ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2024

     SUZUKI မော်တော်ကားကော်ပိုရေးရှင်းသည် လျှပ်စစ်နှင့် Hybrid မော်တော်ယာဉ်များထုတ်လုပ်မှုကို အာရုံစိုက်နိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် ကားများထုတ်လုပ်မှုကို ၂၀၂၅နှစ်ကုန်တွင် ရပ်တော့မည်ဖြစ်ကြောင်း ၇-၆-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ သို့သော် ဂျပန်ကားကုမ္ပဏီကြီးသည် ဂျပန်၊ အိန္ဒိယနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများရှိ စက်ရုံများမှထုတ်လုပ်သည့် မော်တော်ကားများ၊ လျှပ်စစ်ကားများနှင့် Hybrid ကားများကို ထိုင်းနိုင်ငံသို့တင်သွင်းပြီး ရောင်းချခြင်းနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်းများ ဆက်လက်ပြုလုပ်သွားရန်စီစဉ်ထားကြောင်းသိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကဏ္ဍကူးပြောင်းလာမှ

14 Jun 2024

     ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကနေဒါစီးပွားရေးလုပ်ငန်းများ၏ အာရုံစိုက်မှုကိုဆွဲဆောင်ရန်နှင့် အရှိန်အဟုန်နှင့်တိုးတက်နေသည့် အာရှဈေးကွက်၌ အခွင့်အရေးများရှာဖွေနေကြသူများအတွက် ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် ကနေဒါနိုင်ငံမှ အေဂျင်စီများနှင့် တိုရွန်တိုမြို့တွင် စီးပွားရေးဆွေးနွေးပွဲကျင်းပရန် ညှိနှိုင်းလျက်ရှိပါသည်။ ကနေဒါနိုင်ငံ၊ ဗီယက်နမ်သံရုံးရှိ ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Tran Thu Quynh က အခမ်းအနားတွင်ဆွေးနွေးမည့် ကျွမ်းကျင်သူများနှင့် ဆွေးနွေးမည့်သူများသည် ဗီယက်နမ်နိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးနှင့်ပတ်သက်၍ အ

14 Jun 2024

    ၂၀၂၄ခုနှစ်၊ ပထမ(၅)လတာကာလတွင် တရုတ်နိုင်ငံ၏ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏစုစုပေါင်းသည် ယွမ်၁၇.၅ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၄၆ထရီလီယံ)ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ပထမ(၅)လတာကာလထက် ၆.၃ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ၏ ဖော်ပြချက်အရသိရပါသည်။ ပြည်ပသို့တင်ပို့မှုပမာဏမှာ ယွမ်၉.၉၅ထရီလီယံဖြင့် ၆.၁ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်းသို့တင်သွင်းမှုမှာ ယွမ်၇.၅၅ထရီလီယံဖြင့် ၆.၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့၏ ကိန်းဂဏန်းအချက်အလက်နှင့် လေ့လာစိစစ်ချက်ဌာန၏ ညွှန်ကြားရေးမှူး Lyu Daliang က ယခုနှစ်အစမှစ၍ နိုင်ငံခြားကုန်သွယ်မှုတွ

14 Jun 2024

     နှစ်နိုင်ငံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြင့်ရန်သဘောတူညီခဲ့ကြပြီး ရလဒ်ကောင်းများရရှိနိုင်ရန် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် ပါကစ္စတန်ဝန်ကြီးချုပ် Shebbaz Sharif တို့သည် ဘေကျင်းမြို့တွင် ဇွန်လ ၈ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

14 Jun 2024

     ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံထားမည်ဟု ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့ (စနေနေ့) တွင်ကြေညာခဲ့သည်။

      ကျောက်မီးသွေးတင်ပို့မှုသည် ဂါဇာကမ်းမြောင်တွင် လူမျိုးတုံးသတ်ဖြတ်မှုရပ်တန့်သွားမှသာ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း Petro က ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင်ရေးသားခဲ့သည်။ ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်များရုပ်သိမ်းသင့်သည်ဟူသော မကြာသေးမီက အပြည် ပြည်ဆိုင်ရာတရားရုံး၏အမိန့်ကို အစ္စရေးကလိုက်နာမှသာ ကျောက်မီးသွေးတင်ပို့မှုကို ပြန်လည်စတင်နိုင်မည်ဟု Petro က ထုတ်ပြန်ထားသည်။

10 Jun 2024

     ၂၀၂၄ ခုနှစ်ပထမလေးလတွင် ထုတ်လုပ်မှုလျှော့ကျခဲ့သော်လည်း ထိုင်းနိုင်ငံမော်တော် ဆိုင်ကယ်ထုတ်လုပ်မှုပမာဏသည် ယခုနှစ်အတွက်ရည်မှန်းချက်ဖြစ်သည့်အစီးရေ (၂.၁၂)သန်း ကို ရောက်ရှိရန်မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI) ပြောကြားခဲ့ပါသည်။ နိုင်ငံတွင် အိမ်ထောင်စုအကြွေးနှုန်းမြင့်တက်လာမှုကြောင့် ဘဏ်များမှာငွေချေးရာတွင် ပိုမိုစိစစ်လာမှုကြောင့် ကားထုတ်လုပ်သူများကဲ့သို့ မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများမှာ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားနည်းသည့်ပြသနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ FTI ၏ ဒုတိယ ဥက္ကဌနှင့် မော်တော်ယာဥ်စက်မှုလုပ်ငန်းအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ

10 Jun 2024

     ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ပြည်တွင်းမှ ဆန်တင်ပို့သူများကို အမေရိကန်ဈေးကွက်ရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အမေရိကန်နိုင်ငံ Otis Mcallister ကုမ္ပဏီမှ  ကမ္ဘာလုံး ဆန်နှင့်ကောက်ပဲ သီးနှံရင်းမြစ်ရှာဖွေရေး ဒုတိယဥက္ကဌ Patrick Murphy၊ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူပြုလုပ်သည့် ကမ္ဘောဒီးယားမှဆန်များကို အမေရိကန်ဈေးကွက်သို့ ပိုမို ပို့ဆောင်နိုင်မည့် ဖြစ်နိုင်ချေများကို ဆွေးနွေးသည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်

10 Jun 2024

    ဒတ်ချ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရေးဆွဲထုတ်လုပ်သည့် NXPကုမ္ပဏီနှင့် ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော TSMC ကုမ္ပဏီ၏ကျောထောက်နောက်ခံပြု Vanguard International တို့သည်မော်တော်ယာဥ်၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့်မိုဘိုင်းကုန် စျေးကွက်များ ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇.၈ဘီလီယံတန်ဖိုးရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုစက်ရုံကို စင်ကာပူနိုင်ငံတွင် တည်ဆောက်ရန် ဖက်စပ်ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကုမ္ပဏီများက ဇွန်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့သည်။

10 Jun 2024

       ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ပမာဏရှိသည့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) အဆိုအရ သိရပါသည်။ အဆိုပါကာလအတွင်း တူနာငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၇ သန်း ပမာဏရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တူနာဈေးကွက်ကျွမ်းကျင်သူ Nguyen Ha က ငွေကြေးဖောင်းပွမှုကို စိတ်ကုန်နေသော စားသုံးသူများသည် ငွေကြေးချွေတာလာကြပြီး ဈေး

10 Jun 2024

    ရုရှားနိုင်ငံသည် PPP (Purchasing Power Parity) သတ်မှတ်ချက်အရ ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့စတုတ္တအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာကြောင်း ဇွန်လအစတွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်မှပြန်လည်ပြင်ဆင်ထားသော အချက်အလက်များအရ သိရသည်။

10 Jun 2024

     အင်ဒိုနီးရှား၏ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ပျိုးရေးတိုးချဲ့ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (BPPSDMP) အကြီးအကဲ Dedi Nursyamsi က ၂၀၂၃ ခုနှစ်၏ ရှည်လျားလှသော ခြောက်သွေ့သောရာသီဥတုအခြေအနေများကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျသွားကြောင်း ဇွန်လ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထောက်ပြခဲ့သည်။

07 Jun 2024

   ထိုင်းနိုင်ငံ၌ စားအုန်းဆီကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံလုပ်ငန်းရှင်များအနေဖြင့် တောင်သူများထံမှ ဆီအုန်းသီး တစ်ကီလိုဂရမ်လျှင် အနည်းဆုံး ဘတ်ငွေ ၄ ဒသမ ၅၀ နှုန်းဖြင့်ဝယ်ယူရန် ညွှန်ကြားချက်ကို ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Suriam က လက်မှတ်ရေးထိုးပြီး စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်ရေးအသင်း၏ ဥက္ကဋ္ဌထံ ၂၉-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပေးပို့လျက် ထုတ်ပြန်ထားကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

Pages