
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များတွင် ဇွန်လကုန်အပတ်အတွင်း ဆေးဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စည်ပင်သာယာမြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြား ချက်နှင့်အညီ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ မေခလာဆေးဆိုင်၊ အေးမင်း စိုးဆေးဆိုင်နှင့် မြို့မဈေးအပြင်ရှိ ဒေါ်ဝင်းလဲ့ရည်စိုးဆေးဆိုင်တို့တွင် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိသော အားဆေး၊ အကိုက်အခဲပျောက်ဆေး၊ အာရုံကြောဆေး၊ သွေးကျဆေး၊ လေဆေး၊ ရှုဆေး၊ အရိုးဆေး စသည့် အမျိုးအစားအမျိုးမျိုးတို့နှင့် သန္ဓေတားဆေး၊ ရင်ကြပ် ပျောက်ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲနေမှု အခြေအနေတို့အား ဆေးအမျိုးအစားအလိုက် ဈေးနှုန်းစာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)