Main menu

ပဲစဉ်းငုံသီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          ၂၀၂၀ ခုနှစ်၊ ပဲစဉ်းငုံ စိုက်ဧက အနေဖြင့်  (၁၀၉၁၇၀၅) စိုက်ပျိုးထားခဲ့ပြီး၊ ရိတ်သိမ်းဧက ပြီးစီးမှုအနေဖြင့် (၁၀၉၁၆၅၃) ထိ ရိတ်သိမ်းထားရှိခဲ့ပါကြောင်း၊ စုစုပေါင်းအထွက်နှုန်း (၁၄.၂၆) ဖြင့် ပဲစဉ်းငုံအထွက်တင်းပေါင်း (၁၅၅၆၉၂၄၅) တင်း ထွက်ရှိ ထားခဲ့ပြီး၊၂၀၂၁ခုနှစ် ရည်မှန်းစိုက်ဧကအနေဖြင့် (၁၁၇၂၃၀၅) ဧက၊ အထွက်နှုန်း (၁၅.၆၂)၊ အထွက်တင်းပေါင်း (၁၈၃၁၄၃၄၇) တင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရှိရပါသည်။ အမေရိကန်နိုင်ငံရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ပဲစဉ်းငုံ ကမ္ဘာ့စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေမှာ ၄.၄၉ သန်း နီးပါး စိုက်ပျိုးထားရှိပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          ပဲစဉ်းငုံ အဓိက စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချနေသည့် ကုန်စည်ဒိုင်ကြီးများ၏ (၁၄.၁.၂၀၂၁) ရက်နေ့တွင် ဖြစ်ပေါ်နေသော ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများမှာ-

  •              (၇၆၀,၀၀ဝိ /-) ကျပ်၊
  •              (၇၂၄,၅၀ဝိ /-) ကျပ်၊
  •              (၇၁၉,၆၀ဝိ /-) ကျပ်၊
  •              (၇၃၁,၈၀ဝိ /-) ကျပ်၊
  •              (၇၃၄,၉၀ဝိ /-) ကျပ်၊
  •              (၇၁၉,၆၀ဝိ /-) ကျပ်၊
  •              (၇၂၈,၇၀ဝိ/-) ကျပ်၊
  •              (၆၇၃,၆၀ဝိ/-) ကျပ်၊

          အိန္ဒိယနိုင်ငံ မွန်ဘိုင်းဈေးနှုန်းအနေဖြင့် (၇၇၇) ဒေါ်လာဈေး ဖြင့် ဈေးနှုန်း ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ပြည်ပတင်ပို့မှုအခြေအနေ

          ပဲစဉ်းငုံကို ယခု ဘဏ္ဍာနှစ် ၁.၁၀.၁၉ မှ ၁.၁.၂၀၂၁ ထိ ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ ပဲစဉ်းငုံ တန်ချိန်စုစုပေါင်း ​(၉၂၁၈၆)၊ တန်ဖိုး (၆၃.၂၀၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင် နှစ် ကာလတူထက် (၆၅၆၉၀)တန် တင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် (၄၈.၁၆၇)ဒေါ်လာသန်း ပိုမို ရရှိခဲ့ပါသည်။ (၈.၁.၂၀၂၁) ရက်နေ့၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ တင်ပြချက်စာရင်းများအရ ခန့်မှန်း လက်ကျန်မှာ (၂၅၅၉၃)တန် ဖြစ်ပါသည်။

သုံးသပ်ချက်

          မြန်မာနိုင်ငံမှ ပဲစဉ်းငုံကို တင်ပို့ရာတွင် ကုန်သွယ်ရေးနည်းလမ်းများဖြစ်သည့် ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့်  ပြည်ပဈေးကွက်များသို့ အဓိက တင်ပို့လျက်ရှိနေပါသည်။ ပဲစဉ်းငုံကို အဓိကအားဖြင့် အိန္ဒိယနိုင်ငံကို အများဆုံးတင်ပို့နေပြီး၊ ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး  ယခင်နှစ်ကထက် ဈေးနှုန်းလည်း ပိုမိုမြင့်တက်ခဲ့ပါသည်။

          ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် အိန္ဒိယ ပဲစဉ်းငုံဈေးကွက်တွင် ပဲစဉ်းငုံ အသစ်များ ပိုမို ဝင်ရောက်လာသည့်အတွက်ကြောင့် အိန္ဒိယ အစိုးရက ပဲစဉ်းငုံ အဟောင်းလက်ကျန်များကို အရင်ထုတ် ရောင်းနေရကြောင်း သိရှိရပါသည်။အိန္ဒိယနိုင်ငံ ပဲစဉ်းငုံ အများဆုံး စိုက်ပျိုးသည့် ဒေသများတွင် တိမ်ထူပြီး မိုးရွာသည့်အတွက်ကြောင့် ပဲစဉ်းငုံအသစ်များတွင် အစိုဓာတ်ပိုမိုပါဝင်လာခဲ့ကာ အထွက်နှုန်းသည်လည်း ယခင်နှစ်ကထက်  ပိုမိုလျော့နည်းလာမည်ဟု ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

       လက်ရှိအချိန်တွင် မြန်မာ့ပဲစဉ်းငုံ ဈေးကွက်အခြေအနေသည် အိန္ဒိယနိုင်ငံကို အဓိကထား တင်ပို့ ရောင်းချနေရသည့်အတွက်ကြောင့် နောက်ပိုင်းတွင် အခြားနိုင်ငံများကို ပိုမိုဈေးကွက်ရှာဖွေ တင်ပို့ရောင်း ချနိုင်အောင် ဆောင်ရွက်သင့်ပါကြောင်းနှင့် ထိုသို့ ပြည်ပဈေးကွက်များ ပိုမိုရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များကပါ ပူးပေါင်းပါဝင်ဆောင်ရွက်လျှင် ပိုမိုထိရောက် အောင်မြင်လာနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။