Main menu

စားသုံးသူများ သိရှိစေရေး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုပေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် (၁၅.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အကြောင်းအရာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည့် မြို့ကြီးများနှင့် ဆောင်ပုဒ်များအကြောင်းနှင့် ယနေ့ကျရောက်သော ၂၀၂၃ခုနှစ်၏ ဆောင်ပုဒ် "စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့"အကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုအား Power Point ဖြင့် စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားမှုနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်းတို့ကို အသေးစိတ်ရှင်းလင်းကာ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလို လာရောက် အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုရရှိရန် လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ (၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်းမွန်သောကြောင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးလျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိများမှလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားများလည်း ရယူထားစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့်နစ်နာမှုများ ရှိပါက မှန်ကန်သောအထောက်အထားများနှင့်အတူ ဌာနသို့ လာရောက်တိုင်ကြားခွင့်ရှိပြီး ကုစားခွင့်ရရှိစေလိုကြောင်း၊ "အသိတစ်လုံး အမြတ်ဆုံး"ဖြစ်၍ ယခုသိရှိပြီးသော အကြောင်းအရာများအား မိမိကိုယ်တိုင်လိုက်နာ၍ အသိပညာများအား ထပ်ဆင့်မျှဝေစေလိုကြောင်း၊ စားသုံးသူအခွင့်အရေးများအား သိရှိပြီး ရယူနိုင်မှသာလျှင်  အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝ၌ နေထိုင်နိုင်ရန်အတွက် စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ NGO၊ INGO  အသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စားသုံးသူများတွင် တာဝန်များပါရှိ၍ တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်ဝန်ထမ်းများမှ မေးမြန်းလာမှုများအား ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် နားလည်နိုင်သည့်စွမ်းရည်မည်မျှရှိကြောင်း မေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များပေးခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)စာအုပ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

နွယ်နွယ်အေး(ပခုက္ကူ)