Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲပုတ်စေ့ဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲပုတ်များကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင်  ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင် (၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး  ဈေးငြိမ်နေကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့် သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာမြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးများ စိုက်ပျိုး

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ စက်မှု့လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို (၁၈.၇.၂၀၂၅) ရက်နေ့ မိတ္ထီလာမြို့နယ်၊ ဥယျာဉ်ကျေးရွာတွင် အမှတ် (၂၀) ရှိ ဦးပိုင် (၈၈၅) ရှိ တောင်သူ ဦးချစ်လှိုင်၏ လယ်မြေစိုက်ဧကတစ်ဧကအတွင်း၌ ကျင်းပခဲ့ပြီး အဆိုပါ သရုပ်ပြပွဲကို ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပါသည်။

           သရုပ်ပြပွဲတွင်ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျောသန်းမှ မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်ယာ မျက်နှာပြင်ညီညာရန်လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာမှုတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းနှင့် မျိုးစေ့ချကိရိယာများ၏ စက်မှုပိုင်ဆိုင်ရာ အချက်အလက်များကို ရှင်လင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲနီလေးဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီလေးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီလေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ ()ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၆၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး(၁)ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့မှ ပဲတီပင်ပေါက် နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

      ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍  ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြစ်သည်။  ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဗီတာမင်စီ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အမျှင်ဓါတ်နှင့်ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကိုတည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင်ဓါတ် များသောကြောင့် ကိုယ်အလေးချိန်ကိုပါထိန်းညှိပေးသည့်အတွက် စားသုံးသင့်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ပဲတီပင်ပေါက်(၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ်၊ ပဲတီပင်ပေါက်(၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အငြိမ်းစား(ပင်စင်စား)ဝန်ထမ်းများအား စားအုန်းဆီနှင့် ဆန်ရောင်းချပေးနိုင်မှု

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်အတွင်းရှိ အငြိမ်းစား(ပင်စင်စား)ဝန်ထမ်းများအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူ နိုင်ရန်အတွက် အငြိမ်းစား(ပင်စင်စား)တစ်ဦးလျှင် ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ (၁.၅)ပိဿာနှုန်းနှင့် ဆန်(၆)ပြည်နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ညွှန်ကြားခဲ့ရာ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်လုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်း၍ ပြည်နယ်အားကစားရုံ၌ လစဉ်ရောင်းချပေးလျက်ရှိရာ ယခုလ ပင်စင်လစာထုတ်ပေးသည့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ  နံနက်(၉)နာရီမှ ညနေ(၄)နာရီအတွင်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ စားအုန်းဆီ (၄၀၈၅)ပိဿာ၊ ဧရာဝတီပေါ်ဆန်း(၁၃၈)အိတ်၊ ဧည့်မထ(မှော်ဘီ-၃)(၁၆၄)အိတ်ခန့် ရောင်းချပေးနိုင် ခဲ့ကြောင်း သိရှိရ ပါသည်။

 

DOCA (ရှမ်း)

ဈေးကွက်ထံသို့ ဒုတိယအကြိမ် ဝင်ရောက်လာသည့် သဘာဝလက်ဆောင် တောင်ပို့မှို

      မြန်မာနိုင်ငံတွင် တောင်ပို့မှိုသည် တောင်တန်းသဘာဝတောများဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ နမ့်စန်နယ်များ၊ ကယား၊ မုံရွာတောင်ဘက်တောင်တန်းဒေသများ၊ ဖာပွန် နှင့် သံလွင်ခရိုင်များဖြစ်ကြသော မြေအစိုဓာတ်ရှိပြီးအရိပ်ရသော နေရာများတွင် သဘာဝအတိုင်း ပေါက်ရောက်ကြပါသည်။

          ပထမအကြိမ်ပေါက်ရောက်သောမေလ နှင့် ဇွန်လတို့တွင် မြေအစိုဓာတ် ရရှိမှုနည်းသဖြင့် တောင်ပို့မှိုဈေးကွက်ဝင်ရောက်မှုမှာလျော့နည်းခဲ့ပါသည်။မြေအစိုဓာတ်အကောင်းဆုံးရရှိသော ယခု အချိန် ဩဂုတ်လ နှင့် အောက်တိုဘာလအတွင်း တောင်ပို့မှိုများ ဒုတိယအကြိမ်ဈေးကွက်ဝင်ရောက်မှု များပြားလာပြီး တစ်ပိဿာလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်ထိဈေးရရှိကာ ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။တောင်ပို့မှိုကို အခြောက်ခံအမှုန့်လုပ်ပြီးထုပ်ပိုးပြီး ဆေးဖက်ဝင် ပစ္စည်းအဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ကြသဖြင့် ဝယ်လိုအားမြင့်တက်၍ ဈေးကောင်းရရှိနေကြောင်း ကို ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA (ရှမ်း)

ရွှေဘိုဈေးကွက်ရှိ ပဲတီဆံဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ရွှေဘိုမြို့တွင် ပဲတီစိမ်းများ စိုက်ပျိုးမှုရှိသော်လည်း ပဲတီဆံကို တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်မှုရှိပြီး စက်များဖြင့် အခွံချွတ်၍ ရောင်းချမှုမရှိကြောင်း၊ ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲတီဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင် (၉၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၃၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာမြို့နယ်ရှိ ဘိလပ်မြေဈေးကွက်

            မိတ္ထီလာမြို့ ဇူလိုင်လရှိ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေမှာ ဈေးအေး၊ အရောင်းအဝယ်အေးကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်တွင် အပါချီဘိလပ်မြေနှင့် ကြံ့နှစ်ကောင်တို့မှာ ပိုမိုအရောင်းသွက်ပြီး၊ အယ်ဖာဘိလပ်မြေမှာ အဝယ်နည်းသည်ကို တွေ့ရသည်။ ထို့အတွက် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဒေသတွင်းအရောင်းသွက်သည့် အပါချီ၊ ကြံ့နှစ်ကောင်၊ အယ်ဖာတံဆိပ်များကိုသာ အများဆုံးဝယ်ယူရောင်းချကာ ရှမ်းရိုးမ၊ ဘလူးဒိုင်းမွန်းစသည့် တံဆိပ်များကို ဈေးကွက်အတွင်း အရောင်းသွက်ပြီး၊ ကုမ္ပဏီများက လိုသလောက်မှာယူ၍ မရသည့်ကာလများတွင် ဝယ်ယူရောင်းချကြောင်းသိရသည်။ ဇူလိုင်လမှာ မိုးတွင်းကာလ ဆောက်လုပ်ရေးလုပ်ငန်းပါးချိန်ဖြစ်၍ အရောင်းအေးလျက်ရှိရာ ဇွန်လကုန်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်ပေါ်တွင် (၂၀၀၀) ကျပ် ဝန်းကျင်ဈေးနှုန်း ကျဆင်းလာကြောင်း၊ ဇူလိုင်လ တတိယပတ်တွင် ရောင်းဝယ်နေသော ဘိလပ်မြေတံဆိပ်အလိုက်ဈေးနှုန်းများမှာ (50) kg တစ်အိတ််လျှင် အပါချီနှင့် ကြံ့နှစ်ကောင်မှာ (၁၈၅၀၀-၁၈၃၀၀) ကျပ်၊ အယ်ဖာမှာ (၁၈၀၀၀) ကျပ် ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီ‌ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၄၀၀-၁၅၀၀)ဖြစ်ပြီး ဇူလိုင်လ (စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၈၀၀-၁၃၀၀-၁၄၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀) မြင့်တက်လာကြောင်း သိရသည်။ ကြက်သွန်နီကို စကု၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ တို့မှဝယ်ယူပြီး ပွဲရုံမှတစ်ဆင့် မင်းလှ၊ သစ်ရာကောက်၊ မြင်ကွန်း၊ နတ်မောက်မြို့တို့မှပြန်လည်ဝယ်ယူကြကြောင်း၊ တစ်ပတ်လျှင် တန်ချိန် (၁၃)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

  ရေနံချောင်းဈေးကွက်အတွင်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၈၀၀-၁၂၀၀-၁၄၀၀)ဖြစ်ပြီး  ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ကြက်သွန်နီကို ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်မြို့သို့ တင်ပို့ပြီး တစ်ပတ်လျှင် တန်ချိန်(၅၈)တန်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်းတောကုန်း၊ မကြီးကန်၊  ဆားတိုင်ကန်စသည့်ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြား စားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလဆန်းတွင်စိုက်ပျိုး၍ ဇူလိုင်လ(စတုတ္ထပတ်)တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။

   ဆားတိုင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်()ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်း ရကြောင်း၊  သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး ()ဧကလျှင် မျိုး()ပြည်ခန့်ကုန် ကျကြောင်း၊ မျိုးကို နှမ်းစိုက်တောင်သူအချင်းချင်းဆီမှဝယ်ယူပြီး ()ပြည်လျှင် ကျပ်(၁၉၀၀၀)ပေးရကြောင်း၊  ယခင် နှစ်က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၅၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ် (၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်းရေ(၁၃)တင်းထွက်ရှိပြီး နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၆၀၀၀၀) ထိဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၂၇၈၀၀၀၀) ထိ ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်မူ မိုးရွာ သွန်းမှုများ၍ နှမ်းပင်များပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း အထွက်နှုန်းကောင်းသည့်အပြင် နှမ်းနက် (စမုံနက်)မှာ ဈေးကောင်းလည်းရရှိသောကြောင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ကြောင်း သိရ သည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း