Main menu

သထုံမြို့ ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

Powered by Drupal

        မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းသိကောင်းစရာ TalkShow  အား (၁၇.၃.၂၀၂၃)ရက်နေ့ နေ့လည် (၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

         အဆိုပါ Talk Show  တွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခန်းအနားများ ကျင်းပနေမှုအခြေအနေ၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ဆောင်ပုဒ် နှင့် ဆောင်ပုဒ်၏ အဓိပ္ပါယ်အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုအခြေအနေနှင့်အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားမှု အခြေ အနေများအားရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)