Main menu

တညင်းကုန်းဈေးမှ ပီလောပီနံများဝင်ရောက်လာ

Powered by Drupal

              ကမ္ဘာပေါ်တွင် လူတို့အဟာရအတွက် အဓိကထား စားသုံးသော သီးနှံ (၄)မျိုးအနက် ပီလောပီနံသည် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပီလောပီနံသည် စိုက်ပျိုးရလွယ်ကူသော  သီးနှံမျိုးဖြစ်ပါသည်။ ဓာတုဆေးဝါးသုံးစွဲမှု အနည်းငယ်သာ ရှိသောကြောင့် ဓာတ်ကြွင်း အာနိသင်နည်းပြီး စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးကြောင်းသိရပါသည်။

         ပီလောပီနံမှ စားသောက်ကုန်ပစ္စည်းများ အပြင်လူသုံးကုန်ပစ္စည်းများ၊ အဖျော်ယမကာ၊ ဇီဝလောင်စာ၊ အလှကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများနှင့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။ ယခု ဇူလိုင်လတွင်  ရန်ကုန် တညင်းကုန်းဈေးမှ နတ်တလင်းမြို့နယ် မြို့မဈေးကွက်အတွင်းသို့ ပီလောပီနံများ ဝင်ရောက်လာရာ ဇူလိုင်လ တတိယပတ်တွင် ပီလောပီနံ တစ်ပိဿာ (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)