ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကုန်သွယ်ရေးနှင့်ရင်နှီးမြှုပ်နှံမှုသည် ဗီယက်နမ်-ယူကေ ဆက်ဆံရေးတွင် အရေးပါသော ဒေါက်တိုင်တစ်ခုအဖြစ် ရှိနေ

          ဗီယက်နမ်နှင့် ယူကေတို့သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း အား ၎င်းတို့၏ဗျူဟာမြောက်မိတ်ဖက်ဖွဲ့မှုတွင် အရေးပါသောဒေါက်တိုင်အဖြစ် သတ်မှတ် ထားပြီး လာမည့်အချိန်များတွင်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် စီမံချက်များ ချမှတ်မှု အရှိန်မြှင့်တင်သွားမည်ဟု သိရပါသည်။ ထိုအချက်ကို ယူကေဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးဖြစ်သူ Do Minh Hung နှင့် ယူကေစီးပွားရေးနှင့်ကုန်သွယ်ရေးဌာန ဝန်ကြီး Douglas Alexander တို့၏ အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် စီးပွားရေးပူးပေါင်း‌ဆောင်ရွက်မှု အလားအလာနှင့် ပူးတွဲ စီးပွားရေးနှင့်ကုန်သွယ်ရေးကော်မတီကဲ့သို့သော အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု ယန္တယား များ အကောင်အထည်ဖော်မှုအရှိန်မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြပြီး ယူကေ-ဗီယက်နမ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး အနီးကပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် CPTTP အဖွဲ့သို့ ယူကေ၏ဝင်ရောက်မှုနှင့်အတူ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အခွင့်အလမ်းများ ကို ရှာဖွေရန်သဘောညီခဲ့ကြကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန်နှင့် စီးပွားရေးကြီးထွားမှု ရည်မှန်းချက်များ အောင်မြင်ရေးကြိုးပမ်းမှုပြုလုပ် သွားမည်ဖြစ်ပြီး Just Energy Transition Partnership ၏ မူဘောင်အတွင်း စွမ်းအင်အသွင်ကူးပြောင်းမှု ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့် တင်ရန် အာမခံခဲ့ကြကြောင်း သိရပါသည်။ ယူကေသည် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဟုန်သစ်ဖန်တီးရန် ဟိုချီမင်းမြို့တော်တွင် နိုင်ငံတကာဘဏ္ဍာရေးစင်တာ တည်ထောင်မည့် ဗီယက်နမ်ကို ပံ့ပိုး သွားမည်ဟု သိရပါသည်။ သံအမတ် Hung ကလည်း ဗီယက်နမ်၏ လူမှုစီးပွားအောင်မြင်မှု များနှင့် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် GDP ကြီးထွားနှုန်း ၇.၀၉ ရာခိုင်နှုန်းရှိခဲ့သည့် နိုင်ငံ၏အားကောင်းသောစီးပွားရေးနှင့် ပတ်သတ်၍ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်၏ တံခါးဖွင့်စီးပွားရေးသည် အဓိကကမ္ဘာ့ဈေးကွက်များသို့  လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ၁၇ ခုမှတစ်ဆင့် ချိတ်ဆက်ထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် နှစ်စဉ်ကြီးထွား လျှက်ရှိပြီး  ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ တန်ဖိုးရှိခဲ့ကာ ၂၀၂၄ ခုနှစ်က ထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်မှ ယူကေသို့အဓိကပို့ကုန်များ တွင် ကွန်ပြူတာများ၊အီလတ်ထရောနစ်ထုတ်ကုန်များနှင့်အစိတ်အပိုင်းများ၊သစ်သီးနှင့်ဟင်းသီး ဟင်းရွက်များ၊ ငရုတ်ကောင်း၊ ကော်ဖီ၊ ရာဘာထုတ်ကုန်များ၊ မုန့်မျိုးစုံထုတ်ကုန်များ၊ စက်ပစ္စည်း များနှင့်အစိတ်အပိုင်းများ၊ စတီးလ်၊ စာရွက်များ၊ သစ်ထုတ်ကုန်များနှင့် အဝတ်အထည်နှင့်အထည် အလိပ်တို့ပါဝင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

ကမ္ဘာ့ဒူးရင်းသီးဈေးကွက်တွင် အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာသည့် ဗီယက်နမ်နိုင်ငံ

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံ ရရှိခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ဒူးရင်းသီးဈေးကွက်တွင် အင်အားကြီးနိုင်ငံသစ် အဖြစ်ပေါ်ထွက်လာခဲ့ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏အဆိုအရ နိုင်ငံ၏ဒူးရင်းသီး တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ကထက် ၇.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်း သစ်သီးနှင့်ဟင်းသီး ဟင်းရွက်တင်ပို့မှုတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းရှိကြောင်းသီရပါသည်။ ထိုအောင်မြင်မှုသည် တရုတ် နိုင်ငံထံမှ ဝယ်လိုအားကောင်းလာမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ နိုဝင်ဘာ ၂၀၂၄ တွင် တရုတ်သည် အမေရိကန်ဒေါ်လာ ၆.၈၃ ဘီလီယံတန်ဖိုးရှိသော ဒူးရင်းသီးတန်ချိန် ၁.၅၃ သန်း တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် တရုတ်ဈေးကွက်ဝေစု ၄၇ ရာခိုင်နှုန်းပိုင်ဆိုင် ထားပြီး ထိပ်ဆုံးတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံ၏နောက် နီးကပ်စွာတည်ရှိနေကြောင်း သိရ ပါသည်။ ဒူးရင်းသည် ဒူးရင်းဟော့ပေါ့၊ ဒူးရင်းပေါင်မုန့်နှင့် ဒူးရင်းဘူဖေး အစရှိသည့် ဆန်းသစ် တီထွင်ထားသောထုတ်ကုန်များနှင့်အတူ တရုတ်လူလတ်တန်းစားအကြား လူကြိုက်များလျှက် ရှိကြောင်း သိရပါသည်။ ထို့ကြောင့် ဗီယက်နမ်သည် ဈေးကွက်ဝယ်လိုအားများနှင့် ပြည့်မီရန် အရည်အသွေးမြင့်ထုတ်လုပ်ခြင်းတွင် အရင်းနှီးပြုလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်၏ ထို အောင်မြင်မှုသည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာ၊ အရည်အသွေးတိုးတက်မှု၊ နည်းပညာဆန်းသစ် တီထွင်မှု နှင့် နိုင်ငံတကာဈေးကွက်တိုးချဲ့မှု တို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့်တည်ထောင် ခဲ့သည့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးသဘောတူညီချက်သည် ဗီယက်နမ်၏ ဒူးရင်းတင်ပို့မှုကို အားကောင်းစေခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်သည် တင်းကျပ်သည့်အစားအစာလုံခြုံစိတ်ချရမှု စံနှုန်းများ ထားရှိခြင်း နှင့် ခေတ်မီအေးခဲနည်းပညာများ ကိုအကောင်အထည်ဖော်လျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်၏ဒူးရင်းအောင်မြင်မှုသည် မဟာဗျူဟာမြောက်စီမံကိန်းသည် ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန်အား တန်ဖိုးမြင့်ကမ္ဘာ့ စားသောက်ကုန်အဖြစ် အသွင်ပြောင်းနိုင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

စက်မှုကုန်ထုတ်လုပ်မှု စီမံကိန်းသစ်များမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ သန်း ၂၀၀ နီးပါး ရရှိနိုင်သည့် ဗီယက်နမ်နိုင်ငံ Ba Ria- Vung Tau ပြည်နယ်

           ဗီယက်နမ်နိုင်ငံ Ba Ria- Vung Tau ပြည်နယ်သည် စက်မှုကုန်ထုတ်လုပ်မှုစီမံကိန်းသစ် များမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉၇ သန်းရရှိရန် မျှော်လင့်ရကြောင်း စက်မှုနှင့်ကုန်သွယ်‌ရေး ပြည်နယ်ဦးစီးဌာန၏ အဆိုအရသိရပါသည်။ ယခုနှစ်တွင် စက်မှုစီမံကိန်း ၂၁ ခု စတင်လည်ပတ် မည်ဟု ဌာနကပြောကြားခဲ့ပါသည်။ ၎င်းတို့တွင် တောင်ကိုရီးယားနိုင်ငံ Hyosung Group ၏ အမေရိကန်ဒေါ်လာ သန်း ၅၄၀ တန် ကာဗွန်ဖိုက်ဘာစက်ရုံ၊ Hai Linh ကုမ္ပဏီ၏ အမေရိကန် ဒေါ်လာ သန်း ၆၀ နီးပါး တန် Cai Mep- Phu My ပိုက်လိုင်းနှင့် Phu My ဂတ်စ်ဖြန့်ဖြူးရေးရုံနှင့် Otsuka Nutraceutical Vietnam ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးတန် Pocari စက်ရုံ အစရှိသည့် များစွာသော ကြီးမားသည့်စီမံကိန်းများ ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တွင် စီမံကိန်းသစ် ၃၁ ခုသည် ပြည်နယ်၏စက်မှုဇုန်များတွင် စတင်လည်ပတ်ခဲ့ပြီး ထုတ်လုပ်မှုတန်ဖိုးနှင့် ဝင်ငွေရရှိမှု မြင့်တက်ရန်ကူညီပေးခဲ့ပြီး များစွာသောစက်မှုထုတ်ကုန်သစ် များကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် Ba-Ria – Vung Tau ပြည်နယ်၏ စက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်ကထက် ၁၂.၉၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရည်မှန်း ချက် ဖြစ်သည့် ၁၀.၁၁ ရာခိုင်နှုန်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ Phu My 3 အထူး စီးပွားရေးဇုန်သည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် မတည်ရင်းနှီးမြှုပ်နှံငွေ ရှိသည့် ရင်းနှီး မြှုပ်နှံသူ ၄၆ ခုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပ၊ အမေရိကန်၊ ထိုင်ဝမ်၊ တရုတ်နှင့် များစွာသောအခြားနိုင်ငံများမှ ကော်ပိုရေးရှင်းများ ပါဝင်ကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် ထိုစက်မှုဇုန် သည် ဂျပန်၊ တရုတ်၊ ဟောင်ကောင်နှင့်ဗီယက်နမ် ထံမှ ဗီယက်နမ်ဒေါင် ၂၁ ထရီလီယံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု ၉ ခုကို ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ်စီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှဦးစီးဌာန၏ ညွှန်ကြား ရေးမှူး ဖြစ်သူ Le Ngoc Linh က ယခုနှစ်တွင် ပြည်နယ်သည် အုပ်ချုပ်မှုပြုပြင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ရေးအတွက် ပြတ်သားပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော စီမံချက်များ အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့ပါ သည်။ ထို့ပြင် Linh က ၎င်းတို့သည် အဓိက စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုမြှင့်တင်ရန် နည်းပညာအခြေခံ အဆောက်အအုံ အထူးသဖြင့် ဗီယက်နမ်တွင်း အခြားဒေသများနှင့် ချိတ်ဆက်မှုမြှင့်တင်ရန် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက် ရေး အရှိန်မြှင့်တင်မည်ဟု ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်ရုရှားတို့ကုန်သွယ်ရေးဆက်နွယ်မှုအားကောင်း

          ဗီယက်နမ်နှင့်ရုရှားတို့သည် အတိတ်ကာလများတွင် ကုန်သွယ်မှုပမာဏသိသာစွာ ကြီးထွားမှုနှင့်အတူ ကုန်သွယ်ရေးနှင့်စီးပွားရေးဆက်နွယ်မှု အားကောင်းခဲ့ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Vladimir Ilichev က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သတင်းအေဂျင်စီနှင့်အင်တာဗျူးတွင် ဗီယက်နမ်-ရုရှား စီးပွားရေး-ကုန်သွယ်ရေးနှင့်သိပ္ပံ အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ဒုတိယဥက္ကဌ လည်းဖြစ်သူ Ilichev ကက၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၂ ကထက် ၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ထိုအားကောင်းမှုသည် ၂၀၂၄ ခုနှစ်ထိဆက်လက်ရရှိခဲ့ကာ ၂၀၂၄ ခုနှစ်၏ ပထမဆယ်လတွင် ၂၃.၉ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြား ဘက်စုံထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်များ တည်ထောင်မှုနှင့်အတူ စီးပွားရေးမိတ်ဖက် ဖွဲ့မှုသည် အစဉ်အလာကုန်သွယ်ရေးကို ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ ဟနွိုင်းနှင့် ဟိုချီမင်း မြို့တော်တို့သည်လည်း ရုရှားကုမ္ပဏီများအတွက် မလေးရှားနှင့် ထိုင်းပါဝင်သော အရှေ့တောင် အာရှဈေးကွက်များသို့တိုးချဲ့ရန် အရေးပါသော သယ်ယူပို့ဆောင်ရေးအချက်အချာများအဖြစ် ပေါ်ထွက်လာကြောင်း သိရပါသည်။ ဝန်ဆောင်မှုကဏ္ဍတွင်လည်း တည်ငြိမ်သော နာလံထူမှုရရှိ ခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်သို့ရုရှားခရီးသွားလာရောက်မှုမှာ ၈၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည့် e-commerce ဗီဇာစနစ်ကြောင့် ရုရှားသို့ ဗီယက်နမ်ခရီးသွားလာရောက်မှုမှာလည်း တည်ငြိမ်စွာကြီးထွားခ ခဲ့ကြောင်းသိရပါသည်။ ပူးတွဲစီးပွားရေးလုပ်ငန်းများမှာလည်း သိသာထင်ရှားသည့်မှတ်တိုင် တစ်ခု သို့ရောက်ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် Vietsovpetro သည်ရေနံ တန်ချိန် သန်း ၂၅၀ ထုတ်ယူ နိုင်ခဲ့ပြီး Gaz Group သည်၂၀၂၂ ခုနှစ်မှစ၍ မော်တော်ယာဉ်များကို အောင်မြင်စွာတပ်ဆင် နေကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်တွင် နျူကလိယသိပ္ပံစင်တာစီမံကိန်းမှာ စီစဉ်ထား သည့်အတိုင်း တိုးတက်လာပြီး ဗီယက်နမ်၏ TH True Milk နို့ထွက်ပစ္စည်းစက်ရုံသည်လည်း ရုရှားတွင် ထုတ်လုပ်မှုများတိုးချဲ့လျှက်ရှိကြောင်း သိရပါသည်။ ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် များစွာသော ဧရိယာများလည်းရှိနေပြီး ရုရှားရင်းနှီးမြှုပ်နှံသူများသည် ဗီယက်နမ်၏ ဆေးဝါး၊ မုန့်မျိုးစုံလုပ်ငန်း နှင့် အော်ဂဲနစ်အလှကုန်ပစ္စည်းကဏ္ဍများတွင် စိတ်ဝင်စားလျှက်ရှိကြောင်း သိရပါသည်။ ရုရှား နိုင်ငံ၏ကုန်အမှတ်တံဆိပ်များသည်လည်း ဗီယက်နမ်၏ e-commerce platform များတွင် အားကောင်းစွာတည်ရှိလျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင်ရုရှား လုပ်ငန်း များသည် နျူကလိယ စွမ်းအင်၊ လေစွမ်းအင်နှင့် ရေစွမ်းအင် စီမံကိန်းများပါဝင်သည့် ဗီယက်နမ် ၏ အစိမ်းရောင်စွမ်းအင် နှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ပံ့ပိုးပေးရန်အဆင်သင့်ဖြစ်နေကြောင်း သိရပါသည်။ ထို့ပြင် ရုရှား သည် ဂြိုလ်တုနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ Smart Cities၊ cloud solutions နှင့် AI အစ ရှိသည့်လုပ်ငန်းများတွင် ဗီယက်နမ်နှင့်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း သိရပါသည်။ စီးပွားရေး ဆက်နွယ်မှုပိုမိုအားကောင်းရန်အတွက် ဝန်ကြီးက အကောက်ခွန် အတားအဆီးများလျှော့ချရန်၊ စံနှုန်းများကောင်းမွန်ရန်နှင့် ပူးတွဲစီမံကိန်းများထောက်ပံ့ရန် ကမ်းလှမ်းခဲ့ကြောင်းသိရပါသည်။ ပူးတွဲကနဦးဆောင်ရွက်မှုများလွယ်ကူချောမွေ့စေရန် အစိုးရချင်းကော်မတီမူဘောင်အောက်ရှိ IT ပူးပေါင်းဆောင်ရွက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှု များအတွက် လုပ်ငန်းအဖွဲ့များတည်ထောင် ပြီးဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကန်ဒေါ်လာ ၅၄ ဘီလီယံကျော် ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၄၆.၈၂ ဘီလီယံမှ ၅၄.၇၄ ဘီလီယံအထိ ၁၆ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) မှ ၁၀-၁-၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သည် နိုင်ငံခြားဈေးကွက်သို့ ကန်ဒေါ်လာ ၂၆.၁၉ ဘီလီယံ တန်ဖိုးရှိကုန်ပစ္စည်းများကို တင်ပို့ခဲ့ပြီး  ၂၀၂၃ ခုနှစ်ထက် ၁၅.၇ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး ကုန်သွယ်ဖက်နိုင်ငံများထံမှ ကန်ဒေါ်လာ ၂၈.၅၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ၁၈ ရာခိုင်နှုန်းတိုလာသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) မှ ပြောရေးဆိုခွင ရှိသူ Penn Sovicheat က ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ (FTAs) နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) တို့သည် ကုန်သွယ်မှုတိုးမြင့်လာစေရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ RCEP နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘော တူညီချက် (CCFTA) သည် ကုန်သွယ်မှုတိုးတက်ရေးကို သိသိသာသာမြှင့်တင်ပေးခဲ့ကြောင်း Penn Sovicheat ထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ အဓိကတင်ပို့သည့်ကုန်ပစ္စည်း များတွင် အထည်ချုပ်၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်များ၊ သားရေပစ္စည်းများ၊ ဆန်စပါး၊ ပရိဘောဂ၊ ရာဘာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် အထည်လိပ်ပစ္စည်းများ ပါဝင်ပြီး တင်သွင်းမှုတွင် ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ အစား အသောက်နှင့်ဖျော်ရည်ယမကာများ ပါဝင်သည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၉၁ သန်းရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန် ၆၅၁,၅၂၂ တန်တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၄၉၁ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးသင်းချုပ် (CRF) က ထုတ်ပြန်ခဲ့ သောအစီရင်ခံစာအရ သိရသည်။ ကုမ္ပဏီစုစုပေါင်း (၅၇) ခုသည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်းနှင့် ဒေသပေါင်း ၆၈ ခုသို့ ဆန်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် ကုန်စည်၏ အဓိကဝယ်ယူသည့်နိုင်ငံဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန် ၁၁၇,၉၅၂ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇၅.၆ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာအရသိရသည်။ ဆန်တင်ပို့မှုစုစုပေါင်း၏ ၇၆.၁၅ ရာခိုင်နှုန်းသည် ဆန်မွှေး၊ ၁၈.၇ ရာခိုင်နှုန်းသည် ဆန်ဖြူ၊ ၃.၁ ရာခိုင်နှုန်း ပြုတ်ဆန်၊ ၁.၇၈ ရာခိုင်နှုန်း အော်ဂဲနစ်ဆန်ဖြစ်ပြီး ၀.၂၇ ရာခိုင်နှုန်း အခြားဆန်အမျိုးအစားများဖြစ်ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ထုတ်ဖော်ပြောကြားခဲ့သည်။ ကမေ္ဘာဒီးယားနိုင်ငံ စိုက်ပျိုး‌ရေး၊ သစ်တောနှင့် ရေလုပ်ငန်း  ဝန်ကြီးဌာန (MAFF) မှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် အဓိကဈေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

CAC မှ ၂၀၂၅ ခုနှစ်အတွင်း သီဟိုဠ်စေ့အထွက်နှုန်းတန်ချိန် ၇၀၀,၀၀၀ နှင့် ၉၀၀,၀၀၀ အကြား ထွက်ရှိရန်ခန့်မှန်းထား

          ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) မှ ရာသီဥတုအခြေအနေနှင့်ဆက်စပ်၍ နိုင်ငံတော်၏ သီဟိုဠ်စေ့အထွက်နှုန်းသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇၀၀,၀၀၀ မှ ၉၀၀,၀၀၀ အကြား ကျဆင်းထွက်ရှိရန်ခန့်မှန်းထားသည်။ CAC ဥက္ကဋ္ဌ UonSilot က ရာသီဥတု ဖောက်ပြန်မှုသည် ယခုနှစ် သီဟိုဠ်စေ့ရိတ်သိမ်းမှုဆိုးရွားစွာထိခိုက်စေမည်ကိုစိုးရိမ်ကြောင်းနှင့် ရာသီဥတုကောင်းမွန်ပါက ၂၀၂၅ ခုနှစ်အတွက် သီဟိုဠ်စေ့အထွက်နှုန်းသည် ၂၀၂၄ ခုနှစ်နှင့်တူညီ မည်ဟု ခန့်မှန်းထားသည်။ (CAC) သည် ရာသီရတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ခုခံရန် ရေရှည်ခိုင်မြဲသော စီမံကိန်းတစ်ခုအဖြစ် အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော်ရန် ထောက်ခံအားပေးနေကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ပုံမှန်းအားဖြင့် သီဟိုဠ်စေ့ရိတ်သိမ်း ရာသီကို ဖေဖော်ဝါရီလတွင် စတင်ပြီး မေလတွင်ကုန်ဆုံးကြောင်း UonSilot ကထပ်မံပြောကြားခဲ့ သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏အဆိုအရ ကမ္ဘောဒီးယား နိုင်ငံသည် မြေမျက်နှာပြင်ဧရိယာအလိုက် သီဟိုဠ်စေ့စိုက်ပျိုးမှုတွင် ကမ္ဘာ့တတိယအဆင့်တွင် ရပ်တည်နေပြီးခန့်မှန်းခြေအားဖြင့် ၅၈၀,၁၁၇ ဟက်တာရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့တန်ချိန် ၈၅၀,၀၀၀ တန်ထုတ်လုပ်ခဲ့ပြီး ၂၆.၈ ရာခိုင်နှုန်း တိုးတက်လာကာ တန်ချိန် ၈၁၅,၀၀၀ တင်ပို့ခဲ့ပြီး ၃၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည် ။

DOCA(ရန်ကုန်)

Neta သည် Compact SUV ကားနှစ်စီးဖြင့် စင်္ကာပူစျေးကွက်သို့ဝင်ရောက်

          ဇန်နဝါရီ ၉ ရက်နေ့တွင် Neta Auto သည် Singapore Motor Show တွင် ၎င်း၏ ပွဲဦးထွက် အဖြစ် Neta X နှင့် Neta AYA ကားမော်ဒယ်များကိုကြေညာခဲ့ပြီး စင်္ကာပူစျေးကွက်တွင်းသို့ စတင် ဝင်ရောက်ခဲ့သည်။ အခမ်းအနားတွင် Neta သည် အမှာစာ ၅၂ ခုအား လက်ခံရရှိပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ Neta ၏ အဆိုအရ Neta X နှင့် Neta AYA တို့သည် စင်္ကာပူနိုင်ငံ၏ NEV စံနှုန်းများအောက်တွင် ဒေသဆိုင်ရာအသိအမှတ်ပြုလက်မှတ်များပြီး မြောက်ပြီး မကြာမီကာလ အတွင်း ခြေလှမ်းသစ်များကို စတင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ Neta ပြည်ပဌာနခွဲ၏ VP ဖြစ်သော Neta အမှုဆောင် Sun Guang က စင်္ကာပူသည် ကုမ္ပဏီအတွက်အဓိက စျေးကွက်တစ်ခု ဖြစ်ကြောင်းပြောကြားခဲ့သည်။ Neta X သည်ကျစ်လစ် သော SUV ကားဖြစ်ပြီး Neta AYA သည် ၂၀၂၃ ခုနှစ်တွင် အဆင့်မြင့်တင်ထားသော အသေးစား SUV ကားဖြစ်သည်။ Neta X နှင့် Neta AYA နှစ်မျိုးလုံးအား ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင်လည်း ရောင်းချလျှက်ရှိသည်။ Neta သည် တရုတ်အပြင် ထိုင်းနှင့်အင်ဒိုနီးရှား တွင် ထုတ်လုပ်မှုစင်တာများရှိသည်။ ဇန်နဝါရီ ၆ ရက်နေ့တွင် Neta ၏ ဝက်ဘ်ဆိုဒ်တွင် ပျက်စီးမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဝက်ဘ်ဆိုဒ် ကိုပုံမှန်အတိုင်းပြုပြင်ခဲ့သော်လည်း ကုမ္ပဏီနှင့်ပတ်ဝန်းကျင်ရှိ အပျက်သဘောဆောင်သည့် သတင်းများကို ဖြေရှင်းခဲ့ရသည်။ Neta ၏ စင်္ကာပူပွဲဦးထွက်သည် ကုမ္ပဏီအတွက် Fang ၏ အလှည့်အပြောင်းအစီအစဥ်ကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။ Neta သည် အာရှ အလယ်ပိုင်း၊ အရှေ့တောင်အရှ၊ လက်တင်အမေရိကနှင့် တောင်အမေရိကတို့တွင် စျေးကွက်များ ဝင်ရောက်ပြီးသော ခိုင်မာသော ပြည်ပစျေးကွက်များတွင် တည်ရှိနေသည်။ Neta သည် နောက်ထပ် တိုးတက်မှုအတွက် ဥရောပနှင့်သြစတြေးလျ စျေးကွက်များကို ရှာဖွေလျှက်ရှိ ကြောင်းသိရသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ အေးခဲထားသော ဒူးရင်းထောင်ပေါင်းများစွာအား တိုက်ရိုက်ထုတ်လွှင့်မှု (Live stream) မှတစ်ဆင့်ရောင်းချနိုင်ခဲ့

ဗီယက်နမ်တွင် သစ်သီးဖြန့်ဖြူးနည်းလမ်းအသစ်ဖြစ်သော TikTok တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် အေးခဲထားသော ဒူးရင်းသီးထောင်ပေါင်းများစွာကို ပထမဆုံးအကြိမ် ရောင်းချခဲ့ရ ကြောင်းသိရသည်။ ဟနွိုင်းရှိဖောက်သည်အများစုကို ပစ်မှတ်ထားသည့် ၈.၁.၂၀၂၅ ရက်နေ့ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုကိုအစိုးရ၊ TikTok၊ ပို့ဆောင်ရေးကုမ္ပဏီ Viettel Post နှင့် သစ်သီးဖြန့်ဖြူးသူ Chanh thu တို့ ပူးပေါင်းစီစဥ်ခဲ့ကြောင်း Tuoi Tre သတင်းစာကဖော်ပြခဲ့သည်။ ဒူးရင်းသီးနှစ်လုံး ပါသည့် ငါးကီလိုဂရမ်တစ်ဗူးအား VND ၉၀၀၀၀၀ ဖြင့် ရောင်းချခဲ့ပြီးဝယ်ယူ သူများသည် ၃၆ % အထိလျှော့စျေးဖြင့် ဝယ်ယူနိုင်ခဲ့ကြသည်။ ဒူးရင်းသီများသည် ဗီယက်နမ်နိုင်ငံ ထုတ် R16 အမျိုး အစားဖြစ်ပြီးပို့ကုန်စံချိန်စံညွှန်းပြည့်မီရန် အာမခံထားသည်။ သစ်သီးဖြန့်ဖြူးသူ Chanh Thu ၏ လက်ထောက် CEO ဖြစ်သူ Ngo Tuang Vy မှဒူးရင်းသီးကို လတ်လတ်ဆတ်ဆတ် အေးခဲထားခြင်း ကြောင့်ရောင်းချရသည်မှာ ပိုမိုလွယ်ကူပြီး ၁၀ ရက်အတွင်း ထွက်ရှိသောခြံမှ စားသုံးသူများထံ ပေးပို့သင့်သည်ဟုဆိုသည်။ သို့သော် အေးခဲထားသော ဒူးရင်းသီများအား ၂ နှစ်အထိ ထိန်းသိမ်း ထားနိုင်ပြီး အရသာ၏ ၉၅%  အားထိန်းထားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ Viettel Post ပို့ဆောင်ရေးကုမ္ပဏီမှ သစ်သီးများအားဝယ်ယူသူများထံသို့ နှစ်နာရီအတွင်း အခမဲ့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဝန်ကြီးဌာန ၏ စိုက်ပျိုးရေးကုန်သွယ်မှုမြင့်တင်ရေးစင်တာမှ ဒါရိုက်တာ Nguyen Minh Tien က Phap Luat HCMC သတင်းစာအားတိုက်ရိုက်ထုတ်လွှင့်မှုသည် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းအပါအဝင် အေးခဲ ဒူးရင်းများကို အကြီးစားရောင်းချခြင်း၏ ပထမ ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

လာအိုနှင့် ဗီယက်နမ်တို့သည် နယ်စပ်ဖြတ်ကျော် QR ကုဒ် ငွေပေးချေမှု ချိတ်ဆက်မှုကို စတင်

လာအိုနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော် လက်လီငွေပေးချေမှုစနစ် များကို QR ကုဒ်များဖြင့် ချိတ်ဆက်ကာ  ငွေပေးချေမှုဝန်ဆောင်မှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ကြာသပတေးနေ့တွင် တရားဝင်စတင်ခဲ့သော ဤပဏာမခြေလှမ်းသည် ခရီးသွားများ အတွက် ငွေကြေးလွှဲပြောင်းမှုများကို ရိုးရှင်းလွယ်ကူစေရန်နှင့် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကနဦးအဆင့်တွင် ဗီယက်နမ်နိုင်ငံ သားများသည် လာအိုတွင်ရှိစဉ် QR ကုဒ်များကို အသုံးပြု၍ ငွေပေးချေမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ လာအိုနိုင်ငံသားများသည် ဒုတိယအဆင့်အနေဖြင့် ဗီယက်နမ်တွင် QR ကုဒ်ငွေပေးချေမှု စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် ပြီးစီးရန် မျှော်မှန်း ထားကြောင်း လာအိုဗဟိုဘဏ်၊ အစီရင်ခံစာအရ သိရသည်။ .QR ကုဒ်နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း ငွေလွှဲခြင်းနှင့် ငွေပေးချေမှုများကို မြှင့်တင်ရန် လာအိုနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လာအိုနှင့် တရုတ်တို့သည် ၎င်းတို့၏ e-banking နှင့် အပြန်အလှန် ငွေပေးငွေယူ ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် QR ငွေပေးချေမှု စနစ်ကို မိတ်ဆက်ခဲ့ပြီး ခရီးသွားများကို ငွေသားမပါဘဲ ငွေပေးချေမှုများ ပြုလုပ်နိုင်စေခဲ့ သည်။၂၀၂၄ ခုနှစ် ဧပြီလတွင် လာအိုနှင့် ထိုင်းတို့သည် နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကို အားကောင်းလာ စေရန်အတွက် နယ်စပ်ဖြတ်ကျော် QR ငွေပေးချေမှု ချိတ်ဆက်မှုကို စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် လာအိုနှင့် ကမ္ဘောဒီးယားတို့ကလည်း ခရီးသွားများအား ၎င်းတို့၏ ပြည်တွင်း ငွေကြေးများကို အသုံးပြုနိုင်ရန် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်ကို စတင်ခဲ့ကြောင်းသိရ သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ