
သြစတြေးလျနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် အချိန်ပြည့်အလုပ်အကိုင်များ လျော့ကျ သွား သော်လည်းသြဂုတ်လတွင် ၄.၂ ရာခိုင်နှုန်း ၌တည်ငြိမ်လျက်ရှိပါသည်။ သြစတြေးလျ စာရင်းအင်းဌာန (ABS) က ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများအရ ဇူလိုင်လနှင့် သြဂုတ်လတွင် အလုပ်လက်မဲ့ နှုန်း ၄.၂ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြခဲ့ပါသည်။
အလုပ်လုပ်ကိုင်နေသော သြစတြေးလျနိုင်ငံသားစုစုပေါင်းသည် ဇူလိုင်လနှင့် သြဂုတ်လကြားတွင် ၅၄၀၀ ဦးလျော့ကျခဲ့သော်လည်းပြီးခဲ့သော ၁၂ လအတွင်း ၂၁၇၂၀၀ ဦးတိုးလာခဲ့ကြောင်း ABS ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဇွန်လနှင့် ဇူလိုင်လကြားတွင် အချိန်ပြည့်အလုပ်လုပ်ကိုင်သူ သြစတြေးလျနိုင်ငံသား ၆၀၅၀၀ တိုးလာပြီး နောက်တွင် ဇူလိုင်လနှင့်သြဂုတ်လကြားတွင် ၄၀၉၀၀ ဦးလျော့ကျခဲ့ပါသည်။ ထိုသို့လျော့ နည်းခဲ့သော်လည်း အချိန်ပိုင်းအလုပ်လုပ်ကိုင်သူ ၃၅၅၀၀ ဦးတိုးလာခြင်းဖြင့် မျှတသွားစေကြောင်း အစီအရင်ခံစာအရ သိရှိရပါသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ထုတ်ပြန်သော အချက်အလက်များအရ လုပ်သားအင်အား ပါဝင် မှုနှုန်းနှင့် အလုပ်အကိုင်နှင့်လူဦးရေအချိုးတို့သည် ဇူလိုင်လနှင့်သြဂုတ်လကြားတွင် ၀.၁ ရာခိုင်နှုန်း တခုစီကျဆင်းခဲ့ပြီး ၆၆.၈ ရာခိုင်နှုန်းနှင့် ၆၄.၀ ရာခိုင်နှုန်း အသီးသီးရောက်ရှိခဲ့ပါသည်။
အချိန်ပြည့် အလုပ်အကိုင်ခန့်ထားမှု ကျဆင်းခဲ့ခြင်းကြောင့် သြစတြေးလျနိုင်ငံသားများ အလုပ်လုပ်ရသည့် နာရီစုစုပေါင်းမှာ ဇူလိုင်လတွင် သြဂုတ်လထက် ၀.၄ ရာခိုင်နှုန်းလျော့ နည်းသွားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)
