Main menu

ချောက်မြို့၊ မြို့မစျေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ချောက်မြို့နယ် မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် (၆.၄.၂၀၂၃)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ချောက်မြို့၊ မြို့မစျေးရှိ မုန့်မျိုးစုံ ဆိုင်များတွင် ရောင်းချလျက်ရှိသောကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ပြည့်စုံစွာဖော်ပြလာစေရေး မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည် ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းမရှိသော ကုန်စည်များ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)