Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

သစ်လွင်သည့် စီးပွားရေးမဟာဗျူဟာ (၂၀၂၆–၂၀၃၀) ကို အာဆီယံမိတ်ဆက်

အာဆီယံအဖွဲ့သည် ဇွန် ၂၄ ရက်တွင် ဂျကာတာမြို့၌ ညှိနှိုင်းအစည်းဝေးတစ်ခုပြုလုပ်ကာ ၂၀၂၆ မှ ၂၀၃၀ အတွင်း အသုံးချမည့် သစ်လွင်သော စီးပွားရေး မဟာဗျူဟာအစီအမံ ကို တရားဝင် မိတ်ဆက် ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ မဟာဗျူဟာသည် အာဆီယံဒေသကို ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေး ဒေသ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်း ဖြစ်ပြီး မဟာဗျူဟာထဲတွင် ဒေသတွင်းကုန်သွယ်မှု အားမြှင့်တင်ခြင်း၊ အထွေထွေစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ နည်းပညာ၊ ဒီဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်စီးပွားရေးကဏ္ဍများကို အထူးအာရုံစိုက်ထား ခြင်းများ ပါဝင်ကြောင်း သိရှိရပါတယ်။ DOCA(ဧရာဝတီ)

အင်ဒိုနီးရှားနိုင်ငံသည် ဂေဟစနစ်များကို ကာကွယ်ရန်အတွက် ကျွန်းငယ်များပေါ်တွင် သတ္တုတူးဖော်ခြင်းကို ပိတ်ပင်ထား

၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ပီရူးနိုင်ငံ၏ သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှုမြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ် ပါတိတ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၆၃ သန်းကျော်လွန်ခဲ့

အမေရိကန်၏ ဆန်တင်သွင်းခွင့် တောင်းဆိုမှုအပေါ် ပြည်တွင်းလယ်ယာကဏ္ဍကို အနစ်နာခံ၍ လိုက်လျောမည်မဟုတ်ဟု ဂျပန်အစိုးရပြောကြား

တရုတ်နိုင်ငံ၌ ထိုင်းအမှတ်တံဆိပ်ကပ် ဆန်များရောင်းချမှုတွင် ပတ်သက်မှုမရှိဟု ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် ငြင်းဆို

တရုတ်ဈေးကွက်အတွင်း ထိုင်းဆန်အတုများရောင်းချမှုကိစ္စ ထိုင်းအာဏာပိုင်များ စစ်ဆေးနေ

စားအုန်းဆီကို အကောက်ခွန်နှုန်း နည်းပါးစွာဖြင့် ဥရောပ ၄ နိုင်ငံသို့ မလေးရှား တင်ပို့ခွင့်ရရှိ

စံသတ်မှတ်ချက်နှင့် မညီသော ဆန်များရောင်းချနေမှု အင်ဒိုနီးရှားအာဏာပိုင် စစ်ဆေးဖော်ထုတ်

အင်ဒိုနီးရှား၏ Bioenergy ထုတ်ကုန်များ မြန်မာသို့ တင်ပို့ခြင်းဖြင့် စွမ်းအင်နယ်ပယ်တွင် ပူးပေါင်းမှုအသစ်များစတင်

၂၀၂၅ ခုနှစ် အတွင်း၌ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ Bioenergy (ဇီဝစွမ်းအင်) ထုတ်ကုန် များကို တင်ပို့လာခြင်း ဖြင့် စွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအသစ်များကို စတင်သွား မည်ဖြစ် ကြောင်း သိရှိရပါတယ်။ Bioenergy (ဇီဝစွမ်းအင်) ထုတ်ကုန်များတွင် Bioethanol ချဉ်များ၊ Biogas မီတာစက်များနှင့် ရေနံအစား ထိုးစွမ်းအင်စနစ်များ ပါဝင်ပါတယ်။ အဆိုပါပူးပေါင်းမှုအရ၊ မြန်မာနိုင်ငံ အတွင်း လျှပ်စစ်မီး မရရှိသေးသော မြို့နယ်အချို့တွင် Biogas စနစ်များ နှင့် ဇီဝစွမ်းအင်သုံးမီးဖိုများ အား ပြောင်းလဲအသုံးပြုခြင်း စသည်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် စွမ်းအင်သုံးစနစ်များကို စတင် စမ်းသပ်၍ အသုံးပြု နေပြီဖြစ် ကြောင်း သိရှိရပါတယ်။ အဆိုပါ Project များအား အင်ဒိုနီးရှား-မြန်မာ စီးပွားရေးပူးပေါင်းမှုကောင်စီ နှင့် မြန်မာနိုင်ငံစွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ပူးပေါင်း၍ ဆောင်ရွက် နေပြီး၊ စတင်မည့် Pilot Project များအနက်တွင် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး များပါဝင် ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ