Main menu

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း(မွန်ပြည်နယ်အသင်းခွဲ)၊ (၁/၂၀၂၃) ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းဝေး သို့ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့ခြင်း

Powered by Drupal

        မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (မွန်ပြည်နယ်အသင်းခွဲ)၊ (၁/၂၀၂၃) ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၄)ရက်နေ့၊ နေလည်(၁:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ အပါအဝင် ဖိတ်ကြားထားသော ဆန်စက် လုပ်ငန်းရှင်များ စုစုပေါင်း(၃၃)ဦး တက်ရောက်ခဲ့ပါသည်။

         အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ တွင်ဆန်စက်လုပ်ငန်းရှင်အသင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်သူများ ပေါ် သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းပေါ် စားသုံးသူပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက MSME ချေးငွေအစီအစဉ် များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ချေးငွေရယူမည့် လုပ်ငန်း ရှင်အမည်စာရင်းများအား အတည်ပြုရယူခဲ့ပါကြောင်း၊  ဆက်လက်၍ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့တွင် မွန်ပြည်နယ် ဆန်စက် လုပ်ငန်းရှင်များအသင်း နှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းပြီး အထိမ်းမှတ်ပြခန်းဖွင့်ပွဲပြင်ဆင်ရန် ကိစ္စများအား တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မွန်ပြည်နယ် ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဌမှ နိဂုံးချုပ် အမှာ စကားပြောကြား၍ အစည်းအဝေးအား နေလည် (၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)