Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အပြန်အလှန်ကုန်သွယ်ရေး ပူး‌ပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန်နည်းလမ်းများကို ဗီယက်နမ်နှင့် မက္ကဆီကို ရှာဖွေ

          ဗီယက်နမ်နှင့် မက္ကဆီကိုတို့သည် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးတွင် အောင်မြင်မှုကို ထိန်းသိမ်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ခြင်း၊ အခက်ခဲများကို ဖြေရှင်းရန်အတွက် လက်တွေ့ကျသောဖြေရှင်းချက်များနှင့် ဦးတည်ချက်အသစ်များကိုရှာဖွေခြင်းနှင့် ထိုမှတစ်ဆင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးအားကောင်းရန်အတွက် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သောအခြေအနေများကို ဖန်တီးခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုသဘောတူညီ ချက်ကို ၃၆ ကြိမ်မြောက် APEC Ministerial Meeting အတွင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien နှင့် မက္ကဆီကိုစီးပွားရေးအတွင်းရေးမှူး Marcelo Ebrard Casaubon တို့အကြား သီးခြားအစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် CPTPP ကဲ့သို့သောဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်များအတွင်းညှိနှိုင်း ဆွေးနွေးရန်အတွက် စီမံချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဝန်ကြီးနှစ်ဦးသည် ဗီယက်နမ်နှင့် မက္ကဆီကိုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်‌‌ရေး၏ အရေးပါမှုကို ပြန်လည်အတည်ပြုခဲ့ပြီး အပြန်အလှန်ကုန်သွယ်ရေးသည် လတ်တလောနှစ်များအတွင်း ကြီးထွားမှုအားကောင်းခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပြပါသည်။၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ ( ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၁.၈ ရာခိုင်နှုန်းမြင့်တက်)နှင့် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံ ( ၂၀၂၄ ခုနှစ်ပထမ ၉ လနှင့်နှိုင်းယှဉ်ပါက ၂၄.၂ ရာခိုင် နှုန်းမြင့်တက်)ခဲ့ကြောင်း သိရပါသည်။ မက္ကဆီကိုသည် လတ်တလောတွင် လတ်တင်အမေရိကရှိ ဗီယက်နမ်၏ ဒုတိယမြောက် အကြီးမားဆုံးကုန်သွယ်‌ရေးမိတ်ဖက်ဖြစ်ပြီး ဗီယက်နမ်သည် မက္ကဆီကို၏ အာရှတွင် ၈ ခုမြောက်အကြီးမားဆုံးစီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးနှစ်ဦးသည် ဗီယက်နမ်-မက္ကဆီကိုစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးတွဲ ကော်မတီ တတိအကြိမ်မြောက်အစည်းအဝေးကို အကောင်အထည်ဖော်ရန်၊ စီးပွားရေးလုပ်ငန်းချင်းချိတ်ဆက်မှု ဆက်လက်အရှိန်မြှင့်တင်ရန်နှင့် တစ်နိုင်ငံတွင် ကျင်းပသည့်ကုန်သွယ်မှုမြှင့်တင်ရေး ပွဲအခမ်းအနားများတွင် တစ်နိုင်ငံကပါဝင်ဆင်နွှဲရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။  Dien ကမက္ကဆီကိုအား ဗီယက်နမ်စတီလ်းတင်ပို့သူများ ရင်ဆိုင်နေရသည့် အတားအဆီးများကို ဖယ်ရှားပေးရန် အဆိုပြုခဲ့ပြီး Ebrard ကလည်း ထိုအဆိုပြုချက်ကို သဘောတူခဲ့ကာ နှစ်ဖက်စလုံးသည် စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများရရှိရန်အတွက် သတင်းအချက်အလက်များဖလှယ်ရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဆန်ကုန်သွယ်ရန်အတွက် စင်ကာပူနှင့် ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (MOC) လက်မှတ်ရေးထိုး

          ဗီယက်နမ်နှင့် စင်ကာပူတို့သည် ဆန်ကုန်သွယ်ရန်အတွက် MOC ကို တောင်ကိုရီးယားနိုင်ငံတွင် အောက်တိုဘာလ ၃၀ ရက်နေ့ကကျင်းပခဲ့သည့် APEC Economic Leaders’s Week တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ဒေသတွင်း အစားအစာဖူလုံမှုရှိစေရန်အတွက် ခြေလှမ်းတစ်ရပ်လှမ်းနိုင်ခဲ့ကြောင်း သိရပါသည်။ MOC ကို ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien နှင့် စင်ကာပူ ‌ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးနှင့် ကုန်သွယ်ရေးဆက်ဆံမှု တာဝန်ခံဝန်ကြီးဖြစ်သူ Grace Fu တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းသည် တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဆန်ကုန်သွယ်မှုမြှင့်တင်ရန်နှင့် မလိုအပ်ပဲကုန်သွယ်မှု ကန့်သတ်ခြင်းကို ‌ရှောင်ရှားခြင်းပါဝင်သော အပြန်အလှန်အစားအစာဖူလုံမှု အားကောင်းရန် အတွက် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် Dien က စင်ကာပူသည် ဗီယက်နမ်၏ထိပ်တန်းစီးပွားရေးမိတ်ဖက်များနှင့် အဓိကဈေးကွက်များထဲမှ တစ်ခုဖြစ်ပြီး MOC သည် ဗီယက်နမ်-စင်ကာပူဘက်ပေါင်းစုံ မဟာဗျူဟာမိတ်ဖက်အကောင်အထည်ဖော်ရာတွင်အခြေ ခံအုတ်မြစ်တစ်ခုဖြစ်လာရန်နှင့် ဆန်ကုန်သွယ်ရေးတွင် ရေရှည်ပူးပေါင်းဆောင်ရွက်ရန်အတွက် ခိုင်မာသောခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်-စင်ကာပူဆန်ကုန်သွယ်မှု မြှင့်တင်ခဲ့ခြင်းသည် အာဆီယံအတွင်း ထောက်ပံ့မှုကွင်းဆက်နှင့် အစားအစာဖူလုံမှုလုံခြုံစိတ်ချရမှု ရှိရေးအတွက် နှစ်နိုင်ငံ၏ ပူးတွဲကတိကဝတ်ပြုမှုကို ရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ Dien က ၎င်းသည် နှစ်နိုင်ငံအကြားအနီးကပ်ပူးပေါင်းဆောင်ရွက်ရန်နှင့် စင်ကာပူသို့ ဗီယက်နမ်၏ အရည် အသွေးမြင့်သောအစားအစာကို ထောက်ပံ့ရန်အတွက် ယုံကြည်ချက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် Fu က MOC သည် ဆန်ကုန်သွယ်ရေးအပေါ် စင်ကာပူ၏ ပထမဆုံး ကုန်သွယ်ရေးမိတ်ဖက်နှင့် MOC ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗီယက်နမ်သည် ၁၀ လအတွင်း ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ ရရှိခဲ့

          ဗီယက်နမ်နိုင်ငံမှ ကော်ဖီတင်ပို့မှုသည် ယခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ .၄၁ ဘီလီယံ ရရှိခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၆၁. ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီ၏ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

          ယင်းကာလအတွင်း ကော်ဖီတင်ပို့မှုပမာဏမှာ တန်ချိန် . သန်းအထိ ၁၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

         ဂျာမနီ၊ အီတလီနှင့် စပိန်တို့နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံမှ ကော်ဖီများအား အများဆုံးတင်သွင်းသည့် အဓိကနိုင်ငံသုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းစျေးကွက်ဝေစု၏ ၁၃.၄ ရာခိုင်နှုန်း၊ .၈ ရာခိုင် နှုန်းနှင့် .၄ ရာခိုင်နှုန်း အသီးသီးရှိသည်။

        ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း ပျမ်းမျှကော်ဖီတင်ပို့မှုတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၆၅၃ ပေါက်ဈေးရှိကြောင်း ပြည်တွင်းနေ့စဉ် Kinh Te & Do Thi က ဖော်ပြချက်အရ သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ကင်ညာတွင် ကုန်စည်ပြပွဲကို ဖွင့်လှစ်ကျင်းပ

          ၂၀၂၅ အာဖရိက နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ခေတ်မှီစိုက်ပျိုးရေးကဏ္ဍတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်အတွက် “Increasing Agricultural Productivity in Africa through Inovation and Market Access” ဟူသော ဆောင်ပုဒ်ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ ပြပွဲသည် အာဖရိကအား စိုက်ပျိုးရေးတီထွင်ဆန်းသစ်မှုနှင့် ကုန်သွယ်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ပြပွဲတွင် တရုတ်နိုင်ငံမှပြခန်း ၁၀၀ အပါအဝင် ပြခန်းပေါင်း ၁၅၀ ကျော်ကို ပြသထားကြောင်း ကင်ညာနိုင်ငံစိုက်ပျိုးရေးဌာနမှ အဓိက အတွင်းဝန် Paul Kipronoh Ronoh က ပြောကြားခဲ့သည်။ အထူးသဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နှင့် အာဖရိကသမဂ္ဂ၏ ဘက်စုံအာဖရိက စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်အောက်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးမိတ်ဖက်များအတွက် ကင်ညာ၏ ကတိကဝတ်ကို အားဖြည့်ပေးကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Guo Haiyan က ကုန်စည်ပြပွဲတွင် မျိုးစေ့ထုတ်ခြင်းမှ အစားအစာပြုပြင်ခြင်းအထိ ကဏ္ဍတစ်ဝှမ်းကို လွှမ်းခြုံထားသော တရုတ်စိုက်ပျိုးရေးလုပ်ငန်း ၁၀၀ ကျော်ပါဝင်ကြောင်း ပြောကြားခဲ့သည်။ တီထွင်ဆန်းသစ်မှုများသည် အသေးစား တောင်သူလယ်သမားများ အထွက်နှုန်းတိုးစေခြင်း၊ ရိတ်သိမ်းပြီးနောက်ဆုံးရှုံးမှုများကို လျှော့ချရန်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ကူညီနိုင်ကြောင်း Guo က ဆက်လက်ပြောကြားခဲ့သည်။ Agri-Africa Exhibition ၏ အမှုဆောင်အရာရှိချုပ် Tito Mutai က ကုန်စည်ပြပွဲအတွင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် တရုတ်နှင့် ကင်ညာအဖွဲ့အစည်းများအကြား သဘောတူညီချက် ငါးခုကို လက်မှတ်‌ရေးထိုးခဲ့ကြောင်း၊ နှစ်နိုင်ငံလုံးသည် စိုက်ပျိုးရေးကို စားနပ်ရိက္ခာအရင်းအမြစ်အဖြစ်သို့ ပြောင်းလဲရာတွင် တူညီသောအမြင်ရှိကြပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ပိုမိုအားကောင်းသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေရန် အေပက်အစည်းအဝေးကျင်းပ

     ပိုမိုအားကောင်းသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေရန်နှင့် ရေရှည် တည်တံ့သော အနာဂတ်ကို ဦးတည်သည့်လမ်းကြောင်းကို မျှဝေသွားရန် (၃၂)ကြိမ်မြောက် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဂျုံဂျူး၌ ကျင်းပခဲ့သည်။

      အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ကမ္ဘာကြီး အဓိက အပြောင်းအလဲကာလတွင် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ အားကောင်းရန်နှင့် ပိုမိုစည်းလုံးညီညွတ်ရန်လိုအပ်သည်ဟုဆိုကာ တိုက်တွန်းခဲ့သည်။

     လွတ်လပ်သော ကုန်သွယ်မှုအမိန့်ကြေညာချက်သည် သိသိသာသာ အပြောင်းအလဲများ ကြုံတွေ့နေရချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမှုသည်လည်း ပိုမိုနက်ရှိုင်းလာခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသည် အရှိန်အဟုန်ဖြင့် ဆုံးရှုံးနိုင်ခြေများနှင့် ရင်ဆိုင်လျက်ရှိသည်ဟု လီက မှတ်ချက်ပြု ပြောကြားခဲ့သည်။

     ဉာဏ်ရည်တုနည်းပညာကိုယ်စားပြု နည်းပညာ တော်လှန်ရေးသည် မမျှော်မှန်းနိုင်သော ပဋိပက္ခ အကျပ်အတည်းကို ဖြစ်ပေါ်စေပြီး တစ်ချိန်တည်းမှာပင် မမျှော်မှန်းနိုင်သော အခွင့်အလမ်း များကိုလည်း ပေါ်ပေါက်စေသည်ဟု လီက ဆက်လက်ပြောကြားသည်။ ပြည့်စုံကြွယ်ဝသည့် ရည်မှန်းချက်ပန်းတိုင်ကို အတူတကွဝေမျှကြပါစို့ဟု လီက အလေးအနက် တိုက်တွန်း ပြောကြား ခဲ့သည်။

      ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော အေပက်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွသောအင်ဂျင်တစ်ခုဖြစ်လာပြီးအာရှ-ပစိဖိတ်၏ အရေးအကြီးဆုံးဒေသတွင်း အစည်းအဝေး တစ်ခု ဖြစ်လာခဲ့သည်။                       

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုရရှိ

      အမေရိကန်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်ရရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယမန်နေ့ တွင် ပြောကြားခဲ့သည်။ ခေါင်း ဆောင်နှစ်ဦးက  တောင်ကိုရီးယား ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အခွန်စည်းကြပ် မှု နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းပြီးနောက် သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။

     တောင်ကိုရီးယားအစိုးရက အမေရိကန်စီးပွားရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့သည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်  ဉာဏ်ရည်တုကဲ့သို့သော အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်လည်း  ဆွေးနွေးခဲ့ကြသည်။

      အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံပေါင်း စည်းထားသော    ကာကွယ်ရေး အခြေအနေ နှင့် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် ထပ်တိုးဆောင်ရွက်မည့် အစီအမံများကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော များ တညဆောက်ရေးအတွက် အတည်ပြုချက်ပေးရန် လီဂျေမြောင်၏ တောင်းဆိုမှုအပေါ် သမ္မတထရမ့်က ခွင့်ပြုပေးခဲ့ကြောင်း ၎င်း၏ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။

     ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပြင်ကို ကာကွယ်ရန်အတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို အသုံးပြုကာ တောင်ကိုရီးယားက  အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားရှိမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း   သမ္မတ လီဂျေမြောင်က ပြောကြားခဲ့သည်။    

 Source: ဆင်ဟွာ                                                               

 DOCA(ပြည်ထောင်စုနယ်မြေ)

အာဂျင်တီးနား၊ ရိုမေးနီးယား၊ တူရကီ တို့မှ ငှက်နှင့် ကြက်တင်သွင်းမှု တားမြစ်ချက်ကို ဖိလစ်ပိုင်က ရုပ်သိမ်း

        ဖိလစ်ပိုင်နိုင်ငံသည် အာဂျင်တီးနား၊ ရိုမေးနီးယားနှင့် တူရကီတို့မှ ငှက်နှင့် ကြက်များ တင်သွင်းခွင့် ယာယီပိတ်ပင်လိုက်ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့တွင် ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ပြင်းထန်စွာဖြစ်ပွားလျက်ရှိသော ကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ကို ထိန်းချုပ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel သည် ရောဂါကူးစက်မှုအသစ်များနှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့မှ တရားဝင်ရှင်းလင်းမှုမရှိခြင်းတို့ကို ကိုးကား၍ သွင်းကုန်ပြန်လည်စတင်ခွင့်ပြုရေး သီးခြားစာချွန်လွှာ အမိန့်ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင်း ကြက်မွေးမြူရေးလုပ်ငန်းကို ကြက်ငှက်တုပ်ကွေးပျံ့နှံ့မှုမှကာကွယ်ရန် ကြိုတင်ကာကွယ်မှုအဖြစ် ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ သွင်းကုန်တားမြစ်ချက်များကို ရုတ်သိမ်းရန် ဆုံးဖြတ်ချက်သည် အေဂျင်စီ၏ တိရစ္ဆာန် စက်မှုလုပ်ငန်းဗျူရိုမှ ပြုလုပ်သော အကဲဖြတ်ချက်များအပေါ် အခြေခံထားကြောင်း စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့သည်။ ဗျူရို၏ အကဲဖြတ်ချက်ကို ကိုးကား၍ Tiu Laurel က အဆိုပါနိုင်ငံများမှ ကြက်၊ ငှက်များ၊ နေ့သားပေါက်ကြက်ငှက်များနှင့် ကြက်သုက်ရည်များ တင်သွင်းခြင်းမှ ကူစက်မှုအန္တရာယ်သည် ယခုအချိန်တွင် နည်းပါးသည်ဟု ယူဆကာ တားမြစ်ချက်ကို ရုတ်သိမ်းကြောင်း ပြောကြားခဲ့သည်။ အမျိုးသားစားနပ်ရိက္ခာဖူလုံမှုသေချာစေရန် ကြက်မွေးမြူရေးသည် အရေးပါသောအခန်း ကဏ္ဍမှပါဝင်နေပြီး အလုပ်အကိုင်နှင့် လယ်ယာစီးပွားရေးအတွက် သိသိသာသာ ပံ့ပိုးပေးသည့်အနေဖြင့် ဘေးကင်းသော သွင်းကုန်လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းသည် ထောက်ပံ့မှုနှင့် ဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကွင်းဆက်များသည် ရောဂါဖြစ်ပွားမှုနှင့် ပထဝီ နိုင်ငံရေးတင်းမာမှုများကို ခုခံနိုင်စွမ်းရှိနေဆဲဖြစ်သောကြောင့် သွင်းကုန်ရင်းမြစ်များကို ကွဲပြားစေခြင်းသည် နိုင်ငံအား အနာဂတ်ထောက်ပံ့ရေးဆိုင်ရာ လှုပ်ခတ်မှုများကို တားစီးစေသည်ဟု ၎င်းက ဆိုသည်။ Tiu Laurel ၏ အဆိုအရ DA ၏ လှုပ်ရှားမှုသည် ဖိလစ်ပိုင်စားသုံးသူများအတွက် ဘေးကင်းပြီး လုံလောက်သော ကြက်နှင့်ငှက်ထွက်ကုန်များကို ဆက်လက်ရရှိရန် သေချာစေကာ ဒေသတွင်း ထုတ်လုပ်သူများကို အကာအကွယ်ပေးသည့် ဟန်ချက်ညီစေသည့် လုပ်ရပ်ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

သီရိလင်္ကာသည် အရက်ခွန်လိုက်နာမှုကို မြှင့်တင်ရန် တင်းကျပ်သော ယစ်မျိုးစည်းမျဉ်းများကို ပြဋ္ဌာန်း

          သီရိလင်္ကာနိုင်ငံသည် ၎င်း၏အရက်ခွန်စည်းကြပ်မှုစည်းမျဉ်းများကို တင်းကျပ်ထားပြီး အစိုးရ ပြန်တမ်းသစ်တွင် လိုက်နာမှုနှင့် ဝင်ငွေကောက်ခံမှုကို မြှင့်တင်ရန် တင်းကျပ်သော သတ်မှတ်ရက်နှင့် ပြစ်ဒဏ်များကို အောက်တိုဘာလ ၂၈ ရက်‌နေ့က ချမှတ်ခဲ့သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးအဖြစ် သမ္မတ Anura Kumara Dissanayake မှ ထုတ်ပြန်သည့် အဆိုပါ သတိပေးချက်သည် ချက်ချင်းအကျိုး သက်ရောက်မည်ဖြစ်သည်။ ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများအောက်တွင် လိုင်စင်ရအရက် ထုတ်လုပ်သူ အားလုံးသည် ယစ်မျိုးနည်းဥပဒေပုဒ်မ ၂၂ အရ သတ်မှတ်ထားသော နောက်ဆုံးရက်အတွင်း ၎င်းတို့၏ အခွန်အခများကို ပေးဆောင်ရမည်ဖြစ်သည်။ ရက်ပေါင်း ၃၀ အတွင်း ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ပါက ၎င်းတို့၏ ပုလင်းဖုံးလိုင်စင်ကို ရပ်ဆိုင်းလိုက်မည် ဖြစ်သည်။ အခွန်များ သို့မဟုတ် ဆက်စပ်အခကြေးငွေများကို ရက်ပေါင်း ၉၀ ထက်ပို၍ ပေးဆောင်ခြင်းမပြုပါက မူလသတ်မှတ်သူမှ ကိုင်ဆောင်ထားသော လိုင်စင်အားလုံးကို ဆိုင်းငံ့ထားမည်ဖြစ်သည်။ ယခင်က မလိုက်နာမှုများအတွက် ဆိုင်းငံ့ကာလသည် ခြောက်လဖြစ်ပြီး ယခုအခါ သုံးလသို့ တိုတောင်းသွားသည့်အတွက် သိသိသာသာ တင်းကျပ်လာခြင်းဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်များသည် ဥပဒေတွင် ရှိသော်လည်း ယခုအချိန်အထိ တင်းကျပ်စွာ ကျင့်သုံးခြင်းမရှိသေးကြောင်း ယစ်မျိုး ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ယစ်မျိုးဌာနမှ ကောက်ခံရရှိ သော အခွန်များသည် အစိုးရဝင်ငွေ၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ ယခုနှစ်အတွက် ရည်မှန်းထားသည့် အခွန်ငွေမှာ ရူပီး ၂၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀၆ သန်းခန့်) ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ဇင်ဘာဘွေဘဏ်သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ပြည်တွင်းကုမ္ပဏီများကို ပံ့ပိုးကူညီမည်ဟု ကတိပြုထား

           ဇင်ဘာဘွေကုမ္ပဏီများအား တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ကူညီပေးရန် ကတိပြုထားကြောင်း ဇင်ဘာဘွေနိုင်ငံရှိ အဓိကစီးပွားရေးဘဏ်တစ်ခုဖြစ်သည့် Stanbic Bank Zimbabwe ၏ အကြီးတန်းမန်နေဂျာတစ်ဦး၏ ပြောကြားချက်အရသိရသည်။ Xinhua နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် Stanbic Bank Zimbabwe မှ အာဖရိက-တရုတ်ဘဏ်လုပ်ငန်း အကြီးအကဲ Tapuwa Nyika က တရုတ်နှင့်ဇင်ဘာဘွေအကြား ကုန်သွယ်မှုများတိုးလာသည်နှင့်အမျှ ဇင်ဘာဘွေကုမ္ပဏီများသည် အမြတ်အစွန်းများသော တရုတ်ဈေးကွက်ကို ရှာဖွေရန်အခွင့်အလမ်းများကို မြင်မိကြောင်း ပြောကြားခဲ့သည်။ ဘဏ်သည် ၎င်း၏ တရုတ်လုပ်ဖော်ကိုင်ဖက်များမှတစ်ဆင့် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များ ၎င်းတို့၏ထုတ်ကုန်များကို ပို့ကုန်အဆင်သင့်ဖြစ်စေရန် ကူညီပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ထုတ်လုပ်မှုအတွက် ကုန်ကြမ်းဝယ်လိုသော ဇင်ဘာဘွေကုမ္ပဏီများကိုလည်း တရုတ်က စက်ယန္တရားပစ္စည်းများဝယ်ယူရန် ကူညီပေးပြီး ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ပြီး ၎င်းတို့၏ လုပ်ငန်းများကိုလည်း ကုန်ကျစရိတ်သက်သာစေရန် သေချာအောင် ကူညီပေးကြောင်း၊ အထူးသဖြင့် စက်တင်ဘာလတွင် တရုတ်နှင့်ဇင်ဘာဘွေ နိုင်ငံတို့ကြား ဘလူးဘယ်ရီပို့ကုန်ပရိုတိုကောကို လက်မှတ်ရေးထိုးခြင်းဖြင့် တရုတ်နှင့်ဇင်ဘာဘွေအကြား ကုန်သွယ်မှုအရှိန်အဟုန်ရရှိရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ Nyika ၏ အဆိုအရ ဘဏ်သည် အရင်းအမြစ်အသစ်များကို စူးစမ်းရှာဖွေရန်၊ ၎င်းတို့၏ သွင်းကုန်လုပ်ငန်းစဉ်များကို ချောမွေ့စေရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် တရုတ်နှင့် ကုန်သွယ်မှုမှတစ်ဆင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို လမ်းညွှန်ရန်အတွက် e-book ကို ယမန်နှစ်က စတင်ထုတ်ဝေခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်မှ သလဲသီးများအား ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့

        အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ်ရှိ Torghundi ဆိပ်ကမ်းမှတစ်ဆင့် အာဖဂန်နစ္စတန်မှ လတ်ဆတ်သော သလဲသီးများကို ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

        "ဤလုပ်ငန်းစဉ်သည် သစ်သီးဝလံများ အထူးသဖြင့် သလဲသီးများအတွက် ကြီးမားသောစျေးကွက်တစ်ခု ဖန်တီးပေးမည်ဖြစ်ပြီး ယင်းကြောင့် နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ပိုမိုတိုးတက်မှုကို တွန်းအားပေးမည်" ဟု Zabihullah Mujahid က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် ရေးသားခဲ့ကြောင်း သိရသည်။

        အာဖဂန်နစ္စတန်၏ လတ်ဆတ်သောသီးနှံများနှင့် အခြောက်လှန်းထားသောအသီးများ တင်ပို့မှုသည် ပါကစ္စတန်နိုင်ငံသို့ အဓိက ဦးတည်တင်ပို့ရန်ရည်ရွယ်ထားလျက်ရှိသည်။ သို့သော် နှစ်နိုင်ငံကြား မကြာသေးမီက နယ်နိမိတ် တင်းမာမှုများကြောင့် ကုန်သွယ်မှု စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန်သည် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်အပါအဝင် ဗဟိုအာရှနိုင်ငံများသို့ တင်ပို့မှု သိသိသာသာ အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ