Main menu

HighLight News

Powered by Drupal

ကန့်ဘလူခရိုင်၏ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSME လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြတ်နန်းဦး” သောက်ရေသန့်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ထည့်သွင်းလိုကြောင်း လျှောက်ထားလာရာ တာဝန်ခံကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အထက်အဆင့်ဆင့်သို့တင်ပြခဲ့ရာ ဥပဒေနှင့်ကိုက်ညီမှုရှိသည်ကို အတည်ပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “စံ”ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားခဲ့ရာ အတည်ပြုပေးနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဩဂုတ်လအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုင်ပိုင်ခွင့်အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

  ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၁)“အ.လ.က(ခွဲ)”ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) သည် ကန့်ဘလူမြို့၊ “အ.မ.က(၄)”ကျောင်းရှိ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံအနေဖြင့်  ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် “အ.လ.က”ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များကို သေချာစိစစ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင်ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535 ကိုခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

 

စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၃၀-၈-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများအသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကြံခင်းမြို့နယ် Thank You တစ်ရှူးစက်ရုံအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၀.၈.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ စက်မှုဇုံရှိ Thank You တစ်ရှူးစက်ရုံ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် မုံရွာစီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ရာ၌ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်မာလှိုင်က အဖွင့်အမှာစကားပြောကြားရာ စီးပွားရေးတက္ကသိုလ်မှ ဌာနမှူး ဆရာ/ ဆရာမများ၊ အရာထမ်းအမှုထမ်းဝန်ထမ်းများ၊ စုစုပေါင်း(၁၃၀)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

   အဆိုပါပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းဆောင်ရွက်မှုများအကြောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်း၊ Online Sale ဆိုင်ရာသိသင့်သည့် အချက်အလက်များအကြောင်း၊ ပြည့်စုံစွာရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ တိုင်ကြားမှုများအား လက်ခံညှိ့နှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများ၏ သိလိုသည်များအား  ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းဖြေကြားပြီး ဌာန၏ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ စားသုံးသူကာကွယ်ရေးပညာပေးဟောပြောပွဲကို အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

မုံရွာမြို့၊ အ.ထ.က(၂) ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူအင်အားဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးပြခန်း ပူးပေါင်းပါဝင်ဆောင်ရွက်

     ၂၈-၈-၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၀၇း၀၀)နာရီအချိန်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အ.ထ.က(၂)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးစည်ကားသိုက်မြိုက်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး တိုင်းအဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ပြသနိုင်ရန် ညွှန်ကြားမှုအပေါ် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးပြခန်းကို ပြသဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ ကျောင်းသား/သူများလေ့လာသိရှိစေရန် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ‌ရေး၊ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်တင်သွင်းရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူနှင့်ဆိုင်သောကာတွန်းများ၊ စားသုံးသူနစ်နာမှုရှိက တိုင်ကြားနိုင်သည့်နည်းလမ်း၊ ညှိနှိုင်းဖြေရှင်းပေးနိုင်သည့် အဆင့်ဆင့်ဆောင်ရွက်ခြင်းများ၊  Commerce  Journal များ၊ ဌာန၏ ပညာပေးဆိုင်ရာ VIDEO CLICKများ၊ ပညာပေးလက်ကမ်းစာစောင်များချိတ်ဆွဲပြသခြင်းနှင့် လာရောက်ကြသော ကျောင်းသား /သူများအား ပဟေဠိဉာဏ်စမ်းမေးခွန်များ၊ အညွှန်ကိန်းဆိုင်ရာ စစ်တမ်းမေးခွန်းများမေးမြန်း၍ မှန်ကန်အောင်ဖြေကြားနိုင်သူများအား ဆုချီးမြှင့်ခြင်းများဆောင်ရွက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျယ်ကျယ်ပြန့်ပြန့်ပြသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးကျင်းပခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူပေါင်း၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၉) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒေးဒရဲမြို့  ပြန်/ဆက်ရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မက      “Talk Show” ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာမြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင်  ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြီး (၆)လပြည့်သည့်နေ့ရက်မှစ၍  မှတ်ပုံတင်မရှိဘဲ ရောင်းချသည့်အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg  System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၂)ရက်နေ့တွင်စတင်၍ အသုံးပြုခဲ့  ကြောင်း၊ မှတ်ပုံတင်လက်မှတ်သက်တမ်းမှာ စတင်ထုတ်ပေးသည့်နေ့ရက်မှစ၍ (၂)နှစ်သက်တမ်းဖြစ်ကြောင်း၊  မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ စည်းကမ်းချက်များအကြောင်းကို  လည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၀.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေး နွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ အရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်မှ အကြီတန်းစာရေးဒေါ်လှနှင်းနွယ်သည် (၂၁.၈.၂၀၂၄) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ  မုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၆.၈.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့်တာဝန် (၄)ချက်၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် ၂/ ၂၀၁၉ ကို ရှင်းလင်းဆွေးနွေးခဲပါသည်၊  ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mm  website တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News