Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၅)ရက်နေ့၊ နေ့လည်(၁:၀၀)အချိန်တွင် မော်ကျွန်းမြို့နယ် ၊အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိ ပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး၊ ထိုဟောပြောပွဲသို့ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂၂.၇.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် (၂)လမ်း ဦးတင်ဦး (မုန့်ဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ခရိုင်ဦးစီးမှူးဦးသန်းစိုးနှင့် ဝန်ထမ်းများ များမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိ စေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အမက(လွန်)ဇေယျာခင်ဦးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ်(၂၁)ရပ်ကွက်ရှိ၊ ဇေယျာခင်ဦး အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်း စရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

                  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားကြရန် လိုအပ်ပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။ထို့နောက် မြို့နယ်တာဝန်ခံသည် ကျောင်းသား ကျောင်းသူများ ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားရှိမှုအားကို အသင့်စားမုန့်များဖြင့် လက်တွေ့ဖတ်ရှုစေခဲ့ကြောင်းနှင့် ဟော ပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၆ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် စာပေဝါသနာရှင်များအား အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေတာရှည် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး ပြောကြားပါသည်။စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် အွန်လိုင်းတွင် ဈေးဝယ်ခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များကို အသိ ပညာပေး ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်နှင့် စာပေဝါသနာရှင်(၈)ဦး တက်ရောက် ကြောင်း သိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အကျိုး စီးပွား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့်ဝန် ဆောင်မှုများ အပေါ် စားသုံး သူများ ဘေး အန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကိုစဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပါသည်။
    ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်  ၊စားသုံး သူရေးရာ ဦးစီးဌာန မှမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့မှ ၁၇.၇.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် လက်ပံတန်းမြို့မ ဈေးကြီးအတွင်း စားသုံးဆီ ရောင်းချနေသော ဆီဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချမှု အခြေအနေများ၊ စားအုန်းဆီရောင်းချမှု ဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်း ချခြင်း ရှိ/မရှိ ၊ရောနှောဆီများ ရောင်းချခြင်း မပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှု ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၁၀၀၀)၊ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုနယ်တွင် နေထိုင်ကြသော ပြည်သူ များ၏နေ့စဉ်စားဝတ်နေရေး၊စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်အတွင်းရှိ မြို့နယ်များ၌ တစ်ပတ်လျှင် (၂)ကြိမ်ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်း များဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းနှင့်ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊လက်ပံတန်းမြို့နယ်ကရေကရာလုပ်ငန်းရှင်ဦးမြင့်လွင်နှင့်( ၁၇.၇.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ် ( ၁၃:၀၀ )နာရီအချိန်တွင်၊  ခရိုင်စားသုံးတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ မှတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည် အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံး စွဲပုံနည်းလမ်း များအားလည်းကောင်းဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၁၈.၇.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိ  စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်  ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

ဝန်ထမ်းများစုပေါင်းမိတ်ဆုံစားပွဲဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းများ စုပေါင်း၍ မိတ်ဆုံစားပွဲများ လစဉ်ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဦးစီးမှူးရုံးတွင် (၁၅.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီ တွင် ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်း ဦးဆောင်၍ မိတ်ဆုံစားပွဲဆောင်ရွက်ခဲ့ပါသည်။

အဆိုပါမိတ်ဆုံစားပွဲတွင် ကြက်သားပလာတာများဖြင့် ဧည်ခံကျွေးမွေးပြီး ဝန်ထမ်းများက လည်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်ခဲ့ကြပါသည်။ ဝန်ထမ်းမိတ်ဆုံစားပွဲများ ကျင်းပ ခြင်းအားဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ လုပ်ငန်းခွင်ပျော်ရွင်မှုရှိခြင်း၊ စည်းလုံးညီညွှတ်မှုပိုမိုရရှိခြင်း၊ ရုံးလုပ်ငန်းကို ပိုမိုပြီးမြောက် အောင်မြင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ