ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jun 2024

    အိန္ဒိယနိုင်ငံ၌ အရန်ဆန်သိုလှောင်ထားရှိမှုမှ တန်ချိန် ၁၇ သန်းမှ ၁၈ သန်း အထိ ပိုလျှံသည့်ပမာဏကို ၂၀၂၄-၂၅ ခုနှစ်အတွင်း ဈေးကွက်သို့ ဖြန့်ဖြူးရန်အတွက် အစိုးရသည် သက်ဆိုင်သူများ နှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။ အစိုးရ၏ ဈေးကွက်ဖြန့်ဖြူးမှု နည်းလမ်းများတွင် အများ ပြည်သူသို့ ဖြန့်ဖြူးသည့်စနစ်အောက်၌ အပိုခွဲဝေပေးခြင်း၊ ပွင့်လင်းမြင်သာသည့် ဈေးကွက် ရောင်းချမှု အစီအစဉ်ဖြင့် အပတ်စဉ် အီလက်ထရောနစ်လေလံဖြင့် ရောင်းချခြင်း၊ ပြည်နယ်များသို့ လက်လီဈေးနှုန်း အမြင့်ဆုံးဖြင့် တိုက်ရိုက်ရောင်းချခြင်းများ ပါဝင်ပါသည်။

27 Jun 2024

    အစိုးရ၏ ကုန်စည်များပေါ်တွင် အခွန်လျှော့ချရန် ဆုံးဖြတ်ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ယခုနှစ် ဆန်တင်သွင်းမှုသည် တန်ချိန် ၄.၆ သန်းအထိ ရှိလာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဦးစီးဌာန (USDA) က ဖော်ပြထားသည်။ ဖိလစ်ပိုင်အစိုးရက သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီးနောက် USDA  သည် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ခန့်မှန်းချက်ကို အစောပိုင်းက မျှော်မှန်းထားသည့် တန်ချိန် ၄.၁ သန်းထက် တန်ချိန် ၅၀၀၀၀၀ ထပ်မံ တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။

27 Jun 2024

     ထိုင်းနိုင်ငံတွင် V8 Intertrading ကုမ္ပဏီအနေဖြင့် ယင်လပ်ရှင်နာဝပ်ထရာအစိုးရ၏ ဆန် အပေါင်ခံထားသည့် အစီအစဉ် (rice-pledging scheme) မှ ကျန်ရှိသော ဆန်တန်ချိန် ၁၅၀၀၀ ကို လေလံဈေး အမြင့်ဆုံးဖြစ်သည့် ဆန် (၁) တန်လျှင် ဘတ် ၁၉၀၇၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

27 Jun 2024

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံသို့ ငှက်ပျောသီး တန်ချိန် ၃၅၅၀၀၀ တင်ပို့လျက် ၎င်းဈေးကွက်သို့ ငှက်ပျောသီး အများဆုံးတင်ပို့သည့် ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း၊ အဆိုပါပမာဏသည် ဒုတိယအကြီးဆုံးတင်ပို့သူ ဖိလစ်ပိုင်မှ တင်ပို့သည့် ပမာဏ၏ ၂.၄ ဆရှိပြီး တရုတ်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှု၏ ၄၈.၆% ရှိကြောင်း၊ ဗီယက်နမ် အနေဖြင့် ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျောသီးတင်ပို့သည့် ဖိလစ်ပိုင်နိုင်ငံကို ကျော်တက်အောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

27 Jun 2024

     အနောက်ကမ္ဘာခြမ်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အကြီးမားဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံအနေဖြင့် ဆယ်စုနှစ် ၂ ခုကာလအတွင်း အမြင့်မားဆုံးပမာဏအဖြစ် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၁.၃ သန်းအထိ တင်သွင်းရဖွယ်ရှိသည်။ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ Rio Grande do Sul နယ်မြေဒေသ၌ ရာသီဥတုဆိုးရွားမှုနှင့် ဒေသတစ်ခုလုံး ရေလွှမ်းနစ်မြုပ်ကြောင့် ၂၀၂၃-၂၄ သီးနှံ ရာသီတွင် ဘရာဇီးနိုင်ငံ၏ ဆန်ထွက်ရှိမှုမှာ တန်ချိန် ၇ သန်းခန့်သာ ရှိနိုင်မည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လအတွက်ထုတ်ဝေသည့် Grain: World Markets and Trade’ report အစီရင်ခံစာ၌ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။

27 Jun 2024

          မလေးရှားနိုင်ငံ အခြေစိုက်၊ သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ ၁၉-၆-၂၀၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အရွက်ကြွေသည့်ရာသီကာလ ကုန်ဆုံးပြီးနောက် ရော်ဘာထုတ်လုပ်မှုပြန်လည်စတင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ် မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက် ဈေးကွက်၌ မှိုင်းခံရော်ဘာအဆင့်-၃ (RSS-3) အတန်းအစားမှအပ ကျန်ရှိသော သဘာဝရော်ဘာများ၏ ဈေးကွက်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ရော်ဘာထုတ်လုပ်ရာနိုင်ငံ များရှိ ငွေကြေးတန်ဖိုး ခိုင်မာမှုအခြေအနေက သဘာဝရော်ဘာဈေးကွက်အပေါ် ဆက်လက် လွှမ်းမိုးမှု ရှိမည်ဖြစ်ကြောင်း၊ အခြားအကြောင်းအရင်းများကလည်း ရော်ဘာဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် သက်ရောက်

27 Jun 2024

    ကောက်ပဲသီးနှံ ရောင်းလိုအားပိုလျှံမှုနှင့် စားသုံးမှုကျဆင်းခြင်းတို့အရ ပြည်ပမှ ဝယ်ယူမှုကို ယခင်က ကြီးမားစွာ လုပ်ဆောင်ခဲ့ရခြင်းမရှိသော တရုတ်နိုင်ငံ အနေဖြင့် ရာသီဥတုခြောက်သွေ့မှု ဒဏ်ကို ကြုံတွေ့ရခြင်းကြောင့် ဂျုံနှင့် ပြောင်းတို့ အထွက်လျော့ကျမည်ဟု ခန့်မှန်းရပြီး ကောက်ပဲ သီးနှံ တင်သွင်းမှု မြင့်တက်လာဖွယ်ရှိသည်ဟု တရုတ်နိုင်ငံအခြေစိုက် စိုက်ပျိုးရေး အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော BOABC ကို ကိုးကားလျက် Bloomberg သတင်းဌာနက ဖော်ပြထားသည်။

27 Jun 2024

          အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုကောင်းမွန်မည့် ခန့်မှန်းချက်နှင့်အတူ သီးနှံစိုက်ပျိုးမှု တိုးတက်လာမှုနှင့် ပြည်ပမှသွင်းကုန်များဝင်ရောက်လာမှုတို့အရ အဓိကပဲသုံးမျိုးဖြစ်သော ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှစ၍ ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယစားသုံးသူရေးရာအတွင်းဝန် Nidhi Khare က ၁၄-၆-၂၀၂၄ နေ့၌ ပြောကြားခဲ့ပါသည်။

27 Jun 2024

          အိန္ဒိယနိုင်ငံအနေဖြင့် ကုလားပဲထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ပြည်တွင်း၌ရောင်းလိုအား နည်းပါးလျက်ရှိမှုကို မြှင့်တင်ရန်အတွက် ယခင်နှစ် ဒီဇင်ဘာလမှစတင်၍ စားတော်ပဲများကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုလျက် တန်ချိန် ၁.၆ သန်း တင်သွင်းမှုအပြင် ဩစတေးလျနိုင်ငံထံမှ ကုလားပဲတန်ချိန် ၁.၁ သန်းခန့်အထိကိုလည်း တင်သွင်းဖွယ်ရှိကြောင်း အိန္ဒိယ Financial Express သတင်းဌာနက ဖော်ပြပါသည်။

26 Jun 2024

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

25 Jun 2024

        တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မျဉ်းတကြောင်းကိုဖြတ်ကျော်၍ သုံးပွင့်ဆိုင်ကုန်သွယ်ရေး သဘောတူညီချက်ကို ရယူနိုင်လျှင် အကျိုးရှိမည်ဖြစ်သော်လည်း ပထဝီနိုင်ငံရေး တင်းမာမှုနှင့် အခြားသော ပြဿနာများကြောင့် ကြီးမားသော စိန်ခေါ်မှုများကို ကျော်လွှားရမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

25 Jun 2024

ကုန်သွယ်မှုဆိုင်ရာ တင်းမာမှုများရှိနေသော်လည်း မေလတွင် တရုတ်နိုင်ငံ၏ ပို့ကုန်သည် တစ်နှစ် ကျော်အတွင်း အလျင်မြန်ဆုံး တိုးလာသည်ဟု သောကြာနေ့က ထုတ်ပြန်သော အကောက်ခွန်ဒေတာအရ သိရသည်။

Pages