Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်း

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ရှောက်ရွက်အညွှန့်(၅)ညွှန့်ပါ (၁)စည်းလျှင်(၂၀၀) ကျပ်၊ (၃)စည်းလျှင်(၅၀၀)ကျပ်၊ ဖက်ဖယ်ရွက်(၁)စည်းလျှင် (၂၀၀/၄၀၀)ကျပ်၊ မြင်းခွာရွက်တစ်ပုံ လျှင်(၃၀၀/၅၀၀)ကျပ်၊ မုန့်ညှင်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ မုန့်ညှင်းရွက်(၂)စီးလျှင်  (၅၀၀) ကျပ်၊  ကန်ဇွန်းရွက်တစ်စီးလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ ဂွေးတောက်ရွက် ပိဿာလျှင်(၂၅၀၀/၃၂၀၀)ကျပ်၊ ဖရုံညွန့်တစ်စည်းလျှင် (၂၀၀/၄၀၀)ကျပ်၊ ဘူးညွန်းတစ်စည်း လျှင် (၂၅၀/၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိ အမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ် နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာ များတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။

          နိုဝင်ဘာလ ပထမပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီး အစိမ်းတစ်လုံးလျှင် (၇၀၀/၁၄၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၃၅၀၀/၄၂၀၀) ကျပ်၊  ဂွေးချိုသီး (၁၈)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ် များတွင် ထည့်သွင်းစားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည့် အတွက် အသုံးဝင်းသော အသီးပင်ဖြစ်ပါသည်။

          နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက် ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၅ဝ) ကျပ် (၄)လုံးလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး(အသေး) (၁)လုံးလျှင် (၃၀၀) ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၄၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

 

ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၆၉၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက် တိုဘာလ၏  ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း  သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကြို့ပင်ကောက်မြို့ဘိလပ်မြေဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စားသုံးသူရေးရာ ဦးစီး ဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက် အခြေ အနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည်    ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန် ဈေးကွက် စောင့်ကြည့်ခဲ့ပါသည်။ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ကြံ့နှစ်ကောင်(အနီ) 50 kg တစ်အိတ်လျှင် ၂၂၀၀၀/ကျပ်၊ ALPHA 50 kg တစ်အိတ်လျှင် ၂၁၅၀၀/ကျပ် အိမ်ဆောက် ပစ္စည်းရောင်းချသည့်ဆိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ကြက်သွန်နီများဈေးနှုန်းကျဆင်းသော်လည်း ကြက်သွန်မြိတ်များဈေးကောင်းလျက်ရှိ

  တောင်ငူမြို့နယ်အတွင်းရှိ ကြက်သွန်ပွဲရုံများတွင် ကြက်သွန်နီကို အသေး၊ အလတ်၊ အကြီး သုံးမျိုး ရောင်းချလေ့ရှိရာ ယခုအပါတ်တွင် ကြက်သွန်နီ အသေး ၁၀ ပိဿာဝင် ၁ အိတ်လျှင် ၅၀၀၀ ကျပ်၊ အလတ် ၁၀ ပိဿာဝင် ၁ အိတ်လျှင် ၇၀၀၀ ကျပ်၊ အကြီး ၁၀ ပိဿာ ဝင် ၁ အိတ်လျှင် ၁၁၀၀၀ ကျပ်သာရှိသော်လည်း ကြက်သွန်မြိတ်များမှာ ဈေးကောင်းလျက်ရှိပါသည်။ ကြက်သွန်မြိတ်ကို ဟင်းချက်ရာနှင့်စားသောက်ဆိုင်များတွင် ဟင်းချိုချက်ရာတွင် အသုံးများလေ့ရှိရာ ကြက်သွန်မြိတ် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ် ၊ ၂၅ ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ ၁ ပိဿာလျှင် ၇၅၀၀ ကျပ်ထိ ဈေးပေးရပြီး ကြက်သွန်မြိတ်များ လှိုင်လှိုင်ပေါ်ပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ခရမ်းသီးစျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီး များကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      စည်ပင်သာယာဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ  ခရမ်းသီးကြီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ခရမ်းသီးအသေး တစ်ပိဿာ လျှင်(၆၀၀၀)ကျပ်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကြက်ဟင်းခါးသီးစျေးနှုန်း/စျေးကွက်

     ထားဝယ်ဒေသထွက် ကြက်ဟင်းခါသီးကို ထားဝယ်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထားဝယ်မြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ကြက်ဟင်းခါးသီးပင်ကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိူးကြသည်။ ကြက်ဟင်းခါသီးကို ပုဇွန်ခြောက်နှင့်အတူ ကြော်စား၍ရသလို ငပိရည်တို့စရာနှင့်လည်း ပြုတ်တို့ စားပါက ထမင်းမြိန်စေသည်။ ကြက်ဟင်းခါးသီးမှာပါဝင်သော အခါးဓာတ်နှင့် အဖန်ဓာတ်တွေဟာ သွေးထဲမှာ ရှိသော Glucose သကြားဓာတ်ကိုကြစေနိုင်သည့် သတ္တိရှိပါသည်။ ကြက်ဟင်းခါးသီး ဈေးနှုန်းမှာ ကြက်ဟင်းခါးသီး အလုံးကြီးတစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့်အလုံးသေးတစ်လုံးလျှင် (၁၅၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စျေးနှုန်းစျေးကွက်အခြေအနေ

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်  ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများပြီး ဟင်းသီးဟင်းရွက်များလည်း‌ပေါများသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးလာကြပါသည်။ နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော  ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်၊  တို့ ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက်သတ္တပတ်အတွင်း  ဂေါ်ဖီထုပ် (တစ်လုံး) လျှင် ၃၀၀၀/- ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၃၅၀၀/- ကျပ်၊  ငရုပ်သီးစိမ်း(တစ်ဗူး)လျှင် ၁၀၀၀/- ကျပ်၊ ပဲတောင့်ရှည် (တစ်စည်း)လျှင် ၇၀၀/- ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိပန်း‌ဂေါ်ဖီဈေးနှုန်း/ဈေးကွက်

       ထားဝယ်မြို့ဈေးကွက်တွင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ပန်းဂေါ်ဖီမှာ အဝင်ပုံမှန်၊ အရောင်း အဝယ်ပုံမှန်ဖြင့် ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်သည်၊ ပန်းဂေါ်ဖီမှာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ အများဆုံးဝင်ရောက်ပြီး ယခုအခါ ပုပ္ပါးနယ်မှလည်း ဝင်ရောက်ကြောင်း သိရသည်။ ဝင်ရောက်လာသော ကုန်စိမ်းအများစုမှာ ထားဝယ်မြို့ရှိ ကမ်းနားစျေးများ၊စည်ပင်သာယာစျေးကြီး  များတွင် ရောင်းချကြပါသည်။ ပန်းဂေါ်ဖီ ဈေးနှုန်း အနေဖြင့် အပွင့်အကြီး/အသေးပေါ်မှုတည်၍ တစ်ပွင့်လျှင် (၁၅၀၀-၂၀၀၀-၃၀၀၀) ကျပ် ဈေးများဖြင့် လက်လီပြည်လည်ရောင်းချကြကြောင်း ဈေးကွက်မှ သိရသည်။ ပန်းဂေါ်ဖီမှာ မိသားစုနေ့စဉ် စားသုံးသော ဟင်းလျာများတွင် စားသုံးမှုအပြင် စားသောက်ဆိုင် ဟိုတယ်များကလည်း ဝယ်လိုအားများသည့်အတွက် ဈေးကောင်းရသော ကုန်စိမ်း သီးနှံတစ်မျိုး ဖြစ်သည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း