Languages

Main menu

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ တရားမဝင်တင်သွင်းလာသော အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များ သိမ်းဆည်းဖျက်ဆီး

Powered by Drupal

မော်လမြိုင်မြို့နယ် တရားမဝင် တိရိစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် တင်သွင်း/ တင်ပို့ခြင်း တားဆီးကာကွယ်ရေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ်ရေးအဖွဲ့တို့မှ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရတနာထွန်းငါးဈေးရုံ၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော တန်ဖိုးကျပ် (၂၇) သိန်း ဝန်းကျင်ခန့်ရှိသည့် အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များကို ဖမ်းဆီးသိမ်းဆည်းခဲ့ပါသည်။ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိသော တရားမဝင် အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များအား မော်လမြိုင်မြို့၊ မုရောင်းရပ်ရှိ စည်ပင်သာယာအမှိုက်စွန့်ပစ်ရာနေရာ၌ မြေမြှုပ်မီးရှို့ဖျက်ဆီးခဲ့ပြီး တရားမဝင်အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များ တင်သွင်းရောင်းချသူများအား သက်ဆိုင်ရာဥပဒေများနှင့် အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန