Main menu

နှမ်းသီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စာရင်းအရ 2020ခုနှစ်၊ မိုးနှမ်း စိုက်ဧက (2684482) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (2684482)၊ အထွက်နှုန်း (6.74)တင်း ဖြစ်သည့် အတွက် အထွက်တင်း (18102064)တင်း ဖြစ်ပါ သည်။ ဆောင်းနှမ်း စိုက်ဧက(871592) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက  (871592)၊ အထွက်နှုန်း(13.70)တင်းဖြစ်သည့်အတွက် အထွက်တင်း (11939109)တင်း ထွက်ရှိခဲ့ပါသည်။ နွေနှမ်း စိုက်ဧက(253547) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (253547)၊ အထွက်နှုန်း (14.81)တင်း ဖြစ်သည့်အတွက် အထွက်တင်း (3754397)တင်း ဖြစ်ပြီး၊ စုစုပေါင်း စိုက်ဧက(3809621) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (3809621)၊ ပျမ်းမျှအထွက်နှုန်း (8.87)တင်းဖြစ်သည့်အတွက် အထွက်တင်း (33795570)တင်း ဖြစ်ပါသည်။

ပြည်ပတင်ပို့မှုအခြေအနေ

           2020-2021 ဘဏ္ဍာနှစ် (1.10.2020 မှ 1.1.2021) ရက်နေ့ထိ နိုင်ငံပေါင်း (7)နိုင်ငံသို့ နှမ်း တန်ချိန် (95601.245) တန်၊ တန်ဖိုး (132.119) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံများသို့ အများဆုံးတင်ပို့နေရကြောင်း သိရှိရပါသည်။ ယခင်နှစ် အလားတူကာလတွင် နှမ်းတန်ချိန် (66272.760)တန်၊ တန်ဖိုးအားဖြင့် (114.103)သန်း တင်ပို့ခဲ့သဖြင့် ယခင်နှစ်ထက် တန်ချိန် (29328.485)တန်၊ တန်ဖိုး(18.016) USD သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

သုံးသပ်ချက်

           မြန်မာ့နှမ်းများကို တရုတ်နှင့် စင်္ကာပူနိုင်ငံတို့မှ အများဆုံး ဝယ်ယူကြောင်း သိရှိရပါသည်။ လက်ရှိအခြေအနေတွင် ပြည်တွင်း၌ နှမ်းထွက်ချိန်ဖြစ်သဖြင့်  နှမ်းအထွက်နှုန်း များနေသော်လည်း ပြည်ပမှ နှမ်းဝယ်ယူမှု နည်းပါးခြင်း၊ ပြည်တွင်း၌ နှမ်းလက်ကျန်များနေခြင်းတို့ကြောင့် နှမ်းစျေးနှုန်း  ကျဆင်းလျက်ရှိသော်လည်း တရုတ်နိုင်ငံမှ ဝယ်လိုအားရှိနေသဖြင့် အရောင်းအဝယ် များပြားလျက်ရှိပါသည်။ မူဆယ်တွင် နှမ်းစျေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိသော်လည်း အရောင်းအဝယ်ဖြစ်မှု တန်ချိန်မှာ ယခင်တစ်ပတ်ထက်  တန်ချိန်(3400)ကျော်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ 2019-2020 ဘဏ္ဍာနှစ်တွင် ပြည်ပသို့ နှမ်းတန်ချိန် (175840.95)တန် တင်ပို့နိုင်ခဲ့ပြီး၊ 2020-2021 ဘဏ္ဍာနှစ်တွင် ပြည်ပသို့ နှမ်းတန်ချိန် 1 သိန်း 3 သောင်းကျော် တင်ပို့ရန်လျာထားကြောင်း ပဲ၊ နှမ်းကုန်သည်အချို့ထံမှ လေ့လာသိရှိရပါသည်။