
ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် အိန္ဒိယတွင် ထုတ်လုပ်သည့် ၎င်းတို့၏ အကောင်းစား လျှပ်စစ်ကားများဖြစ်သည့် VF 6 နှင့် VF 7 မော်ဒယ်များကို စက်တင်ဘာ ၆ ရက်နေ့က တရားဝင်ရောင်းချခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည့် အိန္ဒိယဈေးကွက်အတွက် ကုမ္ပဏီ၏ ပထမဆုံးထုတ်ကုန်များဖြစ်ပြီး တောင်အာရှနိုင်ငံအတွက် စိမ်းလန်းမှုကို အသွင်ကူးပြောင်းရန် ကုမ္ပဏီ၏ အားကောင်းသောကတိကဝတ်ရှိမှုကို ပြသနေကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် VinFast Asia ၏ CEO ဖြစ်သူ Pham Sanh Chau က စက်တင်ဘာ ၆ ရက် နေ့သည် အိန္ဒိယနိုင်ငံတွင် အိန္ဒိယလူမျိုးများထုတ်လုပ်သည့် VinFastကားများစတင်ရောင်းချနိုင် သည့် သမိုင်းဝင်နေ့ရက်ဖြစ်ကြောင်း၊ အိန္ဒိယမိသားစုများအတွက် ဒီဇိုင်းဆွဲထားသည့် ပြီး ပြည့်စုံသော လျှပ်စစ်ရွေ့လျားမှုဂေဟစနစ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် VF 6 နှင့် VF 7တို့သည် အိန္ဒိယ စားသုံးသူများကြိုက်နှစ်သက်မည့် အကောင်းစားအရည်အသွေး၊ ဒီဇိုင်းနှင့် နည်းပညာတို့နှင့် ပြည့်စုံစွာသဟဇာတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Modelama Group ၏ ဥက္ကဌ Anuj Pandey က ထိုမော်ဒယ်နှစ်ခုသည် အိန္ဒိယလျှပ်စစ်ကားဈေးကွက်သို့ အချိန်ကိုက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်း၊ ကဏ္ဍ၏ ကြီးထွားမှုအလားအလာတို့သည် VinFast ၏ကားများအား စားသုံးသူစိတ်ဝင်စားမှုရရှိစေရန် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို အဆင့်အသစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ Manatec Electronics Pvt Ltd ရှိ Corporate Accounts & Regional Projects ၏ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ R.K. Ram က VF 6 နှင့် VF 7 နှစ်မျိုးစလုံးသည် အပေါင်းလက္ခဏာ ဆောင်သည့် အထင်အမြင်ကိုရရှိထားကြောင်းနှင့် အားသွင်းရုံအခြေခံအဆောက်အအုံအကန့်အသတ်ရှိသည့်အိန္ဒိယတွင် အခမဲ့အားသွင်းခွင့် ၃ နှစ် ပံ့ပိုးပေးမည့် VinFast ၏ ကတိကဝတ်ပြုမှု သည် သိသာထင်ရှားသောအားသာချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အခြေခံအဆောက်အအုံဝေမျှသုံးစွဲခြင်းထက် ၎င်းတို့၏ကိုယ်ပိုင်အားသွင်းရုံကွန်ယက်တည်ထောင်ရန် အဓိကထားနေခြင်းက ဈေးကွက် အတွက် ရေရှည်မျှော်မှန်းချက်ကို ရောင်ပြန်ဟပ်နေကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)