Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ငါးခြောက်ဈေးနှုန်းများ

    တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သည့်တိုင်းဒေသကြီးဖြစ်သည့်အတွက် စီးပွားရေးကောင်းမွန်သဖြင့် အလှူမင်္ဂလာပွဲ များ ကိုခြိမ့်ခြိမ့်သဲကျင်းပပြုလုပ်လေ့ရှိပြီး အလှူအတန်းများတွင် ကျွေးမွေးရန် အတွက် ဒေသ မှထွက်ရှိ သော ငါးခြောက်များသည် အရေးပါသောအစားအစာတစ်ခုအဖြစ် ပါဝင်လျက်ရှိ ပါသည်။ ထို့အပြင် အခြားဒေသများသို့တင်ပို့ရောင်းချနေသဖြင့် ထားဝယ်မြို့ပေါ် ရှိငါးခြောက် စျေးကွက်အခြေအနေမှာ ရောင်းအားကောင်းမွန်လျက်ရှိပြီး ဈေးနှုန်းများသည် ငါးခြောက် အသုံးပြုသည့်ပွင့်လင်းရာသီဖြစ်  သော ကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။

           ယခု ထားဝယ်ဈေးကွက်တွင် ငါးခြောက်အမျိုးအစား များစွာရှိသော်လည်း ဒေသတွင်း စားသုံးမှုများပြားသည့် ငါးရောင်ခြောက် (ခေါ်) ဒလုံးခြောက် တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ငါးလက်ဝါးခြောက် (ခေါ်) စာဗျန့်ခြောက် တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်နှင့် ငါးအူမျှင်း ခြောက် တစ်ပိဿာလျှင် (၇၅၀၀၀)ကျပ် အသီးသီးဈေးနှုန်းများရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ကန့်ဘလူမြို့နယ်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၃၅၀၀)ကျပ်၊ အကွဲအနာပါလျှင် (၉၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း၊ ပဲဇီးကွက်သီးနှံကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ သင်္ဘောသီးအမှည့်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးအမှည့်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး ကြပြီး စည်ပင်သာယာဈေးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလပထမပတ်အတွင်း ထားဝယ်မြို့နယ်ရှိ ဈေးများ၌ ရောင်းချလျက် ရှိသော သင်္ဘောသီးအမှည့်ဈေးနှုန်းမှာ သင်္ဘောသီးအမှည့်(၁)လုံးလျှင် (၁၀၀၀)မှ (၁,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ ကန်ဇွန်းရွက် စျေးနှုန်း/စျေးကွက်

      ထားဝယ်မြို့အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး  ထားဝယ်မြို့ကမ်းနားဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် အားကောင်းလျက်ရှိကြောင်း သိရသည်။  ၂၀၂၅ ခုနှစ်၊ ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ထားဝယ် မြို့၊ ကမ်းနားဈေးနှင့် အခြားရပ်ကွက်စျေးများတွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် ပဲမျိုးစုံဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်းကျဆင်း

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၆၇၀၀၀)ကျပ်နှင့် အောက်စတစ်တင်းလျှင်(၆၆၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင်(၃၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ()တင်းလျှင် (၃၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ငရုတ်သီးစိမ်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ယခုနိုဝင်ဘာလပထမပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ နိုဆီဘူး(၁)ဘူးလျှင် (၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ ပထမပတ်အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး ငရုတ်သီးစိမ်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ထားဝယ်မြို့နယ် အတွင်းရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၌ ဆီနေကြာသီးနှံဈေးနှုန်း ဆက်လက်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေ အထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၈၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၇၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာ လ၏ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကိုဆီကြိတ်၍ ကုန်ချောထုတ်လုပ်ပြီး ပိုလျှံသောနေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ကြက်ဥစျေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြပြီး ဥစားကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

    ထားဝယ်မြို့၏ နိုဝင်ဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသော စျေးနှုန်းများမှာ ကြက်ဥအကြီး တစ်လုံးလျှင် (၄၅၀ ကျပ်မှ ၅၀၀(နှင့် ဥငယ်တစ်လုံးလျှင် (၃၅၀ ကျပ်မှ ၄၀၀)ကျပ်ထိ ရရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကြက်ဥ အရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သံလမ်းဈေးတွင် ရောင်းချနေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၉၀၀)ကျပ်ဖြင့် လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၂၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၆၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

ထားဝယ်မြို့တွင်ရောင်းချလျက်ရှိသော ဘိလပ်မြေ စျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းအနည်းငယ် ကျ ဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ၅၀ ကီလိုပါ ဘိလပ်မြေ တစ်အိတ်လျှင် (၂၆၅၀၀/-)ကျပ် ဖြင့် ရောင်းချခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်   ၅၀ ကီလိုပါ ဘိလပ်မြေ တစ်အိတ်လျှင် (၂၅၅၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ထားဝယ်မြို့ရှိ ပြည့်ဝအိမ်ဆောက်ပစ္စည်းလက်လီ/လက်ကား ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း