Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြောင်လျှာရွက်နု၏အသုံးဝင်ပုံ

           ကြောင်လျှာပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ‌ပေါက်ရောက်သော အပင်မြင့်မျိုး ဖြစ်ကြောင်း၊ ကြောင်လျှာရွက်၏နုနယ်သောအညွှန့်များသည် သွေးတွင်းကိုလက်စထ‌ရောကို လျော့ချပေးနိုင်ကြောင်း၊ အရွက်နုကိုစားသုံးခြင်းဖြင့် အဖျားပျောက်စေခြင်း၊ နှာခေါင်းလမ်းကြောင်း အတွင်း အမြှေးရောင်ရမ်းခြင်းကို သက်သာစေကြောင်း၊ သွေးကိုသန့်စင်စေပြီး သွေးလှည့်ပတ်မှု ကိုကောင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲအမျိုးမျိုးယိုယွင်းမှုကိုနှေးကွေးစေခြင်း၊ မျက်စိအား ကောင်းစေခြင်း၊ ဝမ်းဗိုက်အတွင်း လေထိုးလေအောင့်များကိုသက်သာစေခြင်း၊ အစာစားချင်စိတ်က ပိုတိုးစေခြင်း၊ ခြေလက်အဆစ်အမြစ်ကိုက်ခဲခြင်းများကိုသက်သာကြောင်း၊ အရွက်ကိုပြုတ်ပြီး သောက်ရင် ဗိုက်အောင့်တာကိုသက်သာစေ၍ အစာကြေစေပြီး အစာစားချင်စိတ်ကို ဖြစ်စေကြောင်း၊ အူထဲက လေထိုးလေအောင့်တာများကို သက်သာစေကြောင်း ဖတ်ရှု့သိရှိရသည်။  ကြောင်လျှာရွက် ၏ နုနယ်တဲ့အညွှန့်များကို ဟင်းချိုချက်စားခြင်း၊ အတို့အမြှပ် အဖြစ်ငါးပိရည်နှင့်စားခြင်း၊ ကြောင်လျှာသီးများကိုကြော်ချက်စားခြင်း၊ကြောင်လျှာသီးအစိမ်းကို ကြက်သွန်နီဆီချက်၊ မြေပဲထောင်း၊ ပုစွန်ခြောက်၊ ပဲကျက်မှုံတို့ဖြင့်သုပ်စားခြင်း၊ အသီးကိုချဉ်ဖတ်လုပ်စားရင်လည်း အရမ်းအရသာရ၍ စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားကြကြောင်းသိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချ နေသောကြောင်လျှာရွက်နု တစ်စီးလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

၂၀၂၅-၂၀၂၆ခုနှစ်၊အောက်တိုဘာလအထိနွားထိုးကြီးမြို့နယ်၏ မိုးနေကြာစိုက်ပျိုးထားရှိမှု  

            မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရှိရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။  မိုးနေကြာကိုတစ်မြို့ နယ်လုံးအနေဖြင့် လျာထားဧက (၃၀၅၅)ဧကရှိသည့်အနက်ယခုအောက်တိုဘာလတတိယပတ်အထိစိုက်ဧက (၂၉၇၀) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ အောက်တိုဘာလကုန်တွင် လျာထားချက် ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့်(၂၃)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂၊ရေဆင်းစပ်မျိုး-၁နေကြာမျိုးကိုအဓိကစိုက်ပျိုးကြကြောင်း၊ရာသီဥတုကောင်းပါကအထွက်နှုန်းကောင်းနိုင်ကြောင်းနေကြာစိုက်တောင်သူများထံမှသိရှိရသည်။ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ဆီနေကြာတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့်ပေါက်ဈေး များရှိကြောင်း၊ နွားထိုးကြီးမြို့နယ်တွင် နေကြာဆီကြိတ်ခွဲထုတ်လုပ်ခြင်းမရှိကြောင်း၊ ‌ဒေသတွင်းထွက်ရှိသော နေကြာများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

 

 

 

ဗီတာမင်အီးကြွယ်ဝသောထောပတ်သီး

         ထောပတ်သီးပင်သည်နှစ်ရှည်ပင်အမျိုးအစားအပင်ကြီးမျိုးဖြစ်၍စိုက်ပျိုးပြီးသုံးနှစ်ကြာမှအသီးများစတင်သီးကြောင်း၊မြန်မာနိုင်ငံတွင်ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်အဓိက စိုက်ပျိုးထွက်ရှိကြောင်းသိရှိရသည်။ ထောပတ်သီးများထွက်ပေါ်ချိန်မှာ အောက်တိုဘာလမှ ဇန်န ဝါရီလအထိဖြစ်ပြီး၊ မျိုးကွဲများအနေဖြင့်ဟာစ်(Hass)၊ဘေးကွန်(Bacon)၊ ဖွတ်(Fuerte)၊လမ် (Lamb Hass) စသည့်တို့ဖြစ်ကြောင်း၊ ထောပတ်သီးအခွံသည် အစိမ်းရင့်ရောင်ရှိပြီးအဆီဓာတ်ပိုများ၍ ဖောလစ်အက်ဆစ်၊ပိုတက်ဆီယမ်၊အမျှင်ဓာတ်၊များနှင့် Omega-3 ဓာတ် များပါဝင်ပြီး၊ သွေးပေါင်ချိန်ထိန်းချုပ်ရန်၊ ဝမ်းချုပ်မှုမှကာကွယ်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်ကာကင်ဆာနှင့် အဆစ်အမြစ်ရောင်ရမ်းမှုကိုကာကွယ်ပေးကြောင်း၊ ဗီတာမင်အီးကြွယ်ဝ သောကြောင့် အသားအရေကြည်လင်ပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်ကြောင်း၊ အာရုံကြော လုပ်ဆောင်မှုနှင့် သွေးကြောများကျန်းမာခြင်းကိုအထောက်အကူပြုကြောင်း၊အမျှင်ဓာတ်ကြွယ်ဝ သောကြောင့်ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ ထောပတ်သီးတွင် အာဟာရဓာတ်များစွာပါဝင် ကြောင်းလေ့လာဖတ်ရှု့ရသည်။ ထောပတ်သီးဝယ်ယူလျှင် အညှာအောက်အစိမ်းရောင်ရှိပါက မှည့်ရန်အသီးဖြစ်ပြီးရွေးချယ်ဝယ်ယူသင့်ကြောင်း၊ အသီးကိုလက်ဖဝါးပေါ်တင်၍ ကိုင်ဆကြည့်ပါက အလေးချိန်ပါလျှင် ၎င်းထောပတ်သီးကို ရွေးချယ်ဝယ်ယူသင့်ကြောင်းသိရှိရပြီး၊ မြင်းခြံမြို့၊‌ အေးမြသီတာဈေးတွင် ရောင်းချနေသောထောပတ်သီးတစ်လုံးလျှင် ၇၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

ကိုယ်ခံအားကိုမြှင့်တင်ပေးသောငှက်ပျောဖူး

           ငှက်ပျောဖူးသည် ငှက်ပျောပင်၏ အပွင့်ဖြစ်ပြီး ငှက်ပျောသီးအဖြစ် မအောင်မြင်မီအဆင့် တွင်ရှိသော အပွင့်ဖူးအစိတ်အပိုင်းဖြစ်ကြောင်း၊ ခရမ်းရောင်ရှိပြီး မာကျောသည့်အခွံဖြင့်ဖုံး အုပ်ထားကာ အတွင်းတွင်ပျော့ပျောင်းပြီး အဝါရောင်သန်းသော အပွင့်လေးများ ခွေလျက်ရှိသော အဖူးဖြစ်သည်။ ငှက်ပျောဖူးသည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာတစ်ခုဖြစ်ပြီး အမျှင် ဓာတ်ပါဝင်၍ အစာခြေစနစ်အတွက်ကောင်းမွန်ကြောင်း၊ ပရိုတင်းနှင့် ပိုတက်ဆီယမ်ကြွယ်ဝသဖြင့် ကြွက်သားများနှင့် အာရုံကြောများအတွက်အကျိုးပြုကြောင်း၊ ကိုယ်ခံအားကိုမြှင့်တင်ပေးသော ဗီတာမင်အေ၊စီနှင့်အီးတို့ပါဝင်၍ အရွယ်တင်နုပျိုစေကြောင်း၊ သံဓာတ်ပါဝင်ပြီး သွေးအားနည်းရော ဂါကို ကာကွယ်ပေးကြောင်းသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့်  သကြားဓာတ် နည်းပြီး အမျှင်ဓာတ်နည်းသဖြင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုရောဂါကိုကာကွယ် ပေးကြောင်း၊ ပိုတက်ဆီယမ်ဓာတ်သည် သွေးပေါင်ချိန်ကိုထိန်းညှိပေးသောကြောင့် သွေးတိုး ကျစေကြောင့်၊ အူမကြီးကိုသန့်စင်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ အစာခြေစနစ်ကို အထောက်အကူပြုကြောင်း၊ ကယ်လိုရီနည်းပြီး ဗိုက်ပြည့်စေသောအစားအစာဖြစ်သောကြောင့် ခန္ဓာကိုယ်အတွက် ဝိတ်ချသူများအနေဖြင့်  ကိုယ်အလေးချိန်ကျဆင်းကြောင်း၊ မဂ္ဂနီဆီယမ် ကြွယ်ဝ စွာပါဝင်သဖြင့် စိတ်ကျရောဂါကို သက်သာစေကြောင်းဖတ်ရှု့သိရှိရသည်။ လတ်ဆတ်သော ငှက်ပျောဖူးများကို ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း၊ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ တတိယပတ် တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ငှက်ပျောဖူးတစ်ဖူးလျှင် (၁၅၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ‌ရောင်းချကြောင်း၊ ငှက်ပျေားဖူးသည် မြန်မာ့ရိုးရာအစား အစာတစ်ခုသာမကကျန်းမာရေးအတွက်လည်းအလွန်ကောင်းမွန်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ဖောရောင်ခြင်းများကိုသက်သာစေသောကနဖော့ရွက်၏အစွမ်း

              ကနဖော့ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး ကန်စွန်းရွက်လို ရေထဲမှာပေါက်‌ရောက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ကြောင်း၊ အပင်၏ ပဉ္စငါးပါးလုံးဆေးဖက်ဝင်သော်လည်း ကနဖော့ရွက်ကို အသုံးပြုများ  ပြားကြောင်း သိရှိရသည်။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့်ဦးနှောက် ပူခြင်းကိုသက်သာ၍ အေးစေပြီး အရေပြားနှင့်  အကြောရောဂါများအတွက်လည်း စားသုံးပါကသက်သာစေကြောင်း၊ အရွက်ကိုနွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးပေးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်ကင်းစေကြောင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်းများဖြစ်ခဲ့သော်  ကနဖော့ရွက်ပြုတ်ကို တို့စား၍ သော်လည်းကောင်း၊ အရွက်ပြုတ်ရည်ဖြင့် ချွေးအောင်းပေးပါကလည်း ဖောရောင်ခြင်းများ ကို သက်သာပျောက်ကင်းကြောင်း၊ ၎င်းအပင်၏ပဉ္စငါးပါးကိုပြုတ်၍ အရည်ကိုပျားရည်နှင့် ရောသောက် ပါက ကျောက်ရောဂါကို  သက်သာပျောက်ကင်းကြောင်း၊ ကနဖော့ပင်တစ်ပင်လုံး၏ ပဉ္စငါးပါးကို မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ်ထည့်သောက်ခြင်းဖြင့် အသည်းအားနည်းသော ရောဂါ များ ပျောက်ကင်းကြောင်း၊ ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ဖျားနာခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ခြင်းများကို သက်သာပျောက်ကင်းကြောင်း၊ ကျောက်ကပ်အညစ်ကြေးများကိုလည်း ထိထိ‌ရောက်ရောက်သန့်စင်ပေကြောင်း၊ ဆီးသွားရခတ်နေ သူများ ကနဖော့ရွက်ကိုသုတ်စားခြင်းဖြင့် ဆီးရွှင်စေကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အဆာခံ နိုင်စေပြီး ကယ်လိုရီနှင့် အဆီဓာတ်ပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေရန်အထောက်အကူပြုကြောင်း လေ့လာဖတ်ရှု့ရသည်။၂၀၂၅ခုနှစ်၊အောက်တိုဘာလတတိယပတ်တွင်ကနဖော့ရွက်လက်ဆုပ်တစ်စည်းလျှင် (၅၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

အောက်တိုဘာလအတွင်းရောင်းချနေသောမြင်းခြံမြို့ရှိအိမ်ဆောက်ပစ္စည်းဈေးနှုန်းများ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိမြင်းခြံခရိုင်စားသုံးသူ ရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အတွက်ဈေးကွက် အတွင်းဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ အခြေအနေများအား ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

            မြင်းခြံမြို့နယ် အမှတ်(၉)ရပ်ကွက်၊ ဘဘလမ်းရှိ မိုးကျော်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသာဈေးနှုန်းများမှာ Crown ဘိလပ်မြေ (50)kg တစ်အိတ်လျှင် (၂၀၅၀၀) ကျပ်၊ ခေါင်အုပ်သွပ်thick-0.42 mm တစ်ပေလျှင် (၂၅၀၀)ကျပ်၊ ကြယ်စိမ်း သွပ်ပြားလိုင်းပါအလတ်တစ်ပေလျှင်(၁၆၀၀)ကျပ်၊ ကြယ်စိမ်းသွပ်ပြားလိုင်းပါ အထူတစ် ပေလျှင် (၂၆၀၀)ကျပ်၊ သွပ်ပြား4-Angle0.36mmတစ်ပေလျှင် (၂၈၀၀)ကျပ်၊ အိမ်ရိုက်သံ ၁ လက်မ အသေးနှင့် သွပ်ရိုက်သံတစ်ပိဿာလျှင်(၉၅၀၀)ကျပ်၊အိမ်ရိုက်သံ(၂-၄)လက်မတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊သံချောင်း(သုံးမှုး)ချောင်း(၉၅၀၀)ကျပ်၊သံချောင်းလုံးတစ်တန်လျှင် (၁၅၅၀၀၀၀) ကျပ်၊ Hollow သံချောင်း1.2mm ချောင်း (၂၅၀၀၀)ကျပ်၊ U/I Bean တစ်ချောင်းလျှင် (၁၉၀၀၀) ကျပ်ဖြင့်အသီးသီးရောင်းချကြောင်း၊ အိမ်ဆောက်ပစ္စည်းဈေးနှုန်းများအနေဖြင့် ယခင်စက်တင်ဘာလ တတိယပတ်ဈေးနှုန်းများအတိုင်းပြောင်းလဲခြင်းမရှိဘဲရောင်းချလျက်ရှိကြောင်း၊ဒေသတွင်းအဆာက်အဦများဆောက်လုပ်ရန် ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး၊ ဈေးကွက်ဝင်ရောက်မှု အနေဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ သယ်ယူစရိတ်အနေဖြင့် မန္တလေးမြို့မှမြင်းခြံမြို့အထိ ဘိလပ်မြေ တစ်အိတ် လျှင် ၂၅၀၀ ကျပ်ခန့်ရှိကြောင်း၊ ဘိလပ်မြေရောင်းချသူများအား ဈေးကွက်အတွင်း သင့်တင့်မျှတသော နှုန်းထားများအတိုင်း ရောင်းချကြကြောင်း၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်၊ ဈေးကစား ရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် အရောင်းဆိုင်များတွင် ဘိလပ်မြေများပြတ်လပ်မှု မရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

 

ဈေးနှုန်းမြင့်တက်လာသောမြင်းခြံမြို့၏စားဖိုဆောင်ခရမ်းသီး

                   မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသောခရမ်းသီးများကို ဈေးကွက်လိုအပ်ချက်အရ ပုပ္ပါးမြို့နှင့် ကျောက်ဆည်မြို့တို့မှ မှာယူရောင်းချကြောင်း၊ လက်လီလက်ကားရောင်းချသော အေးမြသီတာဈေးတွင် စားဖိုဆောင် အုပ်စုဝင်သီးနှံဖြစ်သော ခရမ်းသီးများကို မှာယူ၍ဒေသတွင်းတင်သွင်း ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ တတိယပတ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ခရမ်းသီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများတက်ခဲ့ကြောင်း၊ထိုသို့ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမှာဒေသထွက်ခရမ်းသီးများ ထွက်ပေါ်ချိန်ကုန်ဆုံးပြီး ရှားပါးလာသောကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ စားဖိုဆောင်ခရမ်းသီးသည် အိမ်ရှင်မများဝယ်ယူစားသုံးမှုများ၍ အရောင်း အဝယ်ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ (၃၀-၄၀)ခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချ သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းများကျဆင်းလာသောမြင်းခြံဆောင်းကြက်သွန်နီတင်ပို့မှုအခြေအနေ

              မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း၊  ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍ ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ဆောင်းကြက်သွန်နီများကိုဧပြီလမှစက်တင်ဘာလအထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ(၆)လကြာသိုလှောင်နိုင်၍ ဒီဇင်ဘာလတွင်ဆောင်းကြက်သွန်နီများ ရာသီချိန်ကုန်ဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။

            မြင်းခြံမြို့ရှိ ပွဲရုံများတွင်  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်၌ ရောင်းချလျှက် ရှိသော ကြက်သွန်နီကြီးစတစ်ပိဿာလျှင်(၉၀၀-၁၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၇၀၀-၈၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါကယခုလတွင်ဆောင်းကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် အရည်အသွေးကျဆင်းပြီး ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်းသိရှိရသည်။စိုက်ပျိုးထွက်ရှိရာကျေးရွာများမှမြို့ပေါ်ရှိပွဲရုံများသို့နေ့စဉ်ကုန်ချိန်  (၅၀၀၀၀-၇၀၀၀၀)  ပိဿာခန့် တောင်သူများကိုယ်တိုင်လာရောက် ရောင်းချကြောင်း၊ ထိုပွဲရုံများမှ တဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များသို့တင်ပို့ကြောင်း၊ ယခု အောက်တိုဘာလ၊ တတိယပတ်တွင်ကုန်ချိန်ပေါင်း (၁၈၇၃၉၁) ပိဿာခန့်၊ တန်ချိန် (၃၀၆) တန် တင်ပို့နိုင်ခဲ့ကြောင်း ကြက်သွန်အရောင်းအဝယ် လုပ်ကိုင်သူကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

မြင်းခြံကုန်စည်ဒိုင်တွင်အရောင်းအဝယ်ဖြစ်လျက်ရှိသောပဲမျိုးစုံ၊ပြောင်း၊ဆီထွက်သီးနှံဈေးနှုန်းများ

          မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂‌၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ လယ်ယာထွက်ကုန်ပဲမျိုးစုံ၊ ပြောင်းနှင့်ဆီထွက်သီးနှံဈေးနှုန်းများမှာ  ပဲစဉ်းငုံနီတစ် တင်းလျှင် (၈၁၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၅၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ ထောပတ်ပဲဖြူကြီးတစ်တင်းလျှင် (၉၁၀၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ ကုလားပဲဝါ အထွက်တိုး တစ်တင်းလျှင် (၈၁၀၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်းလျှင် (၃၄၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၄၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၁၀၀၀)ကျပ်၊ မြေပဲ S1လုံးဆံတစ်တင်းလျှင် (၁၀၈၀၀၀) ကျပ်နှင့် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၃၀၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံ အိတ်အရောင်း  အဝယ်အနေဖြင့် အိတ်(၁၀၀-၂၀၀) အထိအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံပြောင်း တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်‌နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့ တင်ပို့ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်း တင်ပို့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့နယ်၏ ကင်ပွန်းချဉ်ဈေးနှုန်း

      ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း(၃၉၉)ရွာရှိသည့်အနက်မှ ဆည်ပေါက်၊ ညောင်ကန်၊ အင်ချောင်း၊ ရေထွက်၊ ညောင်ဖြူပင်၊ လဲဂွ စသည့်ကျေးရွာများ၌ ကင်ပွန်းချဉ်ပင်ကို အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြပြီး ဒေသဈေးကွက်သို့ရောင်းချလျက်ရှိသလို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နှင့်ရေနံချောင်းမြို့နယ်များဘက်မှလည်း မှာယူပြီး မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ကင်ပွန်းချဉ်တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ကင်ပွန်းချဉ်တစ်ဆယ်ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း