Main menu

မုဒုံမြို့နယ်တာဝန်ခံက မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် (၁၆.၃.၂၀၂၃)ရက်နေ့တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ စမ်းသီတာလမ်းရှိ ရွှေလင်းယုန်မုန့်တိုက်သို့ သွားရောက်၍ မုန့်လုပ်ငန်းရှင် ဒေါ်ချိုချိုဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မုဒုံမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိတို့ကုန်စည်များအား ကျန်းမာရေးနှင့်ညီညွတ်အောင် သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)