Main menu

ကရင်ပြည်နယ်၊ပြည်နယ်ဦးစီးမှူးရုံး၌ အငယ်တန်းစာရေးစာမေးပွဲ ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းများဖြေဆိုခြင်းကျင်းပပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ၂၀-၃-၂၀၂၃ ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် အငယ်တန်းစာရေးရာထူးနေရာအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

      အဆိုပါအငယ်တန်းစာရေး ရာထူးလျှောက်ထားခြင်းအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင်လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး လစာ နှုန်းကျပ် ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာ (၉၅) နေရာ အတွက် ဝင်ရောက်လျှောက်ထား နိုင်ရန်  ကြော်ငြာစာအမှတ် ၁/၂၀၂၃ ဖြင့် နိုင်ငံပိုင်သတင်းစာများမှ  ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းစာမေးပွဲကို ရုံးချုပ် (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ၂၀-၃-၂၀၂၃ ရက်နေ့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  စားသုံးသူရေးရာဦးစီးဌာနသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသောဌာနတစ်ခု ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ကရင်)