Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ်၊ ကံကော် ရေသန့်စက်ရုံသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၌ ပိန္နဲကုန်းကျေးရွာရှိ ကံကော်ရေသန့်စက်ရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာနတို့ နှင့် ပူးပေါင်း၍ ရေသန့်ထုတ်လုပ်သော ကံကော်ရေသန့်စက်ရုံသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရေသန့်ထုတ်လုပ်မှုအခြေအနေ၊ ထုတ်ပိုးမှု၊ ထားသိုသိမ်းဆည်းမှုနှင့် ထုတ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိနှင့် မြန်မာဘာသာဖြင့် ဖော်ပြချက်ပါ/မပါ ဈေးကွက်ထဲမရောက်မီ ဆောင်ရွက်ရမည့် အခြေအနေတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

ကျိုက်မရောမြို့နယ်၌ ရပ်ကွက်နှင့်‌ကျေးရွာတို့တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စားအုန်းဆီ ရောင်းချပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ စားအုန်းဆီ လက်လီအရောင်းကိုယ်စားလှယ်များရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ရောင်းချမှုတွင် စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများ လက်ဝယ်သို့နိုင်ငံတော်မှ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှင့်အမှန်တစ်ကယ် ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့အား သွားရောက်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။ DOCA (မွန်)

ကျိုက်ထိုမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို တက်ရောက်လာသည့် အသင်းဝင်များမှ စိစစ်ရွေးချယ်ခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းခဲ့ကြပြီး အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို ကျိုက်ထိုမြို့နယ် ဆန်စက် လုပ်ငန်းရှင်များ အနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၆) ဦး စုစုပေါင်း (၉) ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိူးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် ငန်းတေးအိမ်ရာမှူးနှင့် ပူးပေါင်း၍ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုမှာ စိုက်ပျိူးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနများ၏ စာရင်းများအတိုင်း ကိုက်ညီမှု ရှိ/မရှိ စစ်ဆေခဲ့ပြီး ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ငန်းတေးကျေးရွာတွင် (၈၆) ဧက စပါးစိုက်ပျိုးပြီးစီးကြောင်း စစ်ဆေးတွေ့ရှိရသည်။ DOCA (မွန်)

ကျိုက်လတ်မြို့နယ်ရှိ စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို‌ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် အချက်များကို ဆွေးနွေးခဲ့ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များတွင် စားအုန်းဆီရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်စုံဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးများနှင့် ရက်စွဲများချိတ်ဆွဲရောင်းချပေးရန်၊ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းသော စားသုံးဆီများ သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန် လိုအပ်ကြောင်း၊ ဓာတုဗေဒ ပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်၊ ဌာနအနေဖြင့်လည်း ကွင်းဆင်းစိစစ်ကြပ်မတ်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စားအုန်းဆီ လုပ်ငန်းရှင် (၃၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

မော်လမြိုင်မြို့နယ်တွင် ရောင်းချနေသောစားသုံးဆီ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

၇.၇.၂၀၂၅ ရက်နေ့တွင်မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မော်လမြိုင် မြို့နယ်၊ မောင်ငံရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Lotus ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများအား စစ်ဆေးခဲ့ကြောင်း၊ ၎င်းစားသုံးဆီများမှာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စားဆီဘူးများတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိပြီး ရောနှောဆီများရောင်းချမှု မရှိကြောင်း သိရှိရပါသည်။ DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

၄.၇.၂၀၂၅ ရက်နေ့၊နေ့လယ် (၁၄:၀၀) အချိန်တွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာရှိ “Diamond Star” ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက ဆန်စက်လုပ်ငန်းရှင်အား စက်စွမ်းအားအခြေအနေ၊ တစ်နေ့စက်လည်ပတ်မှုအချိန်၊ တစ်နေ့ကြိတ်ခွဲမှုအခြေအနေ၊ စပါးဝယ်ယူမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ၊ ကြုံတွေ့ရသည့်အခက်အခဲ များကို ဆွေးနွေးမေးမြန်းရာ ဆန်စက်လုပ်ငန်းရှင်က ဆန်စက်မှာ ၂၄ နာရီ (၁၅) တန် ကျဆန်စက်ဖြစ်ကြောင်း၊ တစ်နေ့လျှင် စက်လည်ပတ်ချိန် (၁၀) နာရီလည်ပတ်ကြောင်း၊ တစ်နေ့ကြိတ်ခွဲမှု အခြေအနေမှာ စပါးတင်း (၂၀၀) ကြိတ်ခွဲကြောင်း၊ စပါးကို ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှ အဓိကထားဝယ်ယူကြောင်း၊ ဧည့်မထစပါး တင်း (၁၀၀) လျှင် ကျပ်(၁၅)သိန်း၊ ပေါ်ဆန်းမွှေး တင်း (၁၀၀) လျှင် ကျပ် (၂၈) သိန်းဖြင့် ဝယ်ယူရကြောင်း၊ ကုန်ချောဆန်များကို ချောင်းဆုံမြို့နယ်အတွင်းသာ ဖြန့်ဖြူး ရောင်းချ ကြောင်း၊ ဧည့်မထဆန် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် (၆၀၀၀၀) ဝန်းကျင်ဖြင့် ရောင်းချကြောင်း၊ လုပ်သား ဦးရေ (၅) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် မီးစက်ဖြင့် လည်ပတ်ရသဖြင့် ကုန်ကျစရိတ်များပြားကြောင်း သိရှိရပါသည်။ DOCA (မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံ မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်များတွင် ဆန်များအားဈေးနူန်းမြှင့်တင်ရောင်းချ ခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင် များတွင် ဈေးနူန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ DOCA (မွန်)

ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)နှင့် (အငယ်တန်းစာရေး) ဦးခိုင်လွမ်းမိုး တို့သည် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် ပူးပေါင်းပါဝင်လျက် ၄-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ မြို့ပေါ်လက်လီဆန် အရောင်းဆိုင်(၇)ဆိုင် သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်၊ အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များဖြစ်သော စွမ်းဆန်ဆိုင်၊ အောင်ကမ္ဘာဆန်ဆိုင်၊ ဒေါ်ရွှေဆန်ဆိုင်၊ ဒေါ်ကြည် ဆန်ဆိုင်၊ ကေသုံးလုံးဆန်ဆိုင်၊ ရွှေရည်လင်းဆန်ဆိုင်၊ ဝင်းသိဂ္ဒီ ဆန်ဆိုင် တို့ရှိ ရောင်းချသည့် ဆန်အမျိုးအစားများ ဒေသထွက်ကုန်ဧည့်မထ ဆန်များ၏ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ ရောင်းချရန် ကျန်ရှိသော လက်ကျန်အိတ်၊ ပုသိမ်၊ မြောင်းမြဘက်မှဝယ်ယူရောင်းချသော ပုသိမ်ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းယဉ်၊ ဖျာပုံ၊မြောင်းမြ ပေါ်ဆန်းဆန်များ သိုလှောင်သည့်နေရာ၊ ၂၀၂၅ခုနှစ် ဇွန်လ သတ်မှတ်ရည်ညွှန်းဈေးအပေါ် ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း ရှိမရှိကို စစ်ဆေးခဲ့ကြပြီး၊ ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်းစေရန် လုပ်ငန်းရှင်နှင့်ပူးပေါင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း အပါတ်စဉ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်းကို ဆန်ဆိုင် လုပ်ငန်းရှင်တို့အား ပြောကြားခဲ့ပြီး ဆန်ဆိုင်များ သိူလှောင်ရုံများ မှတ်ပုံတင်သက်တမ်းပြည့်ပါက သတ်တမ်းတိုးဆောင်ရွက်နိုင်ရေးကိုပါ အသိပညာပေးခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများ ထူးခြားစွာဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိပါကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ DOCA(ဧရာဝတီ)

သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို သိမ်ကုန်းရပ်ကွက်ရှိ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက အမှာစကား ပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက် ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို ခရိုင်ဦးစီးမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ဦးဆောင်၍ စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ကြသည်။ အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့တို့ရှိ ဆန်စက် လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၅) ဦး စုစုပေါင်း (၁၁) ဦးတိုဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ