Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်နနွင်းဈေး အနည်းငယ်တက်

     ပြည်ဈေးကွက်သို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နေ့စဉ်ပုံမှန်ဝင်ရောက်လျက်ရှိနေပြီး ဝယ်လိုအားကောင်းလာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ အောက်တိုဘာလဆန်းပိုင်းတွင် နနွင်းဈေးမှာ အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ အတက်အသေး တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ယခင် စက်တင်ဘာလ တတိယပတ်ထက်စာလျှင် တစ်ပိဿာလျှင် ၅၀၀ကျပ်ခန့် ဈေးမြင့်လာသည်ကို တွေ့ရှိရပါသည်။ ဈေးအနည်းငယ်မြင့်တက်လာရခြင်းမှာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် နနွင်းတက်များ အဝယ်လိုက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ငါးခြောက်ဈေးကွက်

      ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသော ငါးခြောက်များကို ရခိုင်  ပြည်နယ်၊ တောင်ကုတ်မြို့မှ အများဆုံးဝင်ရောက်လာပြီး၊ ပုသိမ်ဘက်မှဝင်ရောက်လာသော ငါးခြောက်များလည်းရှိကြောင်း သိရှိရပါသည်။ ဈေးကွက်တွင်ရောင်းချလျက်ရှိသော ငါးခြောက် ဈေးများ အနေဖြင့် ငါနီတူ(အသေး)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးနီတူ(အကြီး)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ အာပြဲခြောက်အကောင်သေး တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ အကောင်ကြီးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးပုတ်လုံးခြောက် တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးပုတ်သင်ခြောက် (အသေး)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ (အကြီး)တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးအုန်းရွှေဝါခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးအုန်းကျီးကန်းခြောက် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ၊ ငါးရံခြောက်တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ရှိပြီး သီတင်းကျွတ် ကာလဖြစ်သောကြောင့် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မတ်ပဲသီးနှံ ဈေးလျော့နည်းအရောင်းအဝယ်ဖြစ်

     ပြည်ဈေးကွက်အတွင်း ယခုအပတ်တွင်  မတ်ပဲသီးနှံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပိဿာ(၂၀)တစ်တင်းလျှင် (၆)သောင်းကျပ်အောက်အထိ ဈေးလျော့သွားခဲ့ပါသည်။ အဝင်နည်းသော်လည်း လက်ကျန်ပဲများရှိခဲ့၍ ရန်ကုန်ဝယ်လက်အပေါ်မူတည်၍ တစ်ရက်အိတ် ၂၀၀/ ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်လက မတ်ပဲသီးနှံဈေးနှုန်းများ တစ်တင်းလျှင် ကျပ် (၇)သောင်းနီးပါးအထိ မြင့်တက်ခဲ့သော်လည်း လှောင်ပဲသမားအချို့က ထုတ်ရောင်းချမှုမရှိဘဲ ဈေးဆက်လက် မြင့်တက်မလားမျှော်လင့်ကာ ဆက်လက်သိုလှောင်ထားခဲ့ကြသည် ကိုတွေ့ရှိရပါသည်။ ယခင်နှစ်ကလည်း အောက်တိုဘာလဆန်းရက်တွင် ပိဿာချိန် ၂၀တစ်တင်းလျှင် ကျပ် (၆)သောင်းမှ လလယ်မှစ၍ ပဲဈေးနှုန်းတစ်ဖြည်းဖြည်းလျော့လာသောကြောင့် တစ်တင်းကျပ် (၅)သောင်းအောက်အထိ လျော့နည်းသွားခဲ့ပါသည် ။  ဒါကြောင့် ယခုနှစ်ပဲဈေးနှုန်း လျော့ကျသွားသည် ဆိုသော်လည်း ယခင်နှစ်က မတ်ပဲသီးနှံဈေးထက်တော့ ဈေးပိုရလျက်ရှိခဲ့ပါသည်။ ယခုနှစ် ပဲဈေးနှုန်းသည် ငွေလဲလှယ်ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ဈေးပြောင်းလဲကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

 

                                     

ပြည်ပဲကြီးသီးနှံ ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်

       ပြည်ဈေးကွက်တွင် ပြည်တွင်း လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ပဲကြီးသီးနှံမှာ ဈေးအမြင့်ဖြင့့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါသည်။  ပဲလက်ကျန်များ ရှိသည့် အတွက်ကြောင့်  ပဲကြော်ဖိုလုပ်ငန်းသမားများနေ့စဉ်အဝယ်ရှိမှုအပေါ် တစ်ရက်အိတ် ၂၀၀/၃၀၀ ကျော် ပုံမှန်ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့် (ရွှေကျွန်း) တစ်တင်း ၈၀၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၇၇၀၀၀ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်က ပဲဈေးနှုန်း ထက် တစ်တင်းကျပ် ၂သောင်းကျော် ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်က ပဲကြီးသီးနှံ၏ ယခုလ အတွင်းပေါက်ဈေးနှုန်းမှာ ရွှေကျွန်း(တစ်တင်း) ၆၀၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၅၀၀၀၀ကျပ် တို့ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)

လက်လီပဲဈေးကွက်မှာ ပဲနီပြားသီးနှံ ပုံမှန်ရောင်းဝယ်မှုဖြစ်

       ပြည်ပဲဈေးကွက်၏ လက်လီပဲဈေးကွက်တွင်  ပဲသီးနှံအားလုံးလိုလိုဈေးကောင်းရနေခဲ့ပြီး ပဲနီပြားသီးနှံမှာလည်း တစ်တင်း ၅၀၀၀၀ကျပ်ဖြင့် လက်လီသာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ တစ်ရက် အိတ် ၂၀/၃၀ ကျော် ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခုနှစ် ပဲဈေးတစ်တင်းလျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးကောင်းရနေသည်ဆိုသော်လည်း ယခင်နှစ်က ပဲဈေးနှုန်းထက် ဈေးလျော့နေခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်က ပဲနီပြားသီးနှံ ကာလတူ အချိန် ဈေးနှုန်းမှာ တစ်တင်း ၆၀၀၀၀ ကျပ်ဖြင့် ဈေးရခဲ့ပြီး ပဲဈေးကွက်တွင်  အခြားလက်လီပဲများ နည်းတူ ဈေးကောင်းရခဲ့သော သီးနှံဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများ

       အောက်တိုဘာပထမပတ်တွင် ပြည်မြို့နယ်၏ အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ ယခင်လက ဈေးမြင့်တက်နေသော်လည်း ယခုအပါတ်တွင် ဈေးနှုန်းများ အနည်းငယ် ပြန်ကျလာ ပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်လက ၃၆၀၀ကျပ်၊ ယခုလတွင် ၃၃၀၀ကျပ်ဖြင့် အနည်း ငယ် ကျဆင်းခဲ့ပါသည်။ ငရုတ်သီးခြောက်အရှည်ဈေးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)ဈေးမှာ ၅၀၀၀ မှ ၄၃၀၀ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့်  ၆၀၀၀ကျပ်ဖြင့် ဈေးမပြောင်းလဲကြောင်း သိရှိရပါသည်။ မန်ကျည်းမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၅၀၀၀ကျပ်၊ သကြားတစ်ပိဿာ ၂၄၀၀ကျပ်ဈေး ဖြင့် အကျမရှိဘဲ ဈေးငြိမ်နေသည်ကို  တွေ့ရှိရပါသည်။ စားအုန်းဆီသည် ယခုတစ်ပတ်တွင် ဈေးများကျဆင်းလာရာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ခန့်မှ ယခုလတွင် ၆၅၀၀ကျပ်ထိ ကျဆင်း လာပါသည်။ ပဲဆီအနေဖြင့်  တစ်ပိဿာ ၁၂၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၅၀၀ကျပ်ဖြင့် စားသောက်ကုန် ဈေးများ အနည်းငယ် ကျဆင်းလာသလို ယခုလပထမပတ်တွင်  Premier Coffee အထုတ်(၃၀)ပါ အထုတ်ကြီး တစ်ထုတ်လျှင် (၁၀၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

            ပြည်ကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ဈေးထက် ယခုလ ပဲဈေးနှုန်းမှာ ပိုကောင်းလျက်ရှိနေကြောင်း သိရှိရပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ် အောက်တိုဘာလအစတွင် ပဲတစ်တင်းလျင် (၅၀၀၀၀)ကျပ် ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာ ပထမပတ်တွင်  ပဲတစ်တင်းလျင် ၆၀၀၀၀-၆၀၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  တစ်တင်းလျင် ကျပ် (၁)သောင်းခန့်ပိုခဲ့ပါသည်။ တစ်ရက်ကို ရန်ကုန် အဝယ် ၂၀၀/၂၅၀ခန့်သာရှိပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

ပဲစင်းငုံ

          ယခင်နှစ် အောက်တိုဘာလအစတွင် ပဲစင်းငုံဈေးတစ်တင်းလျင် ၄၃၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၅၀/၂၀၀ခန့်သာ အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလအစတွင်  ပဲစင်းငုံ တစ်တင်းကို ၆၁၀၀၀ ကျပ်ရှိခဲ့ပါသည်။ ယခင်နှစ်ထက် ပဲတစ်တင်းကို ၁၈၀၀၀ကျပ်ခန့် ပိုခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ် အောက်တိုဘာလ ကုလားပဲသီးနှံဈေးနှင့် ယခုနှစ် ကုလားပဲ သီးနှံဈေးနှုန်းနှိုင်းယှဉ်ကြည့်လျင် တစ်တင်းကို ၁၅၀၀၀ကျပ်ခန့် ဈေးပိုခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်အောက်တိုဘာလတွင် ကုလားပဲ(HL)တစ်တင်းကို ၄၅၀၀၀ကျပ်ဖြစ်ခဲ့ပြီး၊ ယခုနှစ် အောက်တိုဘာလတွင် ကုလားပဲ(HL) တစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် အောက်တိုဘာလ အစတွင် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားများနှင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

ပဲကြီး

          ပဲကြီးသီးနှံသည် ယခင်နှစ်အောက်တိုဘာလအစတွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ၄၂၀၀၀ ကျပ်ဖြစ်ပြီး ယခုအောက်တိုဘာအစတွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ၇၇၀၀၀ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် နှင့် နှိုင်းယှဉ်လျင် ယခုနှစ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို ၃၅၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရပါသည်။

စားတော်ပဲ

          ယခင်နှစ် အောက်တိုဘာလအစတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၆၀၀၀၀ကျပ် ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၀၀)ခန့်သာ အဝယ်ရှိပါသည်။ ယခုနှစ်အောက်တိုဘာလအစတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၃၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် အောက်တို ဘာလအစနှင့် ယခုနှစ်တွင် တစ်တင်းကို ၇၀၀၀၀ကျပ်ခန့် ပိုကောင်းခဲ့ပါသည်။

ဘိုကိတ်

          ဘိုကိတ်ပဲဈေးမှာ ယခင်နှစ်အောက်တိုဘာလတွင် ပဲတစ်တင်းကို ၃၆၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၁၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်အောက်တိုဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန် အဝယ်ရှိခဲ့ ပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်အရောင်းအဝယ်ဖြစ်မှုမှာ ယခင်နှစ်ကထက်ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                                  

ပြည်ကြက်သွန်နီဈေးကွက် အရောင်းသွက်

      ပြည်ကြက်သွန်နီဈေးကွက်၌ ယခုဝါလကင်းလွတ်သီတင်းကျွတ်နှင့် ကထိန်ရာသီကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း မိုးတွင်းကာလရေစို မိုးမိသည့် ကြက်သွန်နီများမှာ ဈေးအနည်းငယ်ကျသွားပြီး အရည်အသွေး ကောင်းသည့် ကြက်သွန်နီများမှာ ဈေးမကျဘဲဈေးကောင်းလျက်ရှိနေပါသည်။ ပျော်ဘွယ်၊ မြင်းခြံ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်း စသောဘက်မှ ကြက်သွန်နီများ (၂၅)ပိဿာဝင် အိတ် ၄၅၀ခန့် နေ့စဉ် အဝင်ရှိနေပြီး ဝင်ရောက်မှု၏ လေးပုံသုံးပုံခန့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ် များထက် ဝင်ရောက်မှုများသလို အရောင်းအဝယ်လည်း သွက်နေကြောင်း သိရှိရပါသည်။ ဈေးနှုန်း များမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၃၂၀၀/၃၁၀၀-၃၀၀၀/ ၂၉၀၀ တို့ရှိပြီး လက်လီဈေး အသေးများတွင် ကျပ် ၃၅၀၀/၃၃၀၀/၃၂၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ် မှုရှိနေကာ ရေစိုမိုးမိ ကြက်သွန်နီများမှာ တစ်ပိဿာလျှင် ဈေးနှုန်း ၁၅၀-၂၀၀ကျပ် အကွာဖြင့် ဈေးချလျက် ရောင်းချမှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်တွင် နှမ်းဈေးဆက်လက်မြင့်တက်

      ပြည်ဈေးကွက်တွင် အောက်တိုဘာလဆန်းပိုင်းတွင် နှမ်းဈေးများ ကျဆင်းလာသည်ကို  တွေ့ရှိရပါသည်။ ကံမ၊ မြန်အောင် နှင့် ဥသျှစ်ပင်ဘက်မှ တစ်နေ့လျင် နှမ်းအိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး နှမ်းနက်ကို မန္တလေးဝယ်လက်များက တရုတ်ပြည်သို့ တင်ပိုရန်အတွက် ဝယ်ယူမှုရှိသလို နှမ်းနီကိုဆီစက်များကအဝယ်ရှိနေသော်လည်း  နှမ်းဈေးမှာ ကျလာသည်ကို တွေ့ရှိရပါသည်။ ယခင် စက်တင်ဘာလတတိယပတ်တွင်  ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော နှမ်းဈေးများမှာ နှမ်းနီ(၃)တင်း တစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်း တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၃၂၀၀၀၀)ကျပ်ဈေးဖြစ်ခဲ့ပြီး ယခု အောက်တိုဘာလဆန်းတွင်  နှမ်းနီ(၃) တင်း တစ်အိတ်လျှင် (၂၄၅၀၀၀)ကျပ်ဖြင့် ယခင်လကထက် ၁၅၀၀၀ကျပ် ခန့်ဈေးကျလာပြီး၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် (၂၇၀၀၀၀)ကျပ်ဖြင့် ယခင်လ ကထက်  (၁)သောင်းကျပ် နှင့် စမုံနက် (၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်ဖြင့် ယခင်လ ကထက် (၂)သောင်းကျပ်ခန့် ဈေးကျလာသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ဝယ်လက် အဝယ်ရှိသော်လည်း  ပြည်မြေပဲဆန်ဈေးပြန်ကျလာ

       ပြည်ဈေးကွက်သို့ မိုးမြေပဲဆန်များကို ပြည်-အောင်လံ ကြားရှိကျေးရွာများနှင့် ပေါက်ခေါင်း၊ ကြံခင်း၊ မြန်အောင်ဘက်မှ နေ့စဉ်အိတ် (၁၅၀၀-၂၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများ ကျဆင်း လာသည်ကို တွေ့ရှိရပါသည်။ ယခင်စက်တင်ဘာလ တတိယပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန် တစ်ပိဿာလျှင် (၅၃၀၀)ကျပ်၊ ရွေးဆန် တစ်ပိဿာလျှင် (၅၇၀၀)ကျပ် နှင့် လုံးဆန် တစ်ပိဿာ လျှင် (၆၀၀၀-၆၁၀၀)ကျပ်ဈေးဖြစ်ခဲ့ပြီး  ယခု အောက်တိုဘာလဆန်းပိုင်းတွင် မြေပဲဆီ ဆန် တစ်ပိဿာလျှင် (၅၀၀၀-၅၁၀၀)ကျပ်ဖြင့် တစ်ပိဿာလျှင် ၃၀၀ကျပ် ဈေးကျခဲ့သလို မြေပဲလုံး ဆန်တစ်ပိဿာလျှင် (၅၃၅၀-၅၄၀၀)ကျပ်ဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်ခန့် ဈေးကျလာတာသည်ကို တွေ့ရှိရပါသည်။ ဆီဆန်ကို မြို့တွင်းဆီစက်သမားများနှင့် မကွေးရှိ ဆီစက်သမားများက အဝယ်ရှိသလို လုံးဆန်ကို မြဝတီသို့တင်ပို့ရန်နှင့် ဒေသတွင်း ပဲလှော်ဖိုသမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၅၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း