဝန်းကျင်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲဓါတ်အားအချို့အား ၆၂% မှ ၇၀% အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း Mr Niwat မှ ပြောကြားခဲ့သည်။ ၎င်း၏ ဓါတ်ငွေ့အခြေခံလျှပ်စစ်ဓါတ်အားကို ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၃၈% မှ ၃၀% သို့ လျှော့ချရန်သတ်မှတ်ထားကြောင်း သိရသည်။ BCPG သည် လက်ရှိတွင် ထိုင်း၊ ထိုင်ဝမ်၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အမေရိကန်တို့တွင် နေစွမ်းအင်၊ ရေအားလျှပ်စစ်၊ လေစွမ်းအင်နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများကို ပိုင်ဆိုင်ထားကြောင်းသိရှိရပါသည်။

Source : Bangkokpost

DOCA(ရန်ကုန်)

BYD သည် ကမ္ဘောဒီးယားတွင် EV စက်ရုံတည်ထောင်ရန် နောက်ဆုံးဆွေးနွေးပွဲတွင် ပြောကြားခဲ့

            ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ကုမ္ပဏီလီမိတက်နှင့် ညှိနှိုင်းမှု၏ နောက်ဆုံးအဆင့်တွင်ရှိနေပြီး နိုင်ငံတော်၌ လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးစက်ရုံတည်ထောင်ရန် ဝန်ကြီးချုပ် Hun Manet က ယမန်နေ့က ပြောကြားခဲ့သည်။ ဖနွမ်းပင်တော်ဝင်တက္ကသိုလ် (RUPP) ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဥက္ကဋ္ဌ မစ္စတာ Hun Manet က ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့အား မည်သည်မျှလုပ်ဆောင်ခြင်း မရှိဟုဆိုသူများအား မျက်စိမပါသောသူများဟူ၍ ပြောကြားခဲ့သည်။ အစိုးရ၏ စွမ်းဆောင်ရည်အပေါ်  ရပ်ကွက်အချို့မှ မကြာသေးမီကဝေဖန်သံများကို ပယ်ချခဲ့ပြီး CDC ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဒုတိယ ဥက္ကဋ္ဌ Sun Chanthol သည် ကမ္ဘောဒီးယားတွင် EV ထုတ်လုပ်မှုစက်ရုံတည်ထောင်ရေး ရင်းနှီးမြှုပ်နှံရန် BYD နှင့် ညှိနှိုင်းပြီး အပြီးသတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ်အစောပိုင်း၌ စတင်ဖွင့်လှစ်ခဲ့သော ဂျပန်နိုင်ငံမှ Toyota စက်ရုံနှင့် ယခင်နှစ်က Ford ကုမ္ပဏီနှင့်အတူ နောက်ထပ်ကားထုတ်လုပ်ရေးကုမ္ပဏီများစွာလည်းရှိကြောင်း၊ ယှဉ်ပြိုင်မှုမြင့်တင်၍မရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်များဆွဲဆောင်ရန် ကျွမ်းကျင်မှုများအားကောင်းရန် အရေးကြီးကြောင်း Sun Chanthol မှ ပြောကြားခဲ့သည်။ Tesla နှင့် မတူဘဲ BYD သည် internal combustion Engine များကိုအသုံးပြုသော ဟိုက်ဘရစ်ကားများအား ထုတ်လုပ်သည်။ ဘတ်ထရီသီးသန့်ကားများ (BEV) တွင် BYD ၏ ရောင်းအားသည် ၂၀၂၃ နှစ်ကုန်တွင် Tesla ကို ကျော်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

Source : Khmertimeskh

DOCA(ရန်ကုန်)                 

NBC နှင့် ကိုရီးယားအာမခံအပ်ငွေကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုခဲ့ကြ

             ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ် (NBC) နှင့်  Korea Deposit Insurance Corporation (KDIC) တို့သည် အာမခံငွေကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အဖွဲ့အစည်းနှစ်ခုအကြားပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်လုပ်ဆောင်ရန် ကတိပြုထားကြောင်းထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံလုံးဆိုင်ရာဘဏ် Sen Sok Building တွင် NBC ၏ အုပ်ချုပ်ရေးမှူး Dr. Chea Serey နှင့် KDIC ဥက္ကဋ္ဌ Dr. Jae Hoon Yoo တို့သည် ၂၁-၁၁-၂၀၂၄ ရက်နေ့က ပြုလုပ်ခဲ့သောတွေ့ဆုံပွဲတွင် ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်ဖက်အဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ Dr. Jae Hoon Yoo မှ ပိုမိုတိုးတက်ကောင်းမွန်‌လာစေရန် ရည်ရွယ်ချက်များကို အကြမ်းဖျင်းဖော်ပြခဲ့ကြပြီး ထိုပူးပေါင်းဆောင်ရွက်မှုအတွက် ကိုရီးယားအစိုးရ၏ပံ့ပိုးကူညီမှုများကို အခိုင်အမာပြောကြားကာ ကမ္ဘောဒီးယားတွင် အာမခံအပ်ငွေကာကွယ်ရေးစနစ် အောင်မြင်စွာတည်ထောင်နိုင်ရန်ရည်ရွယ်၍ နောက်ထပ်ပံ့ပိုးကူညီမှုများပေးရန် အဆင့်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ Dr. Chea Serey သည် ယခင်က ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများအတွက် KDIC အားကျေးဇူးတင်ရှိကြောင်းနှင့် ကျွမ်းကျင်သူများအဖွဲ့သည် ဤအာမခံအပ်ငွေကာကွယ်ရေး ယန္တရား၏ အတွေ့အကြုံနှင့် အကောင်အထည်ဖော်မှုများစွာသင်ယူခဲ့ရကြောင်း ပြောကြားခဲ့ သည်။ သူမသည် KDIC ၏ နောက်ထပ်ပံ့ပိုးကူညီမှုများတိုးမြှင့်လိုသည်ဆန္ဒများကို အခွင့်အလမ်းကောင်းတစ်ခုအဖြစ်မှတ်ယူထားပြီး NBC သည် အာမခံအပ်ငွေကာကွယ်ရေးစနစ် နှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် လုပ်ငန်းဖွဲ့စည်းပုံအသစ်အား ပြင်ဆင်ထားကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားသည် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၆ ရာခိုင်နှုန်းဖြင့် ဆက်လက်ရပ်တည်

              ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံတော်သည် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၂၀၂၃ ခုနှစ်တွင် ၅.၆ ရာခိုင်နှုန်းဖြင့်ထိန်းသိမ်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းအထိမြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများတင်ပို့မှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို အဓိကတွန်းအား ပေးလျက်ရှိသည်။ ၎င်းမြင့်မားသောတိုးတက်မှုများနှင့်အတူ ကမ္ဘောဒီးယားသည် ၂၀၃၀ ခုနှစ်တွင် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံဖြစ်လာရန်နှင့် ၂၀၅၀ ခုနှစ်တွင် အဆင့်မြင့်စီးပွားရေး နိုင်ငံဖြစ်လာရန် ရည်းမှန်းထားကြောင်း၊ နိုင်ငံတော်သည် ၂၀၂၉ ခုနှစ်တွင် ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်မှဖြတ်ကျော်နိုင်ရန် ခန့်မှန်းထားကြောင်း ထပ်မံပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ကမ္ဘောဒီးယားသည် ဒေသတွင်းနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချသည့် ဈေးကွက်များ အထူးသဖြင့်  ASEAN+3 (China, Japan and South Korea) နိုင်ငံများအထိ ချဲ့ထွင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပဈေးကွက်များအပေါ် ၎င်း၏မှီခိုအားထားမှုများအားလုံးကို တဖြည်းဖြည်းလျှော့ချလိုက်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသစာချုပ်၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်၊ တရုတ်၊ တောင်ကိုရီးယား၊ UAE နိုင်ငံတို့နှင့်လည်း သဘောတူညီချက်စာချုပ်များရှိသည်ဟု ဝန်ကြီးချုပ်ကထပ်မံပြောကြားခဲ့ကြောင်းသသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ