Main menu

HighLight News

Powered by Drupal

ဓနုဖြူ ပန်းနံသာဈေးအတွင်း မုန့်မျိုးစုံအား  FDAဌာနနှင့် အတူ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် (၇-၈-၂၀၂၅)ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့နယ်စည်ပင်သာယာဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး။ ဈေးကော်မတီဝင်များနှင့် ဈေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပန်းနံသာဈေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် ကျန်းမာရေးထိခိုက်စေနိုင်သည့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားပါသည်။

           ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်းမိုးက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

ပန်းတနော် မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့  (၆-၈-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အခြေခံစားကုန်ပစ္စည်း ဈေးနှုန်းအခြေအနေများအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ကြမ်း၊ ဆန်ချောများ၏ ဆန်(၁)ပြည်ဈေးနှုန်း (၁)အိတ်ဈေးနှုန်းများသည် သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ အခြေခံစားကုန် မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းများ ရောင်းချသော ကုန်ခြောက်ဆိုင်များတွင် အခြေခံစားကုန်ပစ္စည်းဈေးနှုန်းများ ကောက်ခံခြင်း၊ ကြက်သားဆိုင်၊ ဝက်သားဆိုင်၊ အမဲသားဆိုင်၊ ဆိတ်သားဆိုင်နှင့်  ငါးအရောင်းဆိုင်များတွင် ရောင်းချနေသော အသား၊ ငါးဈေးနှုန်းများအား ကောက်ခံခြင်းနှင့် ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များရှိ လက်လီလက်ကား ဈေးနှုန်းများနှင့် စားအုန်းဆီဈေးနှုန်းများအား ကောက်ခံခဲ့ရာတွင် ဇူလိုင်လ၏ ပထမပတ်ဈေးနှုန်းများနှင့် သိသာစွာ ကွာခြားမှုမရှိဘဲ စားအုန်းဆီ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကို လေ့လာတွေ့ရှိရပြီး ခရိုင်ဦးစီးမှူးရုံးသို့ ဈေးနှုန်းတင်ပြနိုင်ရန် အပတ်စဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းအခြေအနေနှင့် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို (၇-၈-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စိုက်ပျိုးရေးသုံး ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ စျေးကွက်အတွင်း ပိုးသတ်ဆေးအတုအပများနှင့် လိုင်စင်မဲ့အရောင်းဆိုင်များ မရှိစေရေး၊ တရားမဝင်ရောင်းချသော ပိုးသတ်ဆေးများမရှိစေရေး၊ ဒေသခံတောင်သူများ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သုံးစွဲမှု မှန်ကန်စေရေးအတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ မျိုးစေ့အရောင်းဆိုင်များအား လစဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေဩဇာများရောင်းချသည့် စိုက်ပျိုးရေးသုံးပစ္စည်းနှင့်လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်မီးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်‌ဆေး၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            (၇-၈-၂၀၂၅) ရက် နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် (၇)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို မြို့နယ်မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်က မြို့နယ်အတွင်း ရောင်းချနေသော ဈေးနှုန်းများကို အပတ်စဉ် စာရင်းကောက်ခြင်း၊ ဈေးနှုန်းသုံးသပ်ခြင်း၊ သင်တင့်မျှတသောဈေးဖြင့် ရောင်းချနိုင်ရန်ကြပ်မတ်ခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

DOCA(ဧရာဝတီ)

ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၇.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က မအူပင်မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြောင်းသိရသည်။

              အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံး သံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ပြည်ပနိုင်ငံများမှ တင်သွင်း၍လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်၍လည်းကောင်း စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေ ရေးလိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၈.၂၀၂၅) ရက်နေ့၊ နေလယ် (၁၂း၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်မီးသတ်အရာရှိတို့နှင့် အတူ  လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီဆိုင်သို့ သွားရောက်၍ ဓာတ်ဆီ 92/95 ဈေးနှုန်း၊ ဒီဇယ်ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိနှင့် ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝင်ရောက်မှုအခြေအနေ၊ လက်ကျန်အခြေအနေများကို အမျိုးအစားအလိုက် (၁) တန်ချင်း သတ်မှတ်ပေတံများဖြင့် စစ်ဆေးပြီး၊ တောင်သူများ စိုက်ပျိုးရာသီနီးကပ်လာသဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မော်တော်ယာဉ်နှင့် ရေယာဉ်များကို ပုံမှန်ရောင်းချရန် သယ်ယူရောင်းချခွင့်မရှိသောပုံးများနှင့် သယ်ယူရောင်းချခြင်းကို လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်ယူနစ်အတိုင်း ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ တောင်သူများအား MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

             ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၅.၈.၂၀၂၅) ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူ (၁၅၇) ဦးအား ဆန်/ စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ၊ သိုလှောင်ရုံအရွယ်အစားအလိုက် မှတ်ပုံတင်ကြေးကောက်ခံမှု၊ ဆန်တန်ချိန် (၂၅၀၀) အထက် သိုလှောင်ရုံများဖြစ်ရန်လိုအပ်ကြောင်း၊ မိမိပိုင် ဆန်/ စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအား MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

           ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့  စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသည့် တောင်သူ (၁၅၀) ဦးအား (MYRO) မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး၊ မှတ်ပုံတင်ရန် သတ်မှတ်ထားသော ပမာဏထက် သိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ထားပါက အရေးယူခံရကြောင်းမှာ မဟုတ်မမှန်သတင်းများသာဖြစ်ကြောင်း အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျေးလက်နေပြည်သူများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှု အခြေအနေ နှင့် စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

                    ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးသို့ စိုက်စရိတ်ချေးငွေ လာရောက်ထုတ်ယူသည့် ကျေးရွာအုပ်စုအလိုက်ပြည်သူ (၁၅၀)ဦးခန့်သို့ စားအုန်းဆီ ထုတ်ယူခွင့် စာအုပ်ဖြင့် (၁၀)ရက်လျှင်တစ်ကြိမ် ဝယ်ယူရရှိမှု ရှိ၊ မရှိ ဝယ်ရစျေးနှုန်း၊ အလေးချိန် ပြည့်ဝစွာရရှိမှုရှိ၊ မရှိ အခြေအနေများ မေးမြန်းဆွေးနွေးပြီး စာအုပ်ပြုလုပ်ရန် ကျန်ရှိသော ပြည်သူများမှ ဆက်လက်တင်ပြဆောင်ရွက်သွားရန်၊ စားအုန်းဆီရောင်းချဖြန့်ဖြူးနေမှုနှင့် နယ်အရောက် ရောင်းချရန်စျေးနှုန်း သတ်မှတ်ပေးထားပြီး သတ်မှတ်စျေးနှုန်းဖြင့် (၁၀)ရက် တစ်ကြိမ် ဝယ်ယူရရှိစေရေး ရှင်းလင်း ဆွေးနွေးပြီး စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ.မ.က ရွှေဘိုတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

             (၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရွှေဘိုတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၄၁) ဦးတို့အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းကော်မတီအဖွဲ့များနှင့် အတူ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍  ကျောင်းအသိပညာပေးဟောပြောခဲ့ပါသည်။

            ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ လူငယ်နှင့် ရည်မှန်းချက် အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News