Main menu

သထုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၄.၃.၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင် (၅) ဆိုင်အား စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသော ဆေးဝါးများအား ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)