Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ သည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 16၀၀ မှ 22၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 8၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 15၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 40၀၀ မှ 70၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 100၀၀ မှ 130၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 25၀၀ မှ 30၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 450၀ မှ 50၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 165၀၀ မှ 180၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 15၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၂0၀၀ မှ 30၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 15၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 20၀၀ မှ 25၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1645700)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (63335) ကျော်၊ ဗူးသီးအလုံးပေါင်း (18770)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(10277)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (150925)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (84000)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (15965) ကျော်၊ ဖရဲသီးလုံးပေါင်း(41140)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ ခရုအုန်း(ခေါ်)ခရုညို စျေးနှုန်း/စျေးကွက်

     တနင်္သာရီတိုင်းဒေသကြီးပင်လယ်ပြင်မှထွက်ရှိသည့်အုန်းခရု(ခေါ်)ခရုညိုများအား ဒေသတွင်း စားသုံးမှုများပြားပြီး၊ အခြားဒေသမှရောက်ရှိလာသော ဧည့်သည်များလည်း ကြိုက်နှစ်သက်မှုများ ပြားပါသည်။ ခရုအုန်း(ခေါ်)ခရုညိုများအား ရေနွေးဖြင့်ပြုတ်ကာ ပါးပါးလှီး၍ အစာများထည့်ကာ ပုံစံအမျိုးမျိုးဖြင့်သုတ်စားခြင်း၊ အချည်ရည်ဖြင့်တို့ကာ စားသုံးခြင်း၊ ဟင်းချိုချက်ကာ စားသုံးခြင်း၊ ဟင်းချက်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်စားသုံးကြပါသည်။ ထားဝယ်မြို့၊ ကမ်းနားစျေးရှိ ငါး/ပုစွန် အရောင်းဆိုင်များတွင် ခရုအုန်း(ခေါ်)ခရုညို တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ရှပ်လုံး(ခေါ်)ဂုံးချော‌ စျေးနှုန်း/စျေးကွက် အခြေအနေ

    တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများရှိသဖြင့် ပင်လယ်ကမ်းစပ် သဲနုံးများ နှင့် ရေငန်ဝင်ရောက်သော ဒီရေတောများ၊ ချောင်းများတွင် သဘာဝအလျှောက် ပေါက်ဖွား ရှင်သန် ကြသော ရှပ်လုံး(ခေါ်)ဂုံးချောများ ရှိသလို လုပ်ကွက်များဖြင့် စီးပွားဖြစ်မွေးမြူရောင်းချသူများလည်း ရှိပါသည်။ ထားဝယ်မြို့ကမ်းနားစျေးတွင် ရောင်းချလျက်ရှိသော ရှပ်လုံး(ခေါ်)ဂုံးချောစျေးနှုန်းများမှာ နို့ဆီဘူးဖြင့် တစ်ဘူးလျှင် ၁၀၀၀/၁၂၀၀ ကျပ်ဖြင့်ရောင်းချကြပြီး အိမ်သုံးစားသုံးခြင်း၊ အသုတ်ဆိုင် များ၊ အထောင်းဆိုင်များ၊ စားသောက်ဆိုင်များတွင် အမယ်မျိုးစုံပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဂဏာန်းစျေးနှုန်းအခြေအနေ

        တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများဖြင့် အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ်ပြင်သို့ ငါးဖမ်းလှေ အကြီး/အငယ်များဖြင့် ငါး/ပုစွန်/ဂဏာန်းများ ဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ်၊ စားသုံး ကြသလို ပြည်ပသို့လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဝလုံးဂဏာန်း၊ သဲဂဏာန်း (ခေါ်)ပန်းဂဏာန်း စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၄၀၀၀/၁၅၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေးရှိ ငါး/ပုစွန် အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ပေါ်ရှိ ငါးသလောက်စျေးနှုန်းအခြေအနေ

       တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများဖြင့် အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ်ပြင်သို့ ငါးဖမ်းလှေ အကြီး/အငယ်များဖြင့် ငါး/ပုစွန်များ ဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ်၊ စားသုံးကြသလို ပြည်ပသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါငါးဖမ်းလှေများမှ ဖမ်းဆီးရရှိသော ငါး/ပုစွန် များအနက် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်မှတစ်ဆင့် ထားဝယ်မြို့တွင် ရောင်းချလျက်ရှိ သော ငါးသလောက်စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ကန်စွန်းဥ စျေးနှုန်း/စျေးကွက် အခြေအနေ

     ထားဝယ်မြို့နှင့် အနီးဝန်းကျင်ရွာများရှိ အိမ်ခြံမြေအလွတ်များရှိသည့်နေရာများ၊ စိုက်ခင်းများတွင် ပျိုးဘောင်များပြုလုပ်၍ တစ်နိုင်တစ်ပိုင် ကန်စွန်းဥများအား စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးထားသော ကန်စွန်းပင်များ သတ်မှတ်ရက်များ ပြည့်မီလာသည့်အချိန်တွင် ကန်စွန်းဥများအား တူးထုတ်ကာ ထွက်ရှိသော ကန်စွန်းဥများအား အိမ်စားသုံးခြင်း၊ တစ်နိုင်တစ်ပိုင် ရောင်းချခြင်း၊ စီးပွားဖြစ် ရောင်းချခြင်းများဖြင့်လည်း မိသားစုဝင်ငွေရရှိကြပါသည်။ ယခု စက်တင်ဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ကန်စွန်းဥစျေးနှုန်းများမှာ တစ်ပိဿာ လျှင် ၄၅၀၀/၅၀၀၀ ကျပ်ရှိပြီး ထားဝယ်မြို့ပေါ်တွင် အိမ်သုံးစားသုံးခြင်း၊  မုန့်လုပ်ငန်းများ ပြုလုပ်ခြင်းတွင် အသုံးပြုလျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေး၊ ညနေစျေးနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင်ကုန်စိမ်းစျေးတို့ရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ချဥ်ပေါင်ရွက် စျေးနှုန်းအခြေအနေ

      ထားဝယ်မြို့နှင့်အနီးဝန်းကျင်ရွာများရှိ အိမ်ခြံမြေအလွတ်များရှိသည့်နေရာများတွင် တစ်နိုင် တစ်ပိုင် ချဥ်ပေါင်ပင်များ စိုက်ပျိုးကြသလို စိုက်ခင်းများဖြင့် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော ချဥ်ပေါင်ရွက်များအား အိမ်စားသုံးခြင်း၊ တစ်နိုင်တစ်ပိုင် ရောင်းချခြင်း၊ စီးပွားဖြစ် ရောင်းချခြင်းများဖြင့်လည်း မိသားစုဝင်ငွေရရှိကြပါသည်။ ယခု စက်တင်ဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ချဥ်ပေါင်ရွက်စျေးနှုန်းများမှာ ပုံမှန်အစည်း တစ်စည်းလျှင် ၄၀၀/၅၀၀ ကျပ်ခန့်ရှိ ကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေး၊ ညနေစျေးနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင် ကုန်စိမ်းစျေးတို့ရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကန်စွန်းရွက်စျေးနှုန်း/စျေးကွက်

     ကန်စွန်းရွက်သည် လူအများစားသုံးကြပြီး အဆိပ်အတောက်များကို ပြေပျောက်နိုင်စွမ်းရှိ သော ဆေးဖက်ဝင်အပင်တစ်မျိုး လည်းဖြစ်ပါသည်။ ယခုမိုးတွင်းကာလများတွင်  ကန်စွန်းရွက်များ သည်  ကောင်းစွာဖြစ်ထွန်း ပေါက်ရောက်လာကြပြီး   အလေ့ကျပေါက်ပင်များနှင့် စိုက်ပျိုးပင်များအား ဆွတ်ခူးရောင်းချလျက်ရှိရာ ရေကန်စွန်းနှင့်၊ မြေကန်စွန်း နှစ်မျိုးရှိပြီး ထားဝယ်မြို့၊ ကမ်းနားစျေးတွင် ကန်စွန်းရွက် တစ်စည်းလျှင် ၃၅၀/၄၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဒေသတွင်း စားသုံးသူများနှင့် စားသောက်ဆိုင်ကြီးမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့၏ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ပထမပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မာလကာသီးအကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ (၂)လုံးလျှင်(၁၅၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဒေသထွက်ပျားရည်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက် ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့်အပြင်  ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်ကြကြောင်း သိရသည်။

    ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး  အနံ့အရသာနှင့် ပြည့်စုံသော ကြောင့် ဒေသထွက် ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့်  အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပျားရည်ပုလင်းအသေး(၁)ပုလင်းလျှင်(၁၀၀၀၀)ကျပ်၊ ပျားရည် ပုလင်းအကြီး(၁)ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း