Main menu

HighLight News

Powered by Drupal

မုဒုံမြို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် အသင့်​သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းခဲ့ကြပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံ၊ သက်ဆိုင်ရာဌာနအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ မြို့ပေါ်ရှိ ရောင်းချနေသည့်ဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကုက္ကိုလ်တန်းအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

     မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်ရှိ ကုက္ကိုလ်တန်းအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပြုလုပ်ခဲ့သည်။

  အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ မုန့်ဈေးတန်း၌ ဈေးရောင်းသူစုစုပေါင်း (၂၀၂) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် အသင့်​သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံနှင့်သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ချောင်းဆုံမြို့ပေါ်ရှိ မြို့မ (၂) ဈေး၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ရောင်းချနေသည့်ဆိုင်များသို့သွားရောက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြသည်။ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့မှုကို ပြည်နယ်ဦးစီးမှူးက သွားရောက်ကြီးကြပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

အ-လ-က (ခွဲ) ဒေါင်းဥကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျပ်းပပြုလုပ်

   (၁၀-၈-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အ-လ-က (ခွဲ) ဒေါင်းဥကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ရှု့ပြီးမှသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းခြင်းအပေါ် ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။

      အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၄၆) ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

(အ-ထ-က) (ခွဲ) ကမာမိုကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျပ်းပပြုလုပ်

   (၁၀-၈-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ (အ-ထ-က) (ခွဲ) ကမာမိုကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ် ခဲ့သည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် တာဝန်ခံဆရာမကြီး ဒေါ်မိကေခိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းကို ဟောပြောဆွေးနွေခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းခြင်းအပေါ် ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၃၀) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် ရုံးချုပ်တွင်ကျင်းပပြုလုပ်သော စာကြည့်တိုက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူး၊ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် နေပြည်တော် (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) တွင် ဩဂုတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်သော Virtual Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က  တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် ပုဂ္ဂိုလ်ရေးရာခင်မင်မှုရှိစေရန်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန်အကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုရှင်းလင်းပြီးနောက် စာအုပ်များကိုစနစ်တကျထားရှိစေရေး၊ သန့်ရှင်းစေရေး၊ မေးခွန်းလွှာများာကိုစနစ်တကျထားရှိကြရန်နှင့် လစဉ်ငှားရမ်းမှုတို့ကို မှတ်တမ်းထားရှိရန်၊ ခရိုင်ဦးစီးမှူးရုံးများတွင်လည်း စာကြည့်တိုက်များထားရှိရန်အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းညွှန်ကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မောင်တောမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၁၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ အချိုရည်များလက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက အချိုရည်များသိုလှောင်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသော အချိုရည်များကိုရောင်းချခြင်းများမပြုလုပ်ကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် တွဲလျက်ကပ်နှိပ်ဖော်ပြထားသောအချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်ပါသော အချိုရည်များကိုသာရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊  ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်များသည် တာဝန်များကိုသိရှိလိုက်နာနိုင်ကြရန်အတွက် ကွင်းဆင်းအသိပညာပေးခြင်းအပြင် အသိပညာပေးလက်ကမ်းစာစောင်များပါဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)                               

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် Online မေးခွန်းလွှာများကို ဖြေဆိုလေ့ကျင့်

   ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို ပိုမိုသိရှိသဘောပေါက်နားလည်ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားကာ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်လိုက် တစ်ဆင့်မြင့်ရာထူးတိုးများဖြေဆိုရာတွင် သင်ထောက်ကူဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ Online ဖြင့် အပတ်စဉ်ပေးပို့လျက်ရှိသောမေးခွန်းလွှာများကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအားလုံး စုပေါင်းဖြေဆိုခဲ့ကြသည်။

   အဆိုပါရာထူးတိုးမေးခွန်းများကို ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဝန်ထမ်းများသည် အဖွဲ့များခွဲ၍ အုပ်စုအလိုက် ဖြေဆိုခဲ့ကြပြီး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လမ်းညွှန်ခဲ့ကြောင်းနှင့် မေးခွန်းများကိုဖြေဆိုပြီးနောက် အဖြေလွှာများကို အဖြေမှန်နှင့်တိုက်ဆိုင်စစ်ဆေးခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) အနေဖြင့် Online မေးခွန်းလွှာများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စေ၍ ဝန်ထမ်းတိုင်းဖြေဆိုစေရန်အတွက် အပတ်စဉ်ပေးပို့လျက်ရှိကြောင်းနှင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်မှ ဩဂုတ်လ၊ ပထမအပတ်ထိ Online မေးခွန်းလွှာ(၇)စုံရှိပြီဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)

စာကြည့်တိုက်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တက်ရောက်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကာ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတရရှိစေရေးအတွက် မိမိတို့ရုံးဌာနတွင်ထားရှိသည့် စာကြည့်တိုက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ စာကြည့်တိုက်တာဝန်ခံများတက်ရောက်ခဲ့ကြောင်းသိရသည်။

  အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စာကြည့်တိုက်နှင့်ပတ်သက်၍ ဒေါ်ပြုံးပြုံး (ဦးစီးအရာရှိ) ကလည်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ အခြေခံလိုက်နာရမည့်အချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး Online Virtual စနစ်ဖြင့် တက်ရောက်လာသော စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်စာကြည့်တိုက်တာဝန်ခံတို့က မိမိတို့ရုံးဌာနတွင်ထားရှိသည့် စာကြည့်တိုက်နှင့်ပတ်သက်သောအကြောင်းအရာများကို အသီးသီး တင်ပြဆွေးနွေးခဲ့ပြီးနောက် စားသုံးရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးကို နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်း/မူဝါဒ/သတင်းနည်းဌာနခွဲများတာဝန်ခံ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဒေါ်သီတာဌေး (ဒု-ကြီးကြပ်ရေးမှူး) တို့တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

                                                                                        

သီပေါမြို့၊ သီလရှင်စာသင်တိုက်၌ အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ လွယ်မုဒ်တောင်၊ ရွှေမောင်းသီလရှင်စာသင်တိုက်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 အဆိုပါဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လင်းလင်းထွန်း (ဒုတိယဦးစီးမှူး) က စားသုံးသူများသိရှိရမည့်အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်ရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြုကြည့်ရှုဝယ်ယူရမည့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာနှင့် ရွေးချယ်ဝယ်ယူသုံးဆွဲရမည့်ကုန်စည်များ၊ တရားမဝင်သော လုံခြုံစိတ်ချရမှုမရှိသည့်ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့်နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင်တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်းတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်းကောင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အစရှိသည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာသိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News