Main menu

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ခရိုင်စားသုံးသူရေးရာမှ (၈.၃.၂၀၂၃) ရက်၊ နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသောဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား စည်ပင်၊ ထွေ /အုပ်နှင့် ကျန်းမာရေးဦးစီးဌာန တို့မှ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပြီး အဆိုပါဆေးဆိုင်များတွင် FDA ထောက်ခံချက် မပါရှိသည့် Parbisure ဆေးဝါးများရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် သီပေါ၊ နောင်ချိုမြို့များတွင်လည်း ဆေးဝါးအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        ထို့အပြင် ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များတွင် ထောက်ခံချက်မပါသည့် Parbisure ဆေးဝါးများ ရောင်းချနေမှုမရှိကြောင်း ခရိုင်စားသုံးသူရေးရာမှ စစ်ဆေးခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)