Main menu

HighLight News

Powered by Drupal

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သောအဖွဲ့များသည် ၉-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Mv ပြည့်ရတနာဝင်း ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ မြေဆီ၊ စားသောက်ကုန်နှင့်လူသုံးကုန်မျိုးစုံများကို တင်ဆောင်နေကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သောအဖွဲ့များသည် ၉-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Mv ဝိသုကမ္မ ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ဘုတ်ပြင်းမြို့သို့ ဆန်နှင့်ကုန်မျိုးစုံများကို တင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိ ခဲ့ရာ ထိုတင်ဆောင်နေသောကုန်များမှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လူသုံးများသော ဆေးဝါးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်ပိုင်းခရိုင်အတွင်းရှိ လူသုံးများသောဆေးဝါးများအား ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်ရှိ အမှတ်(၈၂)၊ ဘုရင့်နောင်လမ်း၊ ပေါက်တောဝ ရွှေအိုးဆေးဆိုင်သို့ ဆေးပစ္စည်းနှင့်ပတ်သက်၍ လူသုံးများသောဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိနှင့် စားသုံးသူထိခိုက်နိုင်ခြေမြင့်မားသည့် စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရေးဆောင်ရွက်ကြရန်နှင့် စံနှုန်းညီညွတ်သော ဆေးဝါးများကိုသာ‌ရောင်းချကြရန် ညွှန်ကြားဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ (၄) ဦးတို့သည် ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာ၌ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ Asia Energy, Regency နှင့် Max အဝေးပြေး၊ ရွှေပြည်သာမြို့နယ်ရှိ Denko, Moon Sun နှင့် Max ဆိုင်၊ အင်းစိန်မြို့နယ်ရှိ 360 Perto, Denko နှင့် ရွှေဗျိုင်းဖြူဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်ရောင်းချကြရန်၊ ပစ္စည်းများပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် စက်သုံးဆီများကို မှောင်ခိုထုတ်၍မရောင်းချရန် ညွှန်ကြားဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

နန္နဝန်ဈေးအတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်မြတ်သက်နိုင်နှင့် ဝန်ထမ်းများသည် ၃-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ နန္နဝန်ဈေးအတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နန္နဝန်ဈေး ဈေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်းပါဝင်၍ ရောနှောဆီများအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများရောင်းချနေခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်းရောင်းချနေသော Meizan အမှတ်တံဆိပ် (ဟင်းသီးဟင်းရွက်ဆီ၊  ပဲပိစပ်ဆီ)၊ ပုဇွန်နှစ်ကောင်ဆီ, ဧရာဝတီမြေပဲဆီ၊ Lotus (ဟင်းသီးဟင်းရွက်ဆီ)၊ ရန်ကုန်ပဲဆီသန့်၊ Good Choice, Goody ဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေ (ယာယီ) ဈေးအတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးနေလင်းနှင့်ဝန်ထမ်းများသည် ၃-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာမွေမြို့နယ်၊ တာမွေ(ယာယီ)ဈေးအတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တာမွေ(ယာယီ)ဈေး ဈေးတာဝန်ခံနှင့် ဝန်ထမ်းများသည် ပူးပေါင်းပါဝင်၍ ရောနှောဆီများအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများရောင်းချနေခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်းရောင်းချနေသော , Meizan အမှတ်တံဆိပ် ( ဟင်းသီးဟင်းရွက်ဆီ၊  ပဲပိစပ်ဆီ)၊ ပုစွန်နှစ်ကောင်ဆီ, ဧရာဝတီမြေပဲဆီ၊ Lotus(ဟင်းသီးဟင်းရွက်ဆီ) အမေထွား စသည့်ဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် ၂-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ရန်ကင်း(စံပြ)ဈေးအတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရန်ကင်းဈေးမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများသည် ပူးပေါင်းပါဝင်၍ ရောနှောဆီများအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများရောင်းချနေခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်းရောင်းချနေသော Good Choice, Goody, Meizan, ပုစွန်နှစ်ကောင်ဆီ, ဧရာဝတီမြေပဲဆီ၊ ရန်ကုန်ပဲဆီသန့် စသည့်အမှတ်တံဆိပ်ပါဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီအရောင်းဆိုင်များအားစစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၉-၈-၂၀၂၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုစွန်တောင်လမ်းမပေါ်ရှိ ၃၆၀ စက်သုံးဆီဆိုင်၊ New Day စက်သုံးဆီဆိုင်  Star Hight စက်သုံးဆီဆိုင်တို့မှ အရောင်းဆိုင်တာဝန်ခံတို့နှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုကြရန်အလို့ငှာ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိ၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်းနှင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းမပြုရန်နှင့် ထိုသို့ရောင်းချနေသည်ကို စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ ဌာနမှထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားမှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ထီးတန်းဆိပ်ကမ်းရှိ စားအုန်းဆီသိုလှောင်ကန်များအားစစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းအဖွဲ့မှတာဝန်ရှိသူများသည် ၉-၈-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ KIP,SIX WINNER(2) ,DD,HTT၊ HTOO စသည့်ဆီကန်များမှ ဆီကန်မန်နေဂျာနှင့်တာဝန်ခံများပူးပေါင်း၍ ဆီကန်လက်ကျန်ပမာဏများစစ်ဆေးခြင်း၊ ဆီထုတ်ယူသည့် ဆီပေပါများသန့်ရှင်းမှုရှိ / မရှိ၊  ဆီပေပါများ အလေးချိန်မှန်ကန်မှုရှိ/ မရှိ၊ စက်မှုကုန်ကြမ်းသုံး စားသုံးဆီထုတ်ပေးမှုအခြေအနေတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

      အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အးအေးနွယ် (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကိုစစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၇-၈-၂၀၂၄) ရက်နေ့တွင်  မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News