Main menu

HighLight News

Powered by Drupal

ရမည်းသင်းခရိုင်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ် ရွေးချယ်ပွဲပြုလုပ်

                စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦဆောင်၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့၌ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ပဒေသာဆန်စက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

                ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် ဆန်ဟာ အရေးကြီးကုန်စည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ ထိုသို့‌ဆောင်ရွက်ရာတွင် ဆန်စက်တွေအဆင့်မြှင့်တင်ဖို့လိုကြောင်း၊ ဆန်စက်အသစ်များတည်ဆောက်ဖိုလိုအပ်ကြောင်း၊ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ဆန်စက်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နောင်အခါတွင် Export တင်ပို့မည့် ဆန်များအား ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းအသင်းအဖွဲ့များ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စဉ်ဆက်မပျက်ချိတ်ဆက်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် ပျော်ဘွယ်မြို့နယ်တွင် အဖွဲ့ဝင် (၉) ဦး၊ ရမည်းသင်းမြို့နယ်တွင် အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်

         ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်ဖြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် ဝမ်းတွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးက ဝမ်းတွင်းမြို့နယ်တွင် ဆန်စက်များစွာရှိပြီး လုပ်ငန်းရှင်များစုဖွဲ့မှုရှိဖို့လိုကြောင်း၊ တစ်ဦးတစ်ယောက်တည်းထက် အများစုပေါင်းဆောင်ရွက်ခြင်းမှာ အောင်မြင်မှုပိုမိုရရှိကြောင်း၊ လုပ်ငန်းရှင်များ အောင်မြင်တိုးတက်ခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်း ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နေရာ ယခုအသင်းအလုပ်မှုဆောင်ပြန်လည် ရွေးချယ်ရေးကိုလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးရုံး၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း၏ မေတ္တာရပ်ခံချက်တို့အရ ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အသင်းဝင်များ၏ အကျိုးကို ဆောင်ရွက်လိုသော ပရဟိတစိတ်ဖြင့် တက်ကြွစွာဆောင်ရွက်ရန်လိုကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှ ဆန္ဒပြုသဘောတူရွှေးချယ်တင်မြှောက်ကြရန်ဖြစ်ကြောင်း၊ ဆန်စက်အသင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်မှာ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန်လိုကြောင်းပြောကြားခဲ့ပြီး၊ ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ကို လုပ်ငန်းရှင် (၁၇) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဝမ်းတွင်းမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းမျာသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ညီနောင်ကွက်သစ်ရှိ အိရွှေစင် ပိုးထည်ချည်ထည်ပင်ရင်းလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဝမ်းတွင်းမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ တွင် ဝမ်းတွင်းမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု ၊ လျှော်ပင်ကျေးရွာရှိ  Wai Aung အထည်လိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်ရှိဆန်စက်များ MyRo တွင်ဆန်/ စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

           စားသုံးသူရေးရာဦီးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့်  မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online_MyRo )တွင် ဆန်/စပါးသိုလှောင်မှုလုပ်ငန်း၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိသဖြင့် ဝမ်းတွင်းမြို့နယ်ရှိ ရွှေထိပ်တန်း ဆန်စက်အား MyRo တွင် ဆန်/ စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင် ရေးကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  ဆန်စက်လုပ်ငန်းရှင်များအား ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည် MyRo တွင် ဆန်/ စပါးသိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်www.myro.com.mm တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ကုန်အညွှန်းအမှတ်အသားများ မှန်ကန်မှု ရှိ/မရှိ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာရှိ “ရွှေနန်းထိုက်” ကြက်သွန်ကြော်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/ မရှိအား ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်ဌာနများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ Myro တွင် ဆန်စပါးမှတ်ပုံတင်နိုင်ရေး ဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ Myro တွင်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် အချက်များအား တွေ့ဆုံဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

             အဆိုပါ ဆွေးနွေးပွဲတွင် Myro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို Myro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြော်ငြာ စာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှုဆိုင်ရာချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ကြောင်း၊  Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက်ရာတွင် ကိုယ်တိုင်ဆောင်ရွက်နိုင်သကဲ့သို့ အခက်အခဲရှိပါကလည်း ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များတွင် နဝလီကြိတ်ခွဲသူများလဲရှိပြီး၊ ကိုယ်တိုင်စိုက်ပျိုးကြိတ်ခွဲသူ၊ ဝယ်ယူသိုလှောင်ကြိတ်ခွဲသူများလည်းရှိရာ  သိုလှောင်မှုရှိပါက မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိ ပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၅) ဦး တက်ရောက်ပြီး (၁၄း၄၅) အချိန်တွင် ဆွေးနွေးပွဲပြီး မြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားများ မှန်ကန်မှု ရှိ/ မရှိ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ မောင့်ဆွေမျိုးယိုမျိုးစုံလုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/ မရှိအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချရန် အသိပညာပေးဟောပြောခဲ့ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်ရှိ ရွှေနန်းတော် စားသောက်ဆိုင်ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၏ ၂၂-၄-၂၀၂၅ ရက်နေ့ လမ်းညွှန်ချက်တွင် “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ လမ်းညွှန်ချက်အရ ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ရန်နှင့် ၃လ အလိုက်အမျိုးအစားများ (အမယ် များ)အား ပြန်လည်ဆန်းစစ်သုံးသပ်ရန်” လမ်းညွှန်အရ ဦးစားပေးရွှေးချယ်ထားသည့်    ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအနေဖြင့် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုဖြစ်သော စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူပေါင်း၍ ရမည်းသင်းမြို့နယ်အတွင်း လက်ဘက်ရည်ဆိုင်များအား၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၂၇   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ရောင်းချမှုတွင်သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှုရှိ/ မရှိ၊ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးခြင်းရှိ/ မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခမည်မျှကောက်ခံသွားမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/ မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခကောက်ခံခြင်းရှိ/ မရှိ၊ ဈေးနှိုန်း (Menu) ကဒ် ထားမှုရှိ/မရှိ၊ လုပ်သားများ ဆေးစစ်ထားမှုရှိ/မရှိ၊ ကုန်ကြမ်းများသန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တ ရာယ်ကင်းရှင်းမှုရှိ/မရှိ၊ အသား၊ငါးသိုလှောင်တဲ့ အခြေအနေ (ရေခဲသေတ္တာ၊ စားဖိုဆောင်စသဖြင့်) သန့်ရှင်သပ်ရပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်တွင် ပြုလုပ်သည့် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားတက်ရောက်

              ဧရာဝတီတိုင်းဒေသကြီး၊      ဩဂုတ်  ၇ရက်နေ့တွင် မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာနှင့် အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာတို့တွင် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွ် အဆိုပါကျေးရွာများရှိ တောင်သူများ၏ လယ်မြေတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့များ၊ ဒေသခံတောင်သူများနှင့် အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ၊ တောင်သူဦးမိုးဝင်း၏ စိုက်ဧက()ဧကတွင် RD-95 စပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် ထွန်တုံးပိတ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးရေး၊ ကြဲခင်းစနစ်များလျော့နည်းရေး၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုရေး၊ ရိတ်သိမ်းခြွေလှေ့ရာတွင်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးတို့ကို တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်)များ ထည့်သွင်းစိုက်ပျိုးခဲ့ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအား စုများပံ့ပိုးပေးခဲ့ပါကြောင်း၊ ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသ၏ရေမြေနှင့်ကိုက်ညီသည့် အရည်အသွေးမြင့်မျိုးစေ့ချကိရိယာများ အသုံးပြုစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း မှာကြားခဲ့ပြီး  ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများနှင့် အကအဖွဲ့များအား စားသောက်ဖွယ်ရာများနှင့် ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာ၊ တောင်သူဦးကျော်အောင်၏ စိုက်ဧက()တွင် ဆင်းသုခ စပါးမျိုးအား ကောက်စိုက် လုံမေများဖြင့် ထွန်တုံးပိတ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က တောင်သူများအား အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကိုအခြေခံ၍ ဆောင်ရွက်ရမည့် အခြေအနေများ၊ မြေဆီလွှာဖွံ့ဖြိုတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မြေခံထည့်သွင်း ဆောင်ရွက်မှုအခြေအနေများ၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ တစ်ဧက ကောက်ကွက်ပြည့်မီရေး၊ မြေဩဇာများကြဲပက်ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန်အတွက် အပင်ကြီးထွားမှု အဆင့်ဆင့်အလိုက် အချိန်ကိုက်အချိုးမှန်စွာ ကြဲပက်ပေးရမည့် အခြေအနေများ၊ ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါး ပန်းတိုင်အထွက် နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူလယ်သမားနေ့အခမ်းအနားများတွင် ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပေါ်ဆန်းဖိုရမ်ပြုလုပ်၍လည်း ဧရာဝတီ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် တောင်သူများပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများနှင့် အကအဖွဲ့များကို စားသောက်ဖွယ်ရာများနှင့် ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News