Main menu

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

Powered by Drupal

     ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၁၇.၃.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ပြည်နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အခွန်ကိစ္စနှင့်စပ်လျဉ်းသည့် ကိစ္စများလည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ အေးသီရိဝေ က အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာ ပုံစံများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် AYA Bankနှင့် CB Bank တို့မှ တာဝန်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့၍ ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)