Main menu

ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ဘီးလင်းမြို့နယ် တာဝန်ခံ တို့သည် ၁၄.၃.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့ အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

         ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင် (၉) ဆိုင်အား စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသော ဆေးဝါးများအား ရောင်းချခြင်း မပြုရန်နှင့် ထောက်ခံချက်မပါရှိသော ဆေးဝါးများ ရောင်းချနေခြင်းအား တွေ့ရှိရပါက သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မွန်)