Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို (၅.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၀:၁၅) နာရီအချိန်ထိ ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ခွန်အားဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

          ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်း ဟောပြောခဲ့ပါသည်။

          ဆက်လက်၍ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့် Call Center 1535 သို့ ဆက်သွယ် မေးမြန်းတိုင်ကြားနိုင်ပြီဖြစ်ကြောင်း၊ စားသုံးသူများသာမက ကုန်စည်၊ ဝန်ဆောင်မှု ထုတ်လုပ်ဖြန်းဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာ ကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍  သိရှိလိုသည်များကို မည်သူမဆို Call Center 1535  မေးမြန်းနိုင်ပါကြောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ စားသုံးသူကာကွယ်ပေးရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့်ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆန်စက်လုပ်သား (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် တာဝန်ခံသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့မဈေးသစ်၊ ဈေးတာဝန်ခံရုံးတွင် (၃.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အလှကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၄) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် ဇလွန်မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အကြောင်း စသည့်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ  ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း  အသိပညာပေးဟောပြော အောင်မြင်စွာ ကျင်းပပြီးစီး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၉.၅.၂၀၂၂) ရက်နေ့ တွင် နံနက် (၁၀:၀၀) အချိန်မှ စ၍ မအူပင်မြို့ပေါ်ရှိ ဆီလက်ကားရောင်းချသူများအား ဖိတ်၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်းနှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေ၏ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း တို့အပြင် ပြည်ပမှ တင်းသွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များအား အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) အောင်မြင်စွာ ဖွဲ့စည်းပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင်  ၇.၅.၂၀၂၂ ရက်နေ့ ၁၂း၀၀ နာရီအချိန်၌ မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့နယ် ဆီကုန်သည်နှင့် စားသုံးဆီရောင်းချနေသော လုပ်ငန်းရှင် (၁၄)ဦးတက်ရောက်၍ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)အား ဖွဲ့စည်းနိုင်ရေး  အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မူဝါဒအရပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ တွဲဖက်လုပ်ဆောင်နေသည့်အတွက်  အသင်းအဖွဲ့၊ အစုအဖွဲ့များ ဖြစ်တွန်းပေါ် ပေါက်ရေးဆောင်ရွက်လျှက်ရှိကြောင်း၊ ဌာန၏ ရည်ရွယ်ချက်ကလည်း အသင်းဖွဲ့စည်းမှုကိုပံ့ပိုးဆောင်ရွက်ရေး၊ အသင်းအဖွဲ့ အားကောင်းအောင် ကူညီပံ့ပိုးဆောင်ရွက်ရန်ဖြစ်ပါသောကြောင့် မအူပင်ခရိုင်အတွင်း အသင်းအဖွဲ့များ ဖြစ်ထွန်းပေါ်ပေါက်အားကောင်းစေရေးအတွက် အထူးအလေးပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်းကိုဖွဲ့ စည်းခဲ့ပြီးနောက် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး အလေးပေးဆောင်ရွက်ခဲ့ပါသည်။  ဆီကုန်သည်နှင် ဆီလုပ်ငန်းရှင်များ အသင်း ဆွေးနွေးညှိနှိုင်း တိုင်ပင် ကြရန်လိုအပ်ပါကြောင်း၊ စည်ပင်သာယာ ရေးအဖွဲ့၏ ညွှန်ကြား ချက်များ၊ FDA ဌာန၏ ညွှန်ကြားချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ ကိုလိုက်နာ၍ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းမှာကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း ဆွေးနွေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း နှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်စေရေး ကွင်းဆင်းကြပ်မတ်သွားရန်အတွက် ၂၀၂၂ခုနှစ် မေလ ၁ ရက်နေ့မှ ၁၅ ရက်အထိ စားအုံးဆီများ ဝယ်ယူတင်သွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများကို ကွင်း ဆင်းဆောင်ရွက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)ကို ဖွဲ့စည်းသင့်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

          တက်ရောက်လာသော လုပ်ငန်းရှင်များမှ  မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) အသင်းကို အသင်းသား၊ အသင်းသူများ၏ သဘောဆန္ဒအရ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူး၊ စာရင်းစစ်နှင့် အဖွဲ့ဝင် စုစုပေါင်း (၅)ဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။  ရွေးချယ်ပွဲတွင် မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) ဥက္ကဌ ဦးသက်ဦးမှ ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အသင်းအနေဖြင့် ဌာနဆိုင်ရာများ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက် အကြံပြုချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ(၄)ဦး၊ လုပ်ငန်းရှင် (၁၄)ဦး စုစုပေါင်း (၁၈)ဦးတက်ရောက်ခဲ့ပြီး (၁၅:၃၀) နာရီ အချိန်တွင် အခမ်းအနားပြီးမြှောက်ခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူ ရွှေမြင့်မိုရ် ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးမှ ဦးဇော်မင်း၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်မင်းစိုးနှင့်  အဖွဲ့ဝင်များသည်  ဓနုဖြူမြို့နယ်၊ ထန်းပင်ကွေ့ကျေးရွာရှိ ရွှေမြင့်မိုရ်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၅.၅.၂၀၂၂) နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

            ရွှေမြင့်မိုရ်ဆန်စက်သို့  သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်သို့ တနေ့စပါး ဝင်ရောက်မှုအခြေအနေ၊ ဆန်စက်၏  ကြိတ်ခွဲထွက်ရှိမှုအခြေအနေ၊ ဆန်/စပါး ဈေးကွက်၊ ဈေးနှုန်း အခြေအနေများ၊ ကြိတ်ခွဲထွက်ရှိလာသော ဆန်များအား ရန်ကုန်သို့ တင်ပို့နေမှု အခြေအနေများ၊ ကုန်စည်၏ အရည်အသွေးပြည့်ဝစွာ ကြိတ်ခွဲထွက်ရှိစေရေး အသိပညာပေးမှုများ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ဖော်ပြမှုအခြေုအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အလေးပေးဆောင်ရွက်ရန် ဆွေးနွေးပြီး ဆန်စက်ကြိတ်ခွဲလည်ပတ်မှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး အသိပညာပေး

            စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်း ရောင်းချခြင်းဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူကာကွယ်ရေးဥပဒေအပြင် သက်ဆိုင်ရာ ဥပဒေများအရ အရေးယူရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ မေလ ၆ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က Online ပေါ်တွင် ရောင်းချနေသည့်အန္တရာယ်ရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ပတ်သတ်၍ အဆိုပါဆေးဆိုင်များတွင် ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီတင်သွင်းလာသည့် မှတ်ပုံတင်ရရှိပြီးသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချကြစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ( ၆.၅.၂၀၂၂ ) ရက်နေ့ (၁၃: ၀၀) နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ဦးစီးမှူး ၊ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ခရိုင်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးအပါအဝင် ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ အန္တရာယ်ရှိ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ဈေးကွက်စောာင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် အန္တရာယ်ရှိဆေးနှင့်ဆေးပစ္စည်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းထားခြင်းမဟုတ်သော ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိဆေးနှင့် ဆေးပစ္စည်းများ မရောင်းချစေရေးနှင့် တရားဝင်တင်သွင်းပြီးမှတ်ပုံတင်ရရှိပြီးသည့် ဆေးနှင့်ဆေးပစ္စည်းမျာကိုသာ ရောင်းချကြစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ ဆီစက်နှင့်တွဲလျက် ဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေး

            စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မေလ ၄ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆီစက်နှင့်တွဲလျက် ဆီအရောင်းဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ဈေးနှုန်း/ ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်ဖြစ်သည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ၂၀၂၂ခုနှစ် မေလ ၁ရက်နေ့မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်မည့် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များက ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများကို ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင် ပီပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့်ပြုကြောင်း အသိပေးကြေညာချက်ကို ဆီလုပ်ငန်းရှင်များသို့ အသိပေးပြီး၊ နေပြည်တော်ရုံးချုပ်မှ ပေးပို့သည့် အသိပေးကြေညာချက်ကို လက်ကမ်းစာစောင်အဖြစ် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင်အတွင်းရှိ ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

            ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် စီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ၂၀၂၂-ခုနှစ် မေလ(၅)ရက်နေ့တွင် ကသာမြို့၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူး၊ ဦးငြိမ်းချမ်းသူ(လ/ထညွှန်ကြားရေးမှူး)က တက်ရောက်လာသော ကသာခရိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉-ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံး သူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာ စာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်း ဦးစွာပထမ မိတ်ဆက်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြစ်ကြီးနားမြို့အတွင်းရှိ ဆေးဆိုင်များနှင့် စတိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၆.၅.၂၀၂၂ ရက်နေ့တွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။     

          ထိုသို့ကွင်းဆင်းရာတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registraction No. များဖော်ပြထားခြင်းမရှိသည့် Bella Plus အမှတ်တံဆိပ်Plasterများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိမရှိအား ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News