သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
သက်တမ်းလွန်စားသောက်ကုန်ပစ္စည်း စစ်ဆေးတွေ့ရှိမှု
ရွှေမဲဆိပ်ကမ်းသို့ ဆိုက်ရောက်သည့်ရေယာဉ်ဝင်ရောက်မှု အဖွဲ့စုံဖြင့် စစ်ဆေးခြင်း
“ကော့မှူးမြို့နယ်အနောက်ခြမ်းကျေးရွာများသို့ သက်ဆိုင်ရာဌာနဆိုင်ရာများမှကွင်းဆင်း အသိပညာပေးဆွေးနွေးခြင်း”
“ ကော့မှူးမြို့နယ်သရက်တောကျေးရွာ၌သဘာဝဘေးအန္တရာယ်(ရေဘေးအန္တရာယ်)ကြိုတင် ကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း”
“တွံတေးမြို့နယ်အတွင်းရှိမုန့်ဖတ်အရောင်းဆိုင်များတွင်မုန့်ဖတ်အမျိုးမျိုးအား ဖော်မလင်နှင့်ဆိုးဆေးပါဝင်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း”
စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက် လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိနှင့် စားအုန်းအရည်အသွေးတို့အား စစ်ဆေး ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှ တဆင့် စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျှက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(မန္တလေး)
“မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်သမင်ခြံကျေးရွာ၌မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ ”
“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များတွင်ဆေးဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအားကွင်းဆင်းစစ်ဆေး ”
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တောင်ကြီး မြို့ပေါ်ရှိ ကုန်စုံဆိုင်များဖြစ်သော ဇွန် မီနီမတ်နှင့် သန်းကြွယ်စတိုးတို့တွင် Signal သွားတိုက် ဆေးအတုများ ရောင်းချနေမှုများရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ရုံးချုပ်၏ညွှန်ကြားချက်အရ စျေးကွက်အတွင်းဝင်ရောက်လာသော တရားမဝင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုရှိ/ မရှိ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/ မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား တရားမဝင်အတုအပပစ္စည်းများ ရောင်းချခြင်းများ မပြုလုပ်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)








