ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jun 2024

    အမေရိကန်နိုင်ငံအခြေစိုက် Harman ကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံး အရှေ့တောင်အာရှစက်ရုံတည်ဆောက်ရန်နေရာအတွက် ထိုင်းနိုင်ငံကိုရွေးချယ်ခဲ့ပြီး ကားများအတွက် အီလက်ထရောနစ်ထုတ်ကုန်များ တင်ပို့ရန်အတွက်ထုတ်လုပ်ရာ အခြေစိုက်နေရာအဖြစ် အသုံးပြုသွားမည်ဟု သိရပါသည်။ Harman ကုမ္ပဏီ စီမံအုပ်ချုပ်မှုအကြီးအကဲ Sami Krimi က ထိုင်းနိုင်ငံသည် မော်တော်ကားနှင့် ဆက်စပ်နယ်ပယ်များတွင် စိတ်ချရသော အတွေ့အကြုံရှိ သောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စွဲဆောင်နိုင်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံကို ဒေသတွင်း ပြည်ပသို့တင်ပို့ရာစက်ရုံအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ စီးပွားရေးအစီအစဉ်၏

27 Jun 2024

      Foxconn  Singapore သည် ဗီယက်နမ်တွင် ပုံနှိပ် circuit board များထုတ်လုပ်ရန်အတွက် စက်ရုံတစ်ခုတွင် အမေရိကန်ဒေါ်လာ (၃၈၃)သန်းရင်းနှီးမြှုပ်နှံရန် လိုင်စင်ရရှိထား ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည်။

       Foxconn  သည် (၂၀၀၀)ခုနှစ်များတွင် အရှေ့တောင်အာရှနိုင်ငံများသို့ စတင်ဝင်ရောက်ကတည်းကပင် ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ(၃.၂)ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည်။  ၎င်း၏ကုန်ထုတ်စက်ရုံအများစုသည် ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်များဖြစ်သော  Bac Ninh နှင့် Bac Giang တို့တွင်တည်ရှိသည်။

27 Jun 2024

     အိန္ဒိယနိုင်ငံသည် ဇွန်လအတွက်စံချိန်တင် (၅၀၀၀၀၀)မက်ထရစ်တန်ရှိသည့် နေကြာဆီများကိုဝယ်ယူခဲ့ပြီး အဓိကထောက်ပံ့သည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ကြား ယှဉ်ပြိုင်မှု ကလည်း နေကြာဆီကို ပဲပိစပ်ဆီနှင့်စားအုန်းဆီတို့ထက် ဈေးသက်သာစေကြောင်း အကောက်ခွန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ အမည်မဖော်လိုသော ထိပ်တန်းဝယ်ယူသူ တစ်ဦးက နေကြာဆီကို ပဲပိစပ်ဆီနှင့် စားအုန်းဆီတို့ထက် ဈေးနှုန်းလျော့ချကာ ကုန်သွယ်လျက်ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှ ဝယ်လိုအားအလွန်မြင့်မားနေသည့် ဝယ်ယူသူများကိုဆွဲဆောင်လျက်ရှိနေကြောင်း ကြေညာခဲ့ပါသည်။

27 Jun 2024

      UAE နိုင်ငံအခြေစိုက်သည့် Spinneys Super Market ၏ ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် ဆိုင်ခွဲဖွင့်ပွဲတွင် ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် နဂါးမောက်သီးများကို ရောင်းချလျက်ရှိကြောင်းသိရပါသည်။

27 Jun 2024

    ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၃)ဘီလီယံရရှိ ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာနချုပ်၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမငါးလတာကာလတွင် ကော်ဖီတန်ချိန်(၈၆၂၄၀၀)တန် တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဥ်ပါက ပမာဏအားဖြင့် (၃၈)ရာခိုင်နှုန်းတိုးတက် ရရှိခဲ့ကြောင်းသိရပါသည်။ စျေးနှုန်းတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့် ပျမ်းမျှကော်ဖီစျေးနှုန်းမှာ မေလတွင် တစ်တန်ကို(၄၂၇၅)အမေရိကန်ဒေါ်လာရှိပြီး ဧပြီလထက် (၁၄)ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် (၆၆)ရာခိုင်နှုန်းမြင့်တက် ခဲ

27 Jun 2024

      ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးတွင် ကုန်သွယ်ရေးကဏ္ဍသည် တောက်ပစွာတည်ရှိလျက်ရှိပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း အထင်ကြီးစရာကြီးထွားမှုရှိခဲ့ကာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံရောက်ရှိရန် မျှော်မှန်းလျက်ရှိနေကြောင်းသိနေရပါသည်။

27 Jun 2024

   မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho သည် ဩစတြေးလျနှင့် အမေရိကန်ဈေးကွက်များသို့ သရက်သီးစိမ်းများအား ပထမအသုတ်တင်ပို့ရောင်းချခဲ့ကြောင်း ကြေညာသည့် အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။

    အခမ်းအနားကို CO DO ခရိုင်၊ ပြည်သူကော်မတီနှင့် ပို့ကုန်ကုမ္ပဏီတို့ ပူးပေါင်း၍ မြို့တော်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

27 Jun 2024

    စပိန်နိုင်ငံအတွင်း၌ ၎င်း၏ဝန်ဆောင်မှုများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်ကြိုးပမ်းနေသောကြောင့် ဉာဏ်ရည်တု(AI) နှင့် Cloud Computing တွင် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်ဟု ဇွန်လ ၂၀ ရက်နေ့ (ကြာသပတေးနေ့) ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

27 Jun 2024

    တူနာငါးတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၄၅၆.၈ သန်းသို့ ရောက်ရှိရန်မျှော်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၂၀% တိုးလာကြောင်း ဗီယက်နမ်ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်းမှ သိရှိရပါသည်။

      ၂၀၂၃ ခုနှစ်တွင် လျော့နည်းသွားပြီးနောက် ပို့ကုန်သည် ယခင်နှစ် ပထမ ၅ လတွင် ၂၂% တိုးလာကာ အမေရိကန်ဒေါ်လာ ၃၈၈ သန်းထိ ရရှိခဲ့သည်။

     တူနာစည်သွပ်ဗူးများ တင်ပို့မှုမှာ ၄၄%၊ တူနာအထုပ်များတင်ပို့မှုမှာ ၂၄% နှင့် အေးခဲနေသော တူနာငါးအသားလွှာများတင်ပို့မှုမှာ ၇% အသီးသီးတိုးတက်လာခဲ့သည်။

27 Jun 2024

    မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှုနှေးကွေးခြင်းနှင့် ပြည်ပတင်ပို့မှု မြင့်တက်ခြင်း တို့ကြောင့် စားအုန်းဆီဈေးနှုန်းသည် ဇွန်လမှစတင်၍ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) က ၁၄-၆-၂၀၂၄ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

27 Jun 2024

    အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် လိုအပ်ပါက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေး ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဂျုံပမာဏ လုံလောက်မှုရှိပြီး လက်ရှိစည်းကြပ်လျက်ရှိသော ဂျုံတင်သွင်းမှု သွင်းကုန်အခွန်နှုန်းထားကို ပြောင်းလဲမည့် အစီအစဉ်မရှိကြောင်း အစိုးရက ၁၃-၆-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။

27 Jun 2024

    ထိုင်းနိုင်ငံ၊ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့သည် Samut Prakan ပြည်နယ်ရှိ သိုလှောင်ရုံ တစ်ခုကို ဝင်ရောက်စစ်ဆေးသည့်အချိန်တွင် ဘတ် ၁၈ သန်းတန်ဖိုးရှိသော ဗီယက်နမ်မှ တရား မဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် တုပထုတ်လုပ်ထားသောနို့မှုန့်များကို သိမ်းဆည်းခဲ့ပြီး ရွှေ့ပြောင်းလုပ်သား ၆ ဦးကို ဖမ်းဆီးခဲ့ပါသည်။ ၁၃-၆-၂၀၂၄ နေ့၌ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် ရဲမှူးချုပ် Witthaya Sriprasertparb က ထိုင်းစားသုံးသူကာကွယ်ရေး ရဲဌာနခွဲမှ အရာရှိများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အရာရှိများသည်  Phra Pradaeng ခရိုင်၊ Bang Khru မြို့နယ်ရှိ သိုလှောင်ရုံတစ်ခုမှ နို့မှုန့်နှင့် အခြားဖြည့်စွက်

Pages