Main menu

ရေနံချောင်းမြို့ ၊ စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးများ၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၊ မြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၆.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စည်ပင်သာယာစျေးနှင့် မြို့ပေါ်ရပ်ကွက်စျေးများ၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။     

ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်း ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုင်ခန်းစျေးသည်များအနေဖြင့်  မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိနာလည်းလိုက်နာကြစေရန်တို့အား အသိပညာပေးဆွေးနွေးကာ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

ဟာခေါဂေ(မကွေး)