Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင်၏ SME အမှတ်တံဆိပ်များ ASEAN Marketplace များတွင် ရောင်းအားတက်

ဖိလစ်ပိုင်နိုင်ငံ၏ အသေးစားနှင့် အမျှင်သားစီးပွားရေးလုပ်ငန်းများ (SMEs) မှ ထုတ်လုပ်သော ထုတ်ကုန်အမှတ်တံဆိပ်များဖြစ်သော PINION, SKIN, ECO, AGRI စသည့်နာမည်ကြီး Local Brands များသည် ယနေ့အခါ ASEAN တစ်ဝန်းရှိ စျေးကွက်များတွင် ရေပန်းစားလာနေပါတယ်။ ထိုအမှတ် တံဆိပ် များကို GCash Mobile Payment Platform နှင့် ပူးပေါင်းပြီး Shopee ASEAN နှင့် Lazada ASEAN စျေးကွက် များတွင် Storefronts ဖြင့် တင်ပြထားခြင်းကြောင့် မြန်မြန်ဆန်ဆန် ဝယ်ယူနိုင်ခြင်း၊ ငွေပေး ချေမှုအဆင်ပြေမှု စသည်တို့ကြောင့် ရောင်းအား တဖြည်းဖြည်း တက်လာ နေကြောင်း သိရှိရပါတယ်။ ဖိလစ်ပိုင် SME များအတွက် ထိုအရာသည် ဈေးကွက်ချဲ့ထွင်ရေး၊ တင်ပို့မှု တိုးတက်ရေး နှင့် ပုံမှန်ဝင်ငွေ တိုးလာရေး အတွက် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုဖြစ်လာနေသကဲ့သို့ ASEAN တစ်ဝန်းအတွင်း ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန်အတွက် အဆိုပါ ပူးပေါင်းမှု သည် ကောင်းမွန်သော ဥပမာတစ်ခုဖြစ်သည်ဟု သုံးသပ်သူများက ဝေဖန်ထောက်ပြ နေကြ ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

AI Marketplace Support Centers များအား မြန်မာနှင့် လာအိုတွင် စတင်ဖွင့်လှစ်ဆောင်ရွက်လာတဲ့ စင်္ကာပူနိုင်ငံ

၂၀၂၅ ခုနှစ်အတွင်း၌ စင်္ကာပူအခြေစိုက် AI နည်းပညာကုမ္ပဏီကြီးများသည် မြန်မာနှင့် လာအို နိုင်ငံများတွင် Pilot Project အဖြစ် AI Marketplace Support Centers (လုပ်ငန်း အထောက် အပံ့စင်တာ) များကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ စင်တာများတွင် ဒစ်ဂျစ် တယ် AI စနစ်များ၊ စီးပွားရေးအတွက် Machine Learning Tools များ၊ Cloud Computing ဝန်ဆောင်မှု များ နှင့် E-commerce AI integration စနစ်များတို့ ပါဝင်ကာ ဒေသတွင်းလုပ်ငန်းရှင်များ အတွက် နည်းပညာ အထောက်အပံ့များလည်း ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ စင်္ကာပူမှ AI ကုမ္ပဏီ များဖြစ်သည့် AI Foundry, NeuroNet, CodeLogic တို့သည် မြန်မာနိုင်ငံ Yangon နှင့် မန္တလေးမြို့များတွင် ဖွင့်မည့်စင်တာများကို SME Digitalization Program ဖြင့်ပံ့ပိုးမည် ဖြစ်ပြီး၊ လာအိုတွင်လည်း Vientiane မြို့၌ စတင်ဖွင့်လှစ်သွားမည်ဟု သိရပါတယ်။ ဤစီမံကိန်းသည် ASEAN ပတ်ဝန်းကျင်အတွင်း AI နည်း ပညာအသုံးပြုမှု တိုးတက်လာစေရန်နှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ အခြေခံစနစ်များတည်ဆောက်ပေးရန် ရည်ရွယ်ထားကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ပလတ်စတစ်အစားထိုးထုတ်ကုန်များ တင်ပို့ရာတွင် ပူးပေါင်းမှုများ ဆောင်ရွက်နေသည့် မလေးရှား နှင့် ဗီယက်နမ်

မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့သည် သဘာဝပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်သော ပလတ် စတစ်အစားထိုးထုတ်ကုန်များကို စက်မှုလုပ်ငန်းများအတွက် Eco-friendly packaging အဖြစ် အသုံးချ နိုင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံပူးပေါင်းကာ တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရှိရပါတယ်။ ပလတ် စတစ်အစားထိုးထုတ်ကုန်များကို SGS နှင့် GMP (Good Manufacturing Practice) စံချိန်စနစ်များ အား အပြည့်အဝလိုက်နာဆောင်ရွက်ထားသဖြင့် အဆိုပါထုတ်ကုန်၏ အရည်အသွေးကို နိုင်ငံတကာ ဈေးကွက်များက လက်ခံကြကြောင်းလည်း သိရှိရပါတယ်။ ထို့အပြင် Europe နှင့် ဂျပန်ဈေးကွက်များတွင် ဤထုတ်ကုန်များကို သဘာဝနှင့်ညီညွတ်သောထုတ်ကုန်အဖြစ် အသုံးပြုမှုလည်း မြင့်တက်နေပါတယ်။ လက်ရှိတွင် ထုတ်ကုန်များသည် ဈေးကွက်တိုးချဲ့မှုအတွက် ASEAN Marketplace, Shopee, Lazada တို့ကဲ့သို့သော digital platform များနှင့် ပေါင်းသင်းကာ ထုတ်ကုန်အရောင်းမြှင့်တင် ခြင်း လုပ်ငန်းများ ဆောင်ရွက် နေကြကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

Export Promotion Zones (EPZs) များမှ Set-top Boxes၊ ပရိဘောဂ၊ အထည်အလိပ်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှားနိုင်ငံသည် ကုန်စည်တင်ပို့မြှင့်တင်ရေးအတွက် တည်ထားသော Export Promotion Zones (EPZs) များမှတစ်ဆင့် ပြည်ပနိုင်ငံရှိဈေးကွက်များထံသို့ Set-top Boxes၊ ပရိဘောဂ (Furniture)၊ အထည်အလိပ် (Textiles) တို့ကို များပြားစွာတင်ပို့နိုင်နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ ယင်းကဲ့သို့ တင်ပို့နိုင်ခြင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ အစိုးရမှ Logistics Support စနစ်များများကို လုံလောက်စွာ ထောက် ပံ့ ပေးနေသည့်အတွက် တင်ပို့လုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်လာနိုင်ခြင်း ဖြစ် ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ တင်ပို့နိုင်ခြင်းကြောင့် EPZ တွင် တည်ရှိသော ထုတ်လုပ်ရေးလုပ်ငန်းများသည် နှစ်စဉ်ဝင်ငွေသည် Export Volume ၁၅% ခန့်တိုးတက်လာနေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ၄၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်းကို Export Development Board မှထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ဇူလိုင်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို အင်ဒိုနီးရှားအစိုးရ တိုးမြှင့်

မလေးရှားနှင့်ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းကာ Smart City IoT Data Integration စီမံကိန်းများစတင်

မလေးရှားနိုင်ငံမှ နည်းပညာကုမ္ပဏီများသည် ဖိလစ်ပိုင်နိုင်ငံရှိ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပူးပေါင်းကာ “Smart City IoT (Internet of Things) Data Integration” စီမံကိန်းများကို တိုးချဲ့ ဆောင်ရွက်ကာ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ကျန်းမာရေးဝန်ဆောင်မှုများကို နည်းပညာအ သစ်များ ဖြင့် မြှင့်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် အဆိုပါစီမံကိန်းသည် ASEAN Smart Cities Network အတွက်စံပြအဖြစ်သတ်မှတ်နိုင်ပြီး တခြားနိုင်ငံများအတွက်လည်း တန်ဖိုးရှိသော မော်ဒယ်တစ်ခု ဖြစ်လာ နိုင်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ဗီယက်နမ်နိုင်ငံထုန် Organic ထုတ်ကုန်များကို EU ဈေးကွက်များထံသို့ ပြန်လည်တင်ပို့နေသည့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရှိ စိုက်ပျိုးမှုကုန်စည်တင်ပို့လုပ်ငန်းရှင်များသည် ဗီယက်နမ်မှ ထုတ်လုပ်သည့် အော်ဂဲနစ် ဆန်၊ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ငရုပ်သီးအမျိုးမျိုး တို့ကို ယခင်ကတည်းက ဝယ်ယူနေကြသော်လည်း ယခုတွင် ထိုင်းကုမ္ပဏီများသည် ဗီယက်နမ်မှ ထုတ်ကုန်များကို ဥရောပသမဂ္ဂဈေးကွက် သို့ ပြန်လည်တင်ပို့ ပြန်လည်တင်ပို့နိုင်ရန်အတွက် EU Standard နှင့် Organic Certification စံနှုန်းများနှင့် ကိုက်ညီအောင် ထုပ်ပိုးခြင်းနှင့် labeling ပြုပြင်ခြင်းများပြုလုပ်နေကြကြောင်း သိရှိရပါတယ်။ အဆိုပါလုပ်ငန်းစဉ်သည် အာဆီယံဒေသတွင်း လုပ်ငန်းပူးပေါင်းမှု၊ စီးပွားရေးတန်ဖိုးမြှင့်ခြင်းနှင့် ပြင်ပဈေးကွက်အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်နေကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများတွင် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လာတဲ့ လာအိုနိုင်ငံ

လာအိုနိုင်ငံမှ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ (Electronics Repair Centers) သည် ယခုအခါ CLMV နိုင်ငံများဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သို့ တိုးချဲ့ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများသည် အဓိကအားဖြင့် အာမခံနဲ့အပိုပစ္စည်းဈေးကွက် (Warranty & Parts Marketplace) များကို တည်ဆောက်ကာ ပြုပြင်မှုနှင့် အစားထိုး အစိတ်အပိုင်း များအတွက် မြန်ဆန်သောဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ အဆိုပါ လုပ်ငန်းများကို အဓိကအားဖြင့် လာအိုနိုင်ငံမှ နာမည်ကြီး RepairCenter Co., Ltd. မှ ဆောင်ရွက်သွားမည် ဖြစ်ပြီး သုံးစွဲသူလိုအပ်ချက်များကို မြန်ဆန်၊ တိကျစွာ ဖြေရှင်းနိုင်သော system များဖြင့် ဈေးကွက်တိုးချဲ့နိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

Electric Vehicle (EV) ကားအစိတ်အပိုင်းများထုတ်လုပ်သူအဖြစ် အာဆီယံဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ ထင်ရှားလာ

ဗီယက်နမ် နိုင်ငံသည် Electric Vehicle (EV) ကားအစိတ်အပိုင်းများထုတ်လုပ်ရာတွင် အာဆီယံ ဒေသတွင်း ထင်ရှားသောထုတ်လုပ်သူတစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ မော်တော်ကား ထုတ်လုပ်မှု အကြီးဆုံးကုမ္ပဏီဖြစ်သည့် Vingroup အပါအဝင်၊ ဗီယက်နမ်မှ EV ကားအစိတ်အပိုင်း ထုတ်လုပ်သူများသည် EV Battery၊ Motor Parts၊ Charging Systems စသည့်အဓိကပစ္စည်းများကို ထုတ်လုပ်၍ ထိုင်း၊ မလေးရှားနှင့် စင်္ကာပူ တို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ ဗီယက်နမ် နိုင်ငံသည် ထုတ်လုပ်မှုနှင့်တင်ပို့မှုကို တစ်စိတ်တစ်ပိုင်းစီလုပ်ဆောင်ခြင်းမရှိဘဲ၊ supply chain တစ်ခ ုတည်းဖြင့် စနစ်တကျစီမံခြင်း ကြောင့် ထုတ်ကုန်တင်ပို့ချိန်ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ သည့်အပြင် ထုတ်လုပ်မှုကြာမြင့်ချိန်များကိုလည်း သိသိသာသာ မြှင့်တင်လာနိုင်ခြင်းကြောင့် ASEAN နှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်များ က လက်ခံအသုံးပြုကြခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ