ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jul 2024

      ၂၀၂၄ ခုနှစ်၊ ပထမ(၅)လတာကာလတွင် ထိုင်းနိုင်ငံသည် ဘတ် ၉၄.၆ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ဘီလီယံ) တန်ဖိုးရှိသည့် ဆန်တန်ချိန် ၄.၀၆သန်းတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၆.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း(TREA) ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့ပါသည်။ သို့သော် မေလတွင် ဆန်ဖြူနှင့်ပေါင်းဆန်မှာယူမှုလျော့ကျခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာ ၆၅၉၅၆၆တန်ဖြင့် ၂၉.၃ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ အဓိကဆန်ဖြူတင်ပို့သည့် ဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်၊ အန်ဂိုလာ၊ မလေးရှား၊ ကင်မရ

09 Jul 2024

      ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၆.၄၂ရာခိုင်နှုန်းကြီးထွားလာပြီး ၂၀၂၂ခုနှစ် တူညီသည့်ကာလ၏ ၆.၅၈ရာခိုင်နှုန်းထက် အနည်းငယ်သာနိမ့်ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO)က ဟနွိုင်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ လယ်ယာသစ်တော-ငါးလုပ်ငန်းနယ်ပယ်၊ စက်မှုလုပ်ငန်း-ဆောက်လုပ်‌‌ရေးနှင့်ဝန်ဆောင်မှုနယ်ပယ်တို့သည် ၃.၃၈ရာခိုင်နှုန်း၊ ၇.၅၁ရာခိုင်နှုန်းနှင့် ၆.၆၄ရာခိုင်နှုန်း အသီးသီးကြီးထွားလာကြောင်းသိရပါသည်။ ဝန်ဆောင်မှုကဏ္ဍ၊ တင်ပို့မှုမြင့်တက်လာမှု၊ စားသုံးသူဝယ်လိုအား၊ ကမ္ဘာလုံးဆိုင်ရာပြန်လည်နာလန်ထူလာမှုတို့သည

09 Jul 2024

       ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးအုပ်စုများမှ ခေါင်းဆောင်များနှင့် ဇူလိုင်လ ၁ရက်နေ့က သီးခြားအစည်းအဝေးများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၀၇ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၅.၁ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် Hyosung Group ၏ ဥက္ကဋ္ဌ Cho Hyun-joon နှင့်တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဇီဝနည်းပညာနှင့် အခြားနယ်ပယ်များတွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးတွ

09 Jul 2024

       ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် စည်သွပ်ထားသော တူနာငါး အမေရိကန်ဒေါ်လာ ၉၇၉သန်းတန်ဖိုးတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၄ရာခိုင်နှုန်းမြင့်တက်လာကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO)၏ ညွှန်ကြားရေးမှူးချူပ် Poonpong Naiyanapakorn  က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်တွင် စည်သွပ်ထားသော တူနာတန်ချိန် ၂၂၁၀၉၂တန်တင်ပို့ခဲ့ကြောင်းသိရပါသည်။ စည်သွပ်ထားသော တူနာငါးကို တိရစ္ဆာန်အစားအစာထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းသိရပါသည်။ ၂၀၂၄၏ ပထမ(၅)လတွင် ထိုင်းနိုင်ငံ၏ တိရစ္ဆာန်အစားအစာတင်ပို့မှုမှာ အမေရိက

09 Jul 2024

      အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီစေ့ ၁၉၀တန်ကို North Sumatra ရှိ Deli Serdang စီရင်စုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က အမေရိကန်ဒေါ်လာ ၁.၅သန်းတန်ဖိုးရှိသည့် ကော်ဖီစေ့ကွန်တိန်နာ (၁၀)လုံးအားတင်ပို့ရန် အခွင့်အရေးရရှိခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတင်ပို့မှုပမာဏကို ဆက်လက်အရှိန်မြှင့်တင်ရန်လိုအပ်နေပြီး ကော်ဖီကို နိုင်ငံ၏အထင်ကရပို့ကုန်ပစ္စည်းဖြစ်လာရန် စဉ်းစားယူဆလျက်ရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားအစိုးရသည် လတ်တလောတွင် ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုစည်းမျဉ်းက

09 Jul 2024

     တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဒူးရင်းသီးတင်သွင်းသည့် အရင်းအမြစ် ၃၃ခုကို ယခုလတွင် ပိတ်ပင်လိုက်ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက အသီးများတွင် သတ္တုဓာတ်များပါဝင်မှုအလွန်များပြားနေမှုကြောင့် ဒူးရင်းစိုက်ခင်း ၁၈ခုနှင့် ထုပ်ပိုးသည့်ကုမ္ပဏီ ၁၅ခုအနေဖြင့် တင်သွင်းမှုကို ရပ်တန့်တော့မည်ဟု ဗီယက်နမ်တွင် တရားဝင်စာထုတ်ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် စိုက်ခင်း ၃၃ခုနှင့် ထုပ်ပိုးသည့်ကုမ္ပဏီ ၄၀တို့ကို တင်သွင်းရန်မသင့်လျော်ဟု ယူဆလျက်ရှိကြောင်းသိရပါသည်။ တရုတ်နိုင်ငံအကောက်ခွန်က ပြည်တွင်းဥပဒေများ၊ နှစ်ဦးနှစ်ဖက်သဘောတူညီချက်နှင့် ဒူးရင်းသီးကုန်သ

09 Jul 2024

       ယခုနှစ်၏ ပထမနှစ်ဝက်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပတင်ပို့မှုတန်ဖိုးခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁၈၈.၉၇ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၈ရာခိုင်နှုန်းတိုးတက်လာကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT)လက်အောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဦးစီးဌာန၏ အစီရင်ခံစာအရသိရပါသည်။ ဌာန၏ညွှန်ကြားရေးမှူး Bui Duy Son က နိုင်ငံများစွာ၏ ကုန်ပစ္စည်းများတင်သွင်းမှု တစ်ဖန်ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစီးပွား‌ရေးအပေါင်းလက္ခဏာဆောင်သည့် လမ်းကြောင်းရောက်ရှိနေခြင်းသည် ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်တင်ပို့မှုအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်

09 Jul 2024

        ဝါရှင်တန် (AP) - အမေရိကန်စီးပွားရေးသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ နှစ်စဉ်တိုးတက်မှုနှုန်း ၁.၄ရာခိုင်နှုန်းသို့ကြီးထွားလာခဲ့ပြီး ၂၀၂၂ခုနှစ် နွေဦးရာသီနောက်ပိုင်း အနှေးကွေးဆုံး သုံးလပတ်တိုးတက်မှုဖြစ်ကြောင်း အစိုးရက ၎င်း၏ယခင်ခန့်မှန်းချက်ကိုပြောင်းလဲ၍ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မြင့်မားသောအတိုးနှုန်းများသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကိုထိခိုက်စေနိုင်သည်။ယခုအခါ အမေရိကန်နိုင်ငံ၏စီးပွားရေးတိုးတက်နှုန်းမှာ ကနဦးခန့်မှန်းချက်မှ ၂ရာခိုင်နှုန်းကျဆင်းသွားကာ စားသုံးသူအသုံးစရိတ်သည် ၁.၅ရာခိုင်နှုန်းဖြင့်တိုးလာသည်။

08 Jul 2024

    အိန္ဒိယနိုင်ငံသည် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ပြောင်း၊ နေကြာဆီကြမ်း၊ သန့်စင်ပြီးမုန်ညင်းဆီနှင့် နို့မှုန့်တို့အား ကန့်သတ်အကောက်ခွန်နှုန်းဖြင့် တင်သွင်းခွင့်ခွဲတမ်း (Tariff-Rate Quota - TRQ) သတ်မှတ်လျက် တင်သွင်းခွင့်ကို ၂၆-၆-၂၀၂၄ နေ့ တွင်ခွင့်ပြုပေးခဲ့ပြီး တင်သွင်းသူများအနေဖြင့် အကောက်ခွန်နှုန်း သုည သို့မဟုတ် နိမ့်ကျသော နှုန်းထားဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဇွန်လ ၂၆ ရက် နေ့တွင် ဖော်ပြထားပါသည်။

08 Jul 2024

     ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်၌ ဟက်တာတစ်သန်းခန့်ရှိ ၎င်း၏အရည်အသွေးမြင့် ဆန်စပါး စိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

08 Jul 2024

   ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် ပျမ်းမျှဆန်ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများမှ ၂၆-၆-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည့် အချက်အလက်များအရ သိရှိရပြီး ယခင်နှစ် နွေရာသီ၌ ပုံမှန်မဟုတ်သော အပူချိန်မြင့်မားမှုကြောင့် ဆန်ထောက်ပံ့မှု လျော့ကျလာခြင်းနှင့် ဂျပန်နိုင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်မှု တိုးတက်လာပြီး ဝယ် လိုအား မြင့်မားလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ပညာရှင်များက ပြောဆို ကြသည်။

08 Jul 2024

    တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဗီယက်နမ်ဒူးရင်းစိုက်ခင်းနှင့် ကုမ္ပဏီ ၃၃ ခုထံမှ ဒူးရင်းသီးတင်သွင်းမှုအား ရပ်ဆိုင်းခဲ့ကြောင်း၊ အဆိုပါအရွေ့တွင် စိုက်ပျိုးသူအချို့အနေဖြင့် ဈေးကွက်အနေ အထားအရ ကြီးမား၍ ပြိုင်ဆိုင်မှုရှိသော စျေးကွက်သို့ လျင်မြန်စွာဝင်ရောက်ရန် ဖြတ်လမ်းနည်းလမ်းများ ရရှိနိုင်ကြောင်းနှင့် စိတ်အားထက်သန်သော ပြိုင်ဘက်အများအပြားအား ပါဝင်ယှဉ်ပြိုင်ရန် လမ်းဖွင့်ပေးထားကြောင်း သိရှိရသည်။

Pages