Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်၏ဈေးကွက်တွင် ရောင်းချနေသော စားအုန်းဆီအမျိုးမျိုးတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းအား စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။

       ထို့ပြင် စားသုံးဆီအမျိုးမျိုး ရောင်းချသောလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာ ကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

O Mar ကိတ်တွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မုန့်မျိုးစုံရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် O Mar ကိတ်တွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ ဖော်ပြထားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင် အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ရောင်းချရန် နှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများကို အရောင်းချရန်တို့ကို မှာကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

DOCA (ဧရာဝတီ)

စွန်ညီနောင် ခေါက်ဆွဲကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် ကုန်စုံဆိုင်များအား ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် စွန်ညီနောင် ခေါက်ဆွဲထုပ်များ၌ မြန်မာဘာသာဖြင့် ရေးသားဖော်ပြ ထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ် အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်း နှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

DOCA (ဧရာဝတီ)

 

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦးလှဦး ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၂..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးလှဦးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသောဦးလှဦးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သို လှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁0:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန် ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြား နိုင် သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

DOCA (ဧရာဝတီ)

 

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁:၀၀) နာရီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံး ရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ်၏ ခွဲတမ်းရစားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၁၁.၉.၂၀၂၅)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်း ခွဲတမ်းရ စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိ ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိ ကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာရှိ ကျောက်ဆူးဆန်စက်အား ဈေးနှုန်း/ဈေးကွက် အခြေအနေနှင့်ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ် (1:00) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုရှိ ကျောက်ဆူး ဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ ကျောက်ဆူးဆန်စက် လုပ်ငန်းရှင် ဦးရှဖီးနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ My r o သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

မြန်အောင်မြို့နယ် ဆီစက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၁.၉.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် ဆီစက်လုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးမင်းမင်းဦးနှင့်တွေ့ဆုံ၍ ဆီစက်လုပ်ငန်းရှင်များအသင်းမှ လက်ရှိ လှုပ်ရှား ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် ဆီစက်လုပ်ငန်းရှင်အသင်း လက်ရှိတွင်ကော်မတီအဖွဲ့ဝင်(၉) ဦး ရှိပြီး၊ အသင်းအနေဖြင့် ယခုအချိန်တွင် မြေပဲများလှိုင်လှိုင်ထွက်ရှိသည့် ရာသီဖြစ်သည့်အလျောက် မြေပဲဆီ များအား သင့်တင့်သောဈေးနှုန်းဖြင့် ပြည်သူများသုံးစွဲနိုင်ရန် ကြိတ်ခွဲရောင်းချလျက်ရှိကြောင်း၊ ဒေသတွင်း ထွက်ရှိသော သီးနှံများအား ကြိတ်ခွဲထုတ်လုပ်ပြီး အခြားဒေသများသို့ပါ တင်ပို့နိုင်ရေးနှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အသင်းအဖွဲ့ဝင်များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အောင်ရတနာစက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက် (10:00 ) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အောင်ရတနာဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ အောင်ရတနာဆန်စက် လုပ်ငန်းရှင် ဦးခင်ဝင်းနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ My r o သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ