ပြည်ပကုန်သွယ်မှုသတင်းများ
တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှု ခိုင်မာအားကောင်းစေရေးအတွက် အစိုးရက ကြိုးပမ်းအားထုတ်လုပ်ဆောင်နေချိန်၌ စပါးအဓိကစိုက်ပျိုးရာ နယ်မြေဒေသများတွင် မကြာသေးမီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ခြင်းက ကောက်စောစပါးများ ရိတ်သိမ်းရရှိမှုကို လျော့ကျစေနိုင်ပြီး နှစ်စဉ်ဆန်စပါးထွက်ရှိမှုအပေါ် ဖိအားများ သက်ရောက်လျက်ရှိကြောင်း သိရှိ ရသည်။
တရုတ်နိုင်ငံ၌ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံများအား စိုက်ပျိုးထုတ်လုပ်မှုမှာ ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး တိရစ္ဆာန်မွေးမြူရေး အစားအစာနှင့် အီသနောလောင်စာ ထုတ်လုပ်ရာတွင် ပီလောပီနံမှုန့်၏ နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် အလားအလာများရှိနေသဖြင့် ထိုင်းနိုင်ငံရှိ လယ် သမားများနှင့် ပီလောပီနံစိုက်ပျိုးသူများအနေဖြင့် ဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ထိုင်းကုန်သွယ်မှုမူဝါဒနှင့်မဟာဗျူဟာရုံး (TPSO) က သတိပေးချက်ထုတ်ပြန်ထားပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရန်နှင့် ကုန်စည်လုံလောက်မှု သေချာခိုင်မာစေရန်အတွက် အနည်းဆုံးပမာဏအားဖြင့် သကြားတန်ချိန် ၂၀၀၀၀၀ ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရသည်။
ကမ္ဘောဒီးယားနိုင်ငံကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Kith Meng က အာဆီယံနှစ်နိုင်ငံကြား ခိုင်မာသော စီးပွားရေးဆက်ဆံမှုတည်ဆောက်ရန်အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြရန် စင်္ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကိုတောင်းဆိုခဲ့သည်။

ကမ္ဘောဒီးယားစိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံနှင့်ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုမြှင့်တင်ရန် ကမ္ဘောဒီးယား-တရုတ် ပီလောပီနံမဟာမိတ်အသင်း(CCCAA)ကို ၂၀-၆-၂၀၂၄ နေ့ရက်က တရားဝင်တည်ထောင်ခဲ့ပါသည်။ အသင်း၏ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအတွင်းရေးမှူး Va Roth San နှင့် စိုက်ပျိုးရေးကဏ္ဍအသင်းမှ အဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များက ဦးဆောင်ကျင်းပခဲ့ကြောင်းသိရပါသည်။ အသင်းတည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားပီလောပီနံနယ်ပယ်ကွင်းဆက် အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်ဖြစ်ကြောင်းသိရပါသည်။

ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အလားအလာနှင့် အခွင့်အရေးရှိနေကြောင်း ငါးလုပ်ငန်းနယ်ပယ်မှ အတွင်းလူတစ်ဦးက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဇွန်လ ၂၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်နှင့် စင်္ကာပူငါးလုပ်ငန်းစီးပွားရေးချိတ်ဆက်မှုညီလာခံတွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံကို ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)၊ စင်္ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဟိုချီမင်းမြို့တော်၊ ပြင်ပဆက်ဆံရေးဌာနက ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ VANEP ၏ ဒုတိယအထွေထွေအတွင်းရေးမှူး To T

ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေး တတိယအဆင့်ဆွေးနွေးမှုမှာ လတ်တလောတွင် ပြီးဆုံးသွားပြီဖြစ်ပြီး စတုတ္ထအဆင့်ဆွေးနွေးမှုကို နိုဝင်ဘာလ ၄ရက်နေ့၌ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdilul က ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) အတွက် တတိယအဆင့်ဆွေးနွေးပွဲကို ဇွန်လ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုများမှာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ၂၀၏ အစည်းအဝေးန

အီလက်ထရောနစ်၊ စတီးလ်နှင့် ပလတ်စတစ်ထုတ်လုပ်သည့် များစွာသောပြည်တွင်းစက်ရုံများသည် ဝယ်ယူရန် အမှာများကျဆင်းမှုနှင့် ထိုင်းနိုင်ငံဈေးကွက်သို့ ဈေးသက်သာသည့်သွင်းကုန်များ ဝင်ရောက်လွှမ်းမိုးလာမှုတို့ကြောင့် ယခုနှစ်တွင် ယိမ်းယိုင်နေရကြောင်း ထိုင်းနိုင်ငံစက်မှုဝန်ကြီးက ပြောကြားခဲ့ပါသည်။ စက်ရုံပိတ်ရမှုများအား စက်ရုံများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကိုအခြေခံ၍ အဆင့်ခွဲထားကြောင်းသိရပါသည်။ ပိတ်လိုက်ရသည့် အီလက်ထရောနစ်အစိတ်အပိုင်းများနှင့် ပုံနှိပ်သည့်ဆားကစ်ဘုတ်စက်ရုံများသည် ဘတ်၂.၂၉ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်းသိရပါသည်။ ဒုတိယနေရာတွင် စတီးလ်နှင့် သံစက်ရုံ

ဗီယက်နမ် (Reuters) - ဗီယက်နမ်ကော်ဖီစိုက်ပျိုးသူများသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အဆိုးရွားဆုံးမိုးခေါင်မှုကို ယခုနှစ်အတွင်း အဆိုးရွားဆုံးကြုံတွေ့ခဲ့ရပြီး တချို့သော တောင်သူလယ်သမားများသည် စိုက်ပျိုးနည်းစနစ်ကောင်း၍ အထွက်နှုန်းကောင်းနေသော်လည်း ကမ္ဘာတစ်ဝန်းတွင် espressos ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီထုတ်လုပ်သည့် ဗီယက်နမ်တွင် လာမည့်ရာသီရိတ်သိမ်းမှုအတွက် ပြည်တွင်းခန့်မှန်းချက်မှာ ဆိုးရွားနေဆဲဖြစ်သည်။
လန်ဒန် (Reuters) - Wall Street စတော့ရှယ်ယာဈေးကွက်နှင့်အမီလိုက်နိုင်ရန်နှင့် ဥရောပသမဂ္ဂတွင် စတော့ရှယ်ယာရောင်းဝယ်မှုပြဿနာများကို လျင်မြန်လွယ်ကူစွာဖြေရှင်းနိုင်ရန် ထိန်းကျောင်းနိုင်သည့် ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပြီး ယင်းကုန်ကျစရိတ်များနှင့်ပတ်သက်၍ စျေးကွက်ပါဝင်သူများနှင့် အတိုက်အခံများမှာ စတော့ရှယ်ယာဈေးနှစ်ဆကျဆင်းလာခြင်းကြောင့် ကုန်ကျစရိတ်များအတွက် စိုးရိမ်နေရကြောင်း EU တာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံ ၂၇နိုင်ငံအစုအဖွဲ့အနက် အီးယူသည် Deutsche Boerse၊ Euronext နှင့် အခြားပလက်ဖောင်းများတွင် လုပ်ငန်းစတော့ရှယ်ယာရောင်းဝယ်မှုပြီးမြောက်ရန် အချိန်
အင်ဒိုနီးရှားနိုင်ငံ၏ အရန်ဆန်သိုလှောင်မှု ခိုင်မာစေရေးအတွက် နိုင်ငံပိုင် ထောက်ပံ့ ပို့ဆောင်ရေး အဖွဲ့အစည်းဖြစ်သော Bulog ၏ မကြာသေးမီက ဆောင်ရွက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံရှိ ဆန်ကုမ္ပဏီများအား ရယူပိုင်ဆိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ မရှိဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအများစုတွင် ကော်ဖီသီးနှံအသစ် စတင်ထွက်ပေါ်သည့် အောက်တိုဘာလ၌ ကော်ဖီထုတ်လုပ်မှုသည် အိတ် ၇ သန်း (ရာခိုင်နှုန်းအားဖြင့် ၄.၁ %) ခန့် ထုတ်လုပ်မှုတိုးတက်လာ မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ၆ လပတ်အစီရင်ခံစာ၌ ဖော်ပြချက်ကို ကိုးကားလျက် Hellenic Shipping News သတင်းဌာနက ၂၂-၆-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
