Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

           မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ် သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီးအတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေး  စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာ ရောင်းချလျက်ရှိကြောင်း  သိရသည်။

       ယခု အောက်တိုဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ကလေးခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၆၉၇၆)ကျပ်၊ Octane(95) တစ်လီတာလျှင်(၇၁၁၆)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ လျှင်(၆၇၇၀)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၇၆၈၈)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ကသာခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာ လျှင်(၅၄၇၆)ကျပ်၊ Octane(95) တစ်လီတာလျှင်(၅၆၁၆)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ လျှင်(၅၂၂၈)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၆၁၃၈)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

    ကန့်ဘလူခရိုင်တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၅၂၇၀)ကျပ်၊ Octane(95) တစ်လီတာ လျှင်(၅၄၃၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၅၀၂၅) ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၆၀၉၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    စစ်ကိုင်းခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၄၈၀၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၄၉၇၅)ကျပ်၊ ဒီဇယ် (ရိုးရိုး)တစ်လီတာ လျှင်(၅၂၀၅) ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၅၇၈၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

      မုံရွာ ခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာ လျှင်(၄၉၁၀)ကျပ်၊ Octane (95) တစ်လီတာလျှင်(၅၀၅၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင်(၄၆၈၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ လျှင်(၅၆၅၀)ကျပ်၊ ယင်းမာပင် ခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာ လျှင်(၄၈၀၀)ကျပ်၊ Octane (95) တစ်လီတာလျှင်(၄၉၇၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင်(၅၂၀၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ လျှင်(၅၇၈၅)ကျပ်၊ ရွှေဘိုခရိုင်တွင်  စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၄၉၁၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၅၀၅၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီ တာလျှင် (၄၆၈၅)  ကျပ်နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၅၆၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နေရာဒေသအလိုက် နေ့စဉ် ဈေးနှုန်းများ အပြောင်းအလဲရှိသော်လည်း ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)