အရည်အသွေးမြင့်သစ်တော်သီးများ ဗီယက်နမ်သို့တင်ပို့ခဲ့သည့် တောင်ကိုရီးယား

Powered by Drupal

               တောင်ကိုရီးယား၏ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် ဗီယက်နမ်သို့ ၂၀၂၅ ရာသီသစ်တော်သီး ပထမအသုတ်တင်ပို့သည့် အခမ်း အနားကို စက်တင်ဘာလ ၉ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ပမာဏ ၁၆.၂ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၀၀၀ ရှိသည့် ပထမအသုတ်တင်ပို့မှုကို ဟိုချီမင်းမြို့တော်နှင့် ဟနွိင်း အစရှိသည့် ဗီယက်နမ်၏ အဓိကမြို့တော်များတွင် ဖြန့်ဖြူးမည်ဟု သိရပါသည်။ အေးမြသော ရာသီဥတုနှင့် မြင့်မားသောအရပ်ရှိသည့် Lai Chau ၊Lao Cai ၊ Ha Giang နှင့် Cao Bang ကဲ့သို့သော မြောက်ပိုင်းရှိ တောင်တန်းထူထပ်သောပြည်နယ်များတွင် အနည်းငယ်စိုက်ပျိုးနိုင်သော်လည်း ဗီယက်နမ်၏ရာသီဥတုသည် သစ်တော်သီးစိုက်ပျိုးရန် ယေဘူရအားဖြင့် မသင့်တော်ကြောင်း သိရပါသည်။  သို့သော် ပြည်တွင်းစိုက်ပျိုးသည့်သစ်တော်သီးများမှာ ရိတ်သိမ်းရာသီတိုတောင်းခြင်းနှင့် အအေးခန်းသိုလှောင်မှုမရှိပါက ပုပ်သိုးလွယ်သောကြောင့် အရွယ်အစားသေးငယ်ကြောင်း သိရပါသည်။ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် လည်း ၎င်းတို့၏သစ်တော်သီးများအား ဗီယက်နမ်ဈေးကွက်တွင် အရည်အသွေးမြင့်သစ်သီး အဖြစ် ရပ်တည်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ တင်ပို့သူများသည်လည်း သစ်သီး၏ အထူးချိုမြိန်မှု၊ လတ်ဆတ်မှုနှင့် တင်းကျပ်သည့်စံနှုန်းများလိုက်နာမှု အပေါ် အသားပေးပြောကြား ခဲ့ကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်း cooperative များသည် တန်ချိန် ၂၀၀ ရှိသော သစ်တော်သီးများကို ထိုင်းနှင့် အင်ဒိုနီးရှားအစရှိသည့် အခြားအရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ကာ ဒေသတွင်းတိုးချဲ့ရန် စီစဉ်နေကြောင်း သိရပါသည်။ Jeonju Horticultural Cooperative ၏ ဥက္ကဌဖြစ်သူ Lim Jong-gyeong က ထိုတင်ပို့မှုသည် စိုက်ပျိုးရေးသမားများနှင့် cooperative များကြား ပူးပေါင်းအားထုတ်မှုကိုရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထံမှ ပြင်းထန်သောယှဉ်ပြိုင်မှုရှိနေသော်လည်း Jeonbuk သစ်တော်သီးများသည် ၎င်းတို့၏ မြင့်မားသောအရည်အသွေးနှင့် အစားအစာလုံခြုံစိတ်ချရမှုတို့ကြောင့် အရှေ့တောင်အာရှ ဈေးကွက်တွင် ဦးဆောင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)