
မြင်းခြံမြို့အေးမြသီတာဈေး၌ အသားငါးမျိုးစုံရောင်းချလျက်ရှိရာ အမဲသားသည် အာဟာရဓာတ်များစွာပါရှိပြီး ကျန်းမာရေးအတွက် အရေးကြီးသောအစားအစာတစ်ခုဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်၌ ရောင်းချနေသော အမဲသား(အသန့်) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အမဲသား(၂၄၀၀၀)ကျပ်၊ အမဲသား(အသားစ)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ အမဲအသဲ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲအူ၊ဝမ်းတွင်းသားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် အမဲအရိုးစတစ်ပိဿာလျှင်(၆၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ (၁၅-၂၀)ခန့်ပုံမှန်ရောင်းချရကြောင်း ဈေးကွက်အနေဖြင့် ဒေသတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အမဲသားသည် အာဟာရပြည့်ဝသောကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်း အမဲသားရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
