Main menu

ဓနုဖြူမြို့နယ် ရွှေလင်းယုန်ဆီစက်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းခြင်း

Powered by Drupal

    (၁၄.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ဓနုသင်္ခလမ်းရှိ ရွှေလင်းယုန်ဆီစက်လုပ်ငန်းသို့ စက်မှုကြီးကြပ်ဌာနနှင့်အတူ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆီစက်လုပ်ငန်းရှင် ဦးလှိုင်မျိုးဦးနှင့် တွေ့ဆုံ၍ ဆီကြိတ်ခွဲမှု လုပ်ငန်းအား ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီးနောက် တစ်ရက်လျှင် ဆီကြိတ်ခွဲမှုနှင့် ဆီထွက်ရှိမှုအခြေအနေ၊ မြေပဲကုန်ကြမ်း ဝယ်ယူမှုနှင့် မြေပဲဈေးနှုန်းအခြေအနေ၊ ထွက်ရှိလာသောဆီများကို ရောင်းဝယ်တင်ပို့မှု ဈေးကွက်၊ ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ပါသည်။ဆက်လက်၍ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအရ အမျိုးအစားအလိုက် သတ်မှတ်ချက်များဖော်ပြပါဝင်ရမည့် အချက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)